မန်ချက်စတာယူနိုက်တက်အသင်းကို ဂျေဒန် ဆန်ချို ပြောင်းရွှေ့လာဖို့က အလွန်နီးကပ်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဟာ ဒေါ့မွန်တောင်ပံကြယ်ပွင့်ကို ပေါင် ၇၅ သန်းဝန်းကျင်နဲ့ လာမယ့်အပတ်မှာ ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

Photo: Mirror
မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်းကို ၂၀၁၉ ခုနှစ်အစောပိုင်းကတည်းက စိတ်ဝင်စားခဲ့ပေမယ့် ၂၀၂၀ နွေရာသီမှာ ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ မခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ အင်္ဂလန်တောင်ပံကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၈ သန်း သတ်မှတ်ထားခဲ့ပေမယ့် ဆန်ချိုရဲ့ စာချုပ်အခြေအနေနဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် သတ်မှတ်ထားတဲ့စျေးနှုန်းကို လျှော့ချခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို အတိအကျ မသိရသေးပေမယ့် နောက်ဆုံးကမ်းလှမ်းခဲ့တဲ့ ပေါင် ၇၂.၅ သန်းဟာ ဒေါ့မွန်အသင်း သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ နီးစပ်တာကြောင့် လာမယ့်အပတ်မှာ အပြောင်းအရွှေ့အဆုံးသတ်နိုင်လိမ့်မယ်လို့ ၂ ဖက်စလုံးက အကောင်းမြင်နေကြကြောင်း The Times က ဖော်ပြခဲ့ပါတယ်။ ဒေါ့မွန်ဟာ ကနဦးပေးချေငွေကို နည်းနည်းပိုများဖို့ ကြိုးပမ်းနေသလို ထပ်ဆောင်းပေးချေမှုတွေလည်း လိုချင်နေပေမယ့် ယူနိုက်တက်အတွက်တော့ ပြဿနာရှိမယ့်ပုံ မပေါ်တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အိုးထရက်ဖို့ဒ်ကို ဆန်ချို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဒေါ့မွန်ကို ရောင်းချခဲ့စဉ်တုန်းက သဘောတူညီချက်အရ ရောင်းရငွေရဲ့ ၁၅ ရာခိုင်နှုန်းအထိ ရရှိမှာဖြစ်တာကြောင့် ပေါင် ၁၁ သန်း အမြတ်ထွက်မှာဖြစ်ပါတယ်။

Photo : Eurosport
ဆိုးလ်ရှားဟာ ညာတောင်ပံသမားစစ်စစ်ကို ခေါ်ယူချင်နေတာဖြစ်ပြီး လာမယ့် ၁၂ လ သို့မဟုတ် ၁၈ လမှာ ဂရင်းဝုဒ်ကို တောင်ပံနေရာကနေ တိုက်စစ်ဗဟိုကို ပြောင်းရွှေ့အသုံးပြုသွားမှာဖြစ်ပါတယ်။ ဆန်ချိုဟာ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ နဲ့ ယူနိုက်တက်ရဲ့ ပူးတွဲလစာအမြင့်မားဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
