အက်စ်တွန်ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေသူဖြစ်ပြီး အနောက်မြောက်ပိုင်းမှာ အိမ်သစ်တစ်လုံး ရှာတွေ့ထားတယ်လို့ သူငယ်ချင်းဖြစ်သူကို ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ဂျက်ဂရီးလစ်ရှ်ဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာထွက်ပေါ်နေခဲ့သူဖြစ်ပြီး ယခုလာမယ့်နွေရာသီမှာ ၎င်းရဲ့မိခင်ကလပ်အသင်းကနေ အပြောင်းအရွှေ့ပြုလုပ်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားသူဖြစ်ပါတယ်။

Photo: Standard

တန်းဆင်းရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အက်စ်တွန်ဗီလာအသင်းအတွက် ဂျက်ဂရီးလစ်ရှ်က ကွင်းလယ်ကစားသမားအဖြစ် ယခုရာသီမှာ ၉ ဂိုးအထိ သွင်းယူပေးထားခဲ့ပေမယ့်လည်း ၎င်းရဲ့ ကြိုးစားအားထုတ်မှုက အက်စ်တွန်ဗီလာကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် မလုံလောက်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အက်စ်တွန်ဗီလာအသင်းဟာ ၎င်းတို့ရဲ့တန်းဆင်းဇုန်ပြိုင်ဘက်တွေထက် ပွဲပိုမိုကစားထားခဲ့ပေမယ့်လည်း အိမ်ကွင်းမှာ ပြိုင်ဘက် ဝုဗ်အသင်းကို ၁-၀ နဲ့ နောက်ထပ်ရှုံးနိမ့်ခဲ့မှုကြောင့် တန်းဆင်းဇုန်အတွင်းမှာ ဆက်လက်ရပ်တည်နေခဲ့ရတာဖြစ်ပါတယ်။

ဒင်းစမစ်ရဲ့ အက်စ်တွန်ဗီလာအသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေသည်ဖြစ်၊ မရှိသည်ဖြစ်စေ ဂျက်ဂရီးလစ်ရှ်ဟာ အပြောင်းအရွှေ့ပြုလုပ်တော့မယ်လို့ မျှော်မှန်းခြင်းခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အိုးထရက်ဖို့ဒ်ကို အပြီးသတ်ပြောင်းရွှေ့ရင် နေဖို့နေရာကို ရှာတွေ့ခဲ့ပြီလို့ Express ရဲ့သတင်းအရ သိရပါတယ်။

Source ; Metro

ဂရီးလစ်ရှ်ဟာ ယခုနှစ်အစောပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးစခန်းနဲ့ အနီးတဝိုက်က အိမ်ခြံမြေကို စတင်ရှာဖွေခဲ့တာဖြစ်ပြီး တစ်နေရာမှာ ၎င်းရဲ့စိတ်ကြိုက် အိမ်တွေ့ခဲ့ပြီလို့ သူငယ်ချင်းဖြစ်သူကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အက်စ်တွန်ဗီလာအသင်းဟာ ဂရီးလစ်ရှ်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၈၀ အထိ သတ်မှတ်ထားပြီး ၎င်းတို့ရဲ့ တန်ကြေးသတ်မှတ်မှုကို လျှော့ချပေးဖို့ ငြင်းပယ်နေတာဖြစ်ပါတယ်။