တစ်ပတ်ရစ် Second Hand ပစ္စည်းတွေဟာ မက်လောက်အောင် ဈေးချိုတယ်ဆိုတဲ့ အချက်နဲ့တင် ဝယ်ချင်စရာပါပဲ။ Second Hand ဝယ်တာဟာ ကုန်ကျစရိတ်သက်သာတဲ့အပြင် တစ်ခါတစ်လေမှာ ပစ္စည်းကောင်းလေးတွေပါ ရတတ်လို့ Second Hand တွေဟာ ဒီနေ့မှာ တကယ့်ဈေးကွက်ကြီး ဖြစ်နေပါတယ်။ဒါပေမယ့်လည်း Second hand ဝယ်မယ်ဆို ဒီပစ္စည်းတွေကိူ ရှောင်သင့်ပါတယ်။

(၁) ကားထိုင်ခုံ

Photo: Forbes

သုံးပြီးသား ကားထိုင်ခံဟောင်းကို ဝယ်တာဟာ စိတ်မချရပါဘူး။ ဒီကားထိုင်ခုံဟာ ယာဉ်တိုက်မှု ဖြစ်ထားသလား ၊ အာမခံဒိတ်လွန်သွားပလား ၊ ပြန်သိမ်းတဲ့အထဲ ပါသလား စသည်ဖြင့် ကားထိုင်ခုံရဲ့ သမိုင်းကြောင်းကို ရာနှုန်းပြည့်မသိနိုင်လို့ပါ။ တကယ်လို့ ဝယ်မယ်ဆိုရင်တောင် ဓါတ်သိထဲကပဲ ပြန်ဝယ်သင့်ပါတယ်။

(၂) လက်ပ်တော့

Photo: BI

သတိကြီးကြီး ထားဝယ်ရမယ့် Secondhand ပစ္စည်းတွေထဲမှာ Laptop လည်း ပါပါတယ်။ တစ်ပတ်ရစ်ဖြစ်တဲ့အတိုင်း သူ့မှာ Warranty နဲ့ တစ်ခြား နည်းပညာပိုင်း support မပါတာတွေ ကြုံရတတ်ပါတယ်။ ဒီအစား ကုမ္ပဏီရဲ့ အာမခံနဲ့ ပြန်ထုတ်ထားတဲ့ Refur အလုံးတွေကိုပဲ ဝယ်သင့်ပါတယ်။
စမတ်ဖုန်းတွေလည်း ဒီအတိုင်းပါပဲ။ Secondhand စမတ်ဖုန်းတွေကတော့ ပိုလို့တောင် မဝယ်သင့်တဲ့ ပစ္စည်းစာရင်းမှာ ထည့်သင့်ပါတယ်။ ဈေးချိုတာတစ်ခုပဲ ကြည့်ဝယ်မိရင် စိတ်ညစ်ရပါလိမ့်မယ်။

(၃) Shoes

Photo: justrunlah

စီးပြီးသား ဖိနပ်ဆိုတာ အရင်ပိုင်ရှင်ရဲ့ ခြေထောက်နဲ့ တိုင်းဝယ်ထားတာပါ။ ကိုယ်နဲ့ ခြေထောက်ချင်းမတူတော့ အစပိုင်းတော့ စီးဖြစ်ပေမယ့် နောက်ပိုင်းမှာ ခြေထောက်နာပြီး ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် Running Shoe ဟောင်းတွေ ဝယ်တာ ပိုက်ဆံအလကားကုန်ရုံပဲ ရှိမှာဖြစ်လို့ အသစ်ဝယ်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။

(၄) မွေ့ယာ

Photo: Freepik

တစ်ပတ်ရစ်မွေ့ယာကတော့ ကျန်းမာရေးအတွက် ပြဿနာ ရှိလို့ မဝယ်သင့်တဲ့ ပစ္စည်းစာရင်းမှာ ထည့်ထားတာပါ။ သုံးပြီးသားမွေ့ယာမှာ ရောဂါပိုးမွှားနဲ့ လူကို ဒုက္ခပေးမယ့် ကြမ်းပိုးလိုမျိုး အကောင်ဗလောင်က အစ ပါလာနိုင်ပါတယ်။ နောက်တစ်ခုက မွေ့ရာတစ်ခုဟာ ပျမ်းမှ ၈ နှစ်ကနေ ၁၀ နှစ်အထိပဲ သုံးသင့်တာဖြစ်ပါတယ်။ Secondhand မွေ့ယာဆိုတာက သုံးထားတာ ဘယ်လောက်ကြာပြီလဲ သိနိုင်မှာ မဟုတ်ဘူးလေ။

(၅) ရေကူးဝတ်စုံနှင့် အောက်ခံဘောင်းဘီ

Photo: moneytalksnews

Secondhand ဂျင်း‌ဘောင်းဘီနဲ့ဂျာကင်မျိုး ဝယ်တာ သိပ်မပြောလိုပေမယ့် Swimsuit နဲ့ Underwear သုံးပြီးသားကတော့ ဘယ်တော့မှ မဝယ်ဘဲ ရှောင်ကြဉ်သင့်တဲ့ ပစ္စည်းတွေပါ။ တည့်တည့်ပြောရရင် အောက်ခံဘောင်းဘီနဲ့ ရေကူးဝတ်စုံဆိုတာ တကယ့် Personal Area တွေကို အကာကွယ်ပေးတဲ့ ဝတ်စုံဖြစ်လို့ လုံးဝလက်ရှောင်သင့်တယ်လို့ ဆိုချင်ပါတယ်။