အက်စ်တွန်ဗီလာကွင်းလယ်ကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ဟာ အက်စ်တွန်ဗီလာအသင်းအနေနဲ့ ယခုရာသီကုန်မှာ ပရီးမီးယားလိဂ်မှာ ဆက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စွန့်ခွာဖို့ ဆုံးဖြတ်ထားပြီး ယခုလာမယ့်နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ချင်နေကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
ဂရီးလစ်ရှ်ဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ မန်ချက်စတာယူနိုက်တက်ရဲ့ထိပ်တန်းပစ်မှတ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ယူနိုက်တက်ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်နဲ့ နည်းပြဆိုးလ်ရှားတို့ ၂ ဦးစလုံးဟာ ဂရီးလစ်ရှ် အိုးထရက်ဖို့ဒ်ကို လာရောက်မှာကို ကြိုဆိုနေတာဖြစ်ပါတယ်။
Photo: footballtransfertavern
အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂရီးလစ်ရှ်ဟာ ၂၀၁၂ ခုနှစ်မှာ အက်စ်တွန်ဗီလာပထမအသင်းအတွက် ကစားပေးခွင့်ရခဲ့တဲ့အချိန်ကတည်းက ၁၆၇ ပွဲပါဝင်ကစားပေးထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ယခုရာသီမှာ အက်စ်တွန်ဗီလာအသင်းက ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပေမယ့်လည်း ဂရီးလစ်ရှ်ဟာ ၎င်းရဲ့အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေနဲ့အတူ မန်ချက်စတာယူနိုက်တက်အသင်းဆီက စိတ်ဝင်စားမှုကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
Starsport ရဲ့ ဖော်ပြချက်အရ ဂရီးလစ်ရှ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး အက်စ်တွန်ဗီလာအသင်းရဲ့ ပရီးမီးယားလိဂ်ကံကြမ္မာကို ထည့်မတွက်ဘဲ ယခုလာမယ့်နွေရာသီမှာ အသင်းကို စွန့်ခွာသွားလိမ့်မယ်လို့ သိရပါတယ်။
Source : The Boot Room
မန်ချက်စတာယူနိုက်တက်ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ လက်ရှိအချိန်မှာ ဂရီးလစ်ရှ်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ စာချုပ်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။