၂၁ ရာစုဖွားကစားသမားများထဲတွင် စျေးကွက်တန်ဖိုးအမြင့်ဆုံးအဖြစ် ဒေါ့မွန်ဆယ်ကျော်သက်ကစားသမားဖြစ်သည့် ဆန်ချိုနှင့် ဟော်လန် ထိပ်ဆုံးတွင် ရပ်တည်နေပါတယ်။

Source: Go Tech Daily

ဒီစာရင်းကို နာမည်ကျော် အားကစားသုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်သည့် CIES မှ ပြုစုထုတ်ပြန်ထားတာဖြစ်ပြီး ဒေါ့မွန်ဆယ်ကျော်သက်ကစားသမား ဆန်ချိုကတော့ နံပက် တစ်နေရာမှာရပ်တည်နေပါတယ်။ ဒီစစ်တမ်းကို ကစားသမာများရဲ့ အသက်အရွယ်၊ စာချုပ်သက်တမ်း၊ နိုင်ငံ့ ကိုယ်စားပြုမှတ်တမ်းနှင့် ကစားသမားဘဝ တိုးတက်မှုများအပေါ် နှိုင်းယှဉ်တွက်ချက်ခဲ့ ခြင်းဖြစ်ပါတယ်။

သူ့နောက်မှာတော့ အသင်းဖော် ဟော်လန်က တန်ဖိုးကွာဟချက် ထက်ဝက်နီးပါးဖြင့် ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။

ဆန်ချိုနှင့် ဟော်လန် တို့ရဲ့နောက်မှာတော့ ရီးယဲလ်မက်ဒရစ် ကစားသမားများဖြစ်ကြသည့် ရိုဒရီဂိုနှင့် ဗင်နီစီယပ်စ်၊ ချယ်လ်ဆီးလူငယ်တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းတို့ ကအစဉ်လိုက် ရပ်တည်နေပါတယ်။

Source: Silverbird TV

ဗလင်စီယာအသင်းမှ တောရက်စ်က အဆင့် (၆)၊ ရန်းစ်ကွင်းလယ်လူ ကာမာဗင်ဂါက အဆင့် (၇)၊ မန်ယူအသင်းမှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်က အဆင့်(၈)၊ မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်က အဆင့် (၉) နှင့် အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်းက အဆင့် (၁၀) နေရာများ တွင် ရပ်တည်ခဲ့ကြသည်။

Source: Knutsford Guardian

ထိပ်ဆုံး (၁၀) ဦးစာရင်းတွင် ပြင်သစ် ကွင်းလယ်လူ ကာမာဗင်ဂါမှာ အသက်အငယ်ဆုံးဖြစ်ပြီး ဘာစီလိုနာကြယ်ပွင့်ကစားသမားဖြစ်သည့် ဖာတီမှာလည်း ၂၀၀၂ ခုနှစ်ဖွား တစ်ဦးဖြစ် ပြီး အဆင့် (၁၂) နေရာတွင် ရပ်တည်ခဲ့သည်။