ဒီဇင်ဘာကို ရောက်လာပြီဆိုတော့ အနွေးထည် ဖက်ရှင်တွေနဲ့ ရှိုးထုတ်ရမယ့် အချိန်ပါပဲ။ ဆောင်းရာသီမှာ ဆိုရင် အမျိုးသားတွေအတွက် မပါမဖြစ်တဲ့ ဖက်ရှင်တစ်ခုကတော့ Jacket တွေပါ။ ရာသီဥတု ခပ်အေးအေး အချိန်တွေမှာ အနွေးဓာတ်လည်းရ ဖက်ရှင်လည်း ကျစေဖို့ အခုပြောမယ့် Jackets ဖက်ရှင်တွေကို ကွီးတို့ ရွေးချယ်ဝတ် နိုင်ပါတယ်။

(၁) Shearling Jacket

Shearling Jacket

Photo : The Trend Spotter

ဆောင်းရာသီမှာ နွေးနွေးထွေးထွေးနဲ့ စတိုင်မိုက်ချင်ရင်တော့ Shearling Jackets တွေ ရွေးပါ။ သိုးမွှေးသားနဲ့ ချုပ်လုပ်ထားတဲ့အတွက် ဝတ်ရတာ ထူထူထည်ထည်ရှိပြီး အအေးကဲတဲ့ အချိန်တွေ ၊ အေးလွန်းတဲ့ နေရာဒေသတွေမှာ ဝတ်ဖို့ အသင့်လျော်ဆုံးပါပဲ။

(၂) Blouson Jacket

Blouson Jacket
Photo : The Trend Spotter

Blouson Jackets တွေကို Harrington Jacket လို့လည်း လူသိများပါတယ်။ လူငယ် ၊ လူလတ်ပိုင်း အမျိုးသားတွေနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပြီး ဟိုနားဒီနား ပေါ့ပေါ့ပါးပါး ထသွားထလာ ဝတ်လို့ ကောင်းတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။

(၃) Track Jacket

Track Jacket

Photo : The Trend Spotter

Track Jackets တွေကတော့ ပေါ့ပါးတယ် ၊ သက်တောင့်သက်သာ ရှိတယ် ၊ လူငယ်ဆန်တယ်။ ရွေးချယ်ဝတ်စရာ ကာလာဒီဇိုင်း စုံလင်ပြီး လွတ်လွတ်လပ်လပ် ဝတ်ရတဲ့ ဖက်ရှင်တွေကို ကြိုက်သူတွေ ပိုပြီး နှစ်သက်ပါလိမ့်မယ်။ Track Pants တွေနဲ့ ဝတ်နိုင်သလို Jeans နဲ့လည်း ခပ်မိုက်မိုက် ရှိုးထုတ်လို့ ရပါတယ်။

(၄) Bomber Jacket

Bomber Jacket
Photo : The Trend Spotter

Bomber တွေကကတော့ ဖက်ရှင်လည်းကျ အအေးဓာတ်လည်း ခံနိုင်တဲ့ Jackets အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့ကောင်းတဲ့ ဖက်ရှင်တစ်ခုဖြစ်ပြီး ဆောင်းရာသီတင် မဟုတ်ဘဲ ရာသီမရွေးဝတ်လို့ အဆင်ပြေပါတယ်။

(၅) Biker Jacket

Biker Jacket
Photo : The Trend Spotter

အမြဲတမ်း အထာကျပြီး စတိုင်မိမိုက် နေစေမယ့် Jacket ဖက်ရှင်တစ်မျိုးပါ။ ခပ်ဟော့ဟော ဝတ်ရတာကြိုက်တယ် ၊ အရိုင်းဆန်တဲ့ ဖက်ရှင်မျိုး ကြိုက်တယ်ဆိုရင် ဒီ Jacketsတွေကို ရွေးနိုင်ပါတယ်။ Jeans  ၊ T-shirt တစ်ထည်တို့နဲ့ တွဲဝတ်လိုက်ရုံနဲ့ ပြီးပြည့်စုံတဲ့ Look ကို ရရှိမှာဖြစ်ပြီး ခပ်မိုက်မိုက် ခပ်ဟော့ဟော့ အထာမျိုး ပေါက်စေမှာပါ။

Source : The Trend Spotter 

Featured Photo : Ape to Gentleman