အသက် ၃၀ ဆိုတာ လူတစ်ယောက်အနေနဲ့ ဘဝကို ပြည့်ပြည့်ဝဝ အခြေချနေတဲ့အရွယ်ပါပဲ။ ဒီလို သက်လတ်တန်းအရွယ်ဆိုတာ အလုပ်နဲ့ အကိုင်နဲ့ တင့်တောင့်တင့်တယ်ဖြစ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒီလို အရွယ်မှာ ဝတ်မယ့်အဝတ်အစားတွေဟာ အသက် ၂၀ ကျော် တက္ကသိုလ်ကျောင်းသားဖက်ရှင်မျိုးတော့ ဖြစ်လို့ မရတော့ပါဘူး။
လူလတ်ပိုင်းအရွယ်နဲ့ လိုက်ဖက်ပြီး Personal အရရော Professional အရပါ သားနားသွားစေမယ့် စတိုင်မျိုးနဲ့ နေထိုင်ရတော့မှာပါ။ ဒီအတွက် အသက် ၃၀ တန်း အမျိုးသားတွေမှာ ပိုင်ဆိုင်ထားသင့်တဲ့ အဝတ်အစားလေးတွေ ညွှန်းလိုက်ပါတယ်။
(၁) Jackets & Coats

Photo: themanual
Top Layer အဖြစ် ဝတ်မယ်ဆိုရင် လူလတ်ပိုင်းဖက်ရှင်အတွက် အကောင်းဆုံးက Blazer ၊ Sports Jackets ၊ ဆွယ်တာ ၊ Field Jackets ၊ Overcoats ၊ Leather Jackets နဲ့ Suit တို့ပါပဲ။ အပေါ်ဝတ်ဖက်ရှင်ဟာ အဝတ်အစားမှာ အမြင်သာဆုံးနဲ့ အထင်ရှားဆုံးအပိုင်းတစ်ခုဖြစ်လို့ အရောင်အနေနဲ့ရော အရွယ်အစားအနေနဲ့ပါ သပ်ရပ်သားနားဖို့ လိုပါတယ်။ တစ်ခုရှိတာက သိပ်ပြီး Formal ကျစရာမလိုပါဘူး။ ကြည့်လိုက်ရင် လေးစားလောက်တဲ့ ဝတ်စားဆင်ယင်မှုမျိုး ဖြစ်ဖို့ပါပဲ။
(၂) Trousers & Pants

Photo: mensjournal
ဘောင်းဘီဝတ်မယ်ဆိုရင် အမြဲတမ်းမှတ်ထားသင့်တာက Straight Fit နဲ့ Slim Fit အမျိုးအစား ရွေးဖို့ ဖြစ်ပါတယ်။ Pant အမျိုးအစားတွေ အများကြီး ရှိတဲ့အထဲမှာ လူလတ်ပိုင်း ဖက်ရှင်နဲ့ သင့်တော်တာက ကတ္တီပါ Corduroys ၊ Chinos ၊ သိုးမွေးသား နဲ့ Jeans တို့ပဲ ဖြစ်ပါတယ်။ အလုပ်နဲ့ နေရာပေါ်လိုက်ပြီး ပုံမှန်ဝတ်ဆို Jeans က အဆင်ပြေပြီး နည်းနည်း စမတ်ကျတဲ့ဘက်ကို သွားချင်ရင် Chino နဲ့ Wool Slacks Pant တွေက ဝတ်ဖို့အကောင်းဆုံးပါပဲ။
(၃) Shirts

Photo: royal caribbean
ရှပ်အင်္ကျီဟာ အသက် ၃၀ တန်း ယောင်္ကျားတွေ မရှိမဖြစ် ဝတ်သင့်တဲ့ အဝတ်အစားထဲမှာ ပါပါတယ်။ Shirts ကို လက်ရှည်စင်း ဝတ်တာက သက်လတ်ပိုင်းအရွယ်နဲ့လိုက်ပါတယ်။ အစင်း Patterns ကို ကာလာဖျော့ Light Patterns သုံးသင့်ပြီး ကာလာနု ဗြောင် Dress Shirts တွေလည်း ဝတ်နိုင်ပါတယ်။ Work Shirt ဆိုပြီး လုပ်ငန်းခွင် ဝတ်တဲ့ ရှပ်အင်္ကျီအသန့်လေးတွေ ဒါမှမဟုတ် Polo Shirt ၊ Henley Shirts နဲ့ T-Shirts သန့်သန့်မျိုးတွေလည်း ဝတ်နိုင်ပါတယ်။
(၄) Shoes

Photo: travelandleisure
Footwear ဖက်ရှင်ကလည်း လူတစ်ယောက်ရဲ့ အရွယ်နဲ့ အဆင့်အတန်းကို ပြောနိုင်ပါတယ်။ အလုပ်နဲ့အကိုင်နဲ့ အထိုင်ကျနေတဲ့ လူလတ်ပိုင်းတန်းအရွယ်တွေနဲ့ သင့်တော်တဲ့ Shoes တွေကတော့ လယ်သာဗြောင်ကာလာနဲ့ Work Shoes ၊ အောက်ခံ ရာဘာဆိုးအမြင့်နဲ့ အကြမ်းခံတဲ့ Desert Boots ၊ Formal စီးဖို့အတွက် Dress Boots နဲ့ Brogues ၊ သက်တောင့်သက်သာရှိပြီး အသာလေး ခြေလျှိုစီးနိုင်မယ့် Loafers နဲ့ High-Formality ဖက်ရှင်အတွက် Oxfords မျိုးတွေက အကောင်းဆုံးပါပဲ။
တခြား ဖက်ရှင် Items တွေထဲမှာ အကောင်းစား ခါးပတ်တစ်ရံ (အညို/အနက်) ၊ နာရီ နဲ့Sunglasses ကောင်းတို့လည်း သက်လတ်ပိုင်းအမျိုးသားတို့ ပိုင်ဆိုင်ထားသင့်တဲ့ Items ထဲမှာ ပါပါတယ်။
Featured Photo: fashionisers
