အင်္ဂလန်အသင်းရဲ့ ပျောက်ဆုံးနေသော လူငယ်အိပ်မက်တွေကတော့ ယခုအချိန်မှာပြန်ပြီးနိုးထလာပြန်ပါပြီ။ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြဆောက်ဂိတ်ကတော့ သူဟာ ဆာအဲလက်စ်ဆီကနေနည်းလမ်းတွေကို ကျင့်သုံးကြောင်းပြောဆိုခဲ့တာပါ။ ဒါဟာ သူရဲ့ လူငယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ဆန်ချိုနဲ့ Odoi အတွက် ခြေစွမ်းကောင်းတွေ ထွက်ပေါ်စေတယ်လို့ပြောကြားခဲ့တာပါ။

Source: Skysports

အဆိုပါ (၁၈) နှစ်သားနှစ်ယောက်ဟာ ချက်အသင်းကို (၅) ဂိုးပြန်အနိုင်ရရှိခဲ့တဲ့ပွဲမှာ အကောင်းဆုံးပုံစံတွေနဲ့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြကြီးဖာဂူဆန်က အသင်းရဲ့လူငယ်ကစားသမားတွေကို ဂရုစိုက်ပေးတယ်။ သူတို့ရဲ့ ပြိုင်ပွဲကစားချိန်တွေကို သက်မှတ်ပေးတယ်။ မီဒီယာတွေ၊ ဘောလုံးကွင်းတွေရဲ့ အရှိန်ကိုကျော်ဖြတ်နိုင်ပြီး အကောင်းဆုံး ကစားနိုင်အောင်ကူညီပေးတာဖြစ်ပါတယ်။

Source: Skysports

” ကျွန်တော်ဖာဂူဆန်နည်းလမ်းတွေအကြောင်း အမြဲတွေးဖြစ်တယ်၊ သူဟာ အရာရာကို အကောင်းဆုံးလုပ်နိုင်ပြီး၊ လူငယ်ကစားသမားတွေနဲ့ ပွဲကြီးတွေကြားမှာ ဟန်ချက်ညီအောင်လုပ်နိုင်ပါတယ်။ ကစားသမားတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင်သင်ကြားပေးတယ်။ လူငယ်ကစားသမားတွေကို ယုံကြည်မှုရှိရှိနဲ့ ပွဲထွက်ကစားစေခြင်းဟာ သူတို့ကို အတွေ့အကြုံကောင်းတွေအများကြီးရရှိစေပါတယ်။”

Source: Skysports

အင်္ဂလန်အသင်းဟာ ဝေးအသင်းကို ဝင်ဘလေကွင်းကြီးထဲမှာ လက်ခံကစားတဲ့ ယူရိုပါလိဂ်ခြေစစ်ပွဲပွဲစဉ်မှာ အသက် (၂၄) နဲ့ (၂၄) အောက် ကစားသမား (၆) ယောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ လူငယ်ကစားသမားတွေကို ယုံယုံကြည်ကြည်နေရာပေးခဲ့တာဖြစ်ပါတယ်။ အားနို၊ လုရှော့၊ ရက်ဖို့၊ ဂိုးမက်စ်အစရှိတဲ့ ကစားသမားတွေကိုလည်း မပါဝင်ခဲ့နိုင်တာဖြစ်ပြီး သူတို့ဟာလည်း (၂၄) နှစ်အောက်ကစားသမားတွေဖြစ်ပါတယ်။

Source: Skysports

ဖာဂူဆန်ဟာလည်း ဂစ်၊ ဘက်ဟမ်၊ဂယ်ရီ၊ ဖယ်ရီနီဗီး၊ ပေါစဂိုး အစရှိတဲ့ (၉၂) ၀ိုင်းတော်သားတွေကို အင်္ဂလန်အတွက်မွေးထုတ်ပေးခဲ့တာပါ။