ဒီဇင်ဘာကို ရောက်လာပြီဆိုတော့ အနွေးထည် ဖက်ရှင်တွေနဲ့ ရှိုးထုတ်ရမယ့် အချိန်ပါပဲ။ ဆောင်းရာသီမှာ ဆိုရင် အမျိုးသားတွေအတွက် မပါမဖြစ်တဲ့ ဖက်ရှင်တစ်ခုကတော့ Jacket တွေပါ။ ရာသီဥတု ခပ်အေးအေး အချိန်တွေမှာ အနွေးဓာတ်လည်းရ ဖက်ရှင်လည်း ကျစေဖို့ အခုပြောမယ့် Jackets ဖက်ရှင်တွေကို ကွီးတို့ ရွေးချယ်ဝတ် နိုင်ပါတယ်။
(၁) Shearling Jacket
Photo : The Trend Spotter
ဆောင်းရာသီမှာ နွေးနွေးထွေးထွေးနဲ့ စတိုင်မိုက်ချင်ရင်တော့ Shearling Jackets တွေ ရွေးပါ။ သိုးမွှေးသားနဲ့ ချုပ်လုပ်ထားတဲ့အတွက် ဝတ်ရတာ ထူထူထည်ထည်ရှိပြီး အအေးကဲတဲ့ အချိန်တွေ ၊ အေးလွန်းတဲ့ နေရာဒေသတွေမှာ ဝတ်ဖို့ အသင့်လျော်ဆုံးပါပဲ။
(၂) Blouson Jacket
Photo : The Trend Spotter
Blouson Jackets တွေကို Harrington Jacket လို့လည်း လူသိများပါတယ်။ လူငယ် ၊ လူလတ်ပိုင်း အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပြီး ဟိုနားဒီနား ပေါ့ပေါ့ပါးပါး ထသွားထလာ ဝတ်လို့ ကောင်းတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။
(၃) Track Jacket
Photo : The Trend Spotter
Track Jackets တွေကတော့ ပေါ့ပါးတယ် ၊ သက်တောင့်သက်သာ ရှိတယ် ၊ လူငယ်ဆန်တယ်။ ရွေးချယ်ဝတ်စရာ ကာလာဒီဇိုင်း စုံလင်ပြီး လွတ်လွတ်လပ်လပ် ဝတ်ရတဲ့ ဖက်ရှင်တွေကို ကြိုက်သူတွေ ပိုပြီး နှစ်သက်ပါလိမ့်မယ်။ Track Pants တွေနဲ့ ဝတ်နိုင်သလို Jeans နဲ့လည်း ခပ်မိုက်မိုက် ရှိုးထုတ်လို့ ရပါတယ်။
(၄) Bomber Jacket
Photo : The Trend Spotter
Bomber တွေကကတော့ ဖက်ရှင်လည်းကျ အအေးဓာတ်လည်း ခံနိုင်တဲ့ Jackets အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းတဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီး ဆောင်းရာသီတင် မဟုတ်ဘဲ ရာသီမရွေးဝတ်လို့ အဆင်ပြေပါတယ်။
(၅) Biker Jacket
Photo : The Trend Spotter
အမြဲတမ်း အထာကျပြီး စတိုင်မိမိုက် နေစေမယ့် Jacket ဖက်ရှင်တစ်မျိုးပါ။ ခပ်ဟော့ဟော ဝတ်ရတာကြိုက်တယ် ၊ အရိုင်းဆန်တဲ့ ဖက်ရှင်မျိုး ကြိုက်တယ်ဆိုရင် ဒီ Jacketsတွေကို ရွေးနိုင်ပါတယ်။ Jeans ၊ T-shirt တစ်ထည်တို့နဲ့ တွဲဝတ်လိုက်ရုံနဲ့ ပြီးပြည့်စုံတဲ့ Look ကို ရရှိမှာဖြစ်ပြီး ခပ်မိုက်မိုက် ခပ်ဟော့ဟော့ အထာမျိုး ပေါက်စေမှာပါ။
Source : The Trend Spotter
Featured Photo : Ape to Gentleman