Jagermeister က ဂျာမန် ဆေးဘက်ဝင် အပင် ၆၀ ကျော် နဲ့ဖော်စပ်ထားပြီး အရက်ပါဝင်မှုနှုန်း ၃၃ ရာခိုင်နှုန်း ပါဝင်တဲ့အရည်တစ်မျိုး ဖြစ်ပါတယ်။ Jagermeister ကိုကြိုက်တဲ့ ကွီးတို့ ရှိပါသလား။ ဒါဆိုရင်တော့ ပျော်လို့ရပါပြီ။ Jagermeister ကို တစ်ရက်လျှင် အကြံပြုထားသော ပမာဏ ဖြစ်သည့် ၄၄ မီလီလီတာ ထက်မပိုစေဘဲသောက်သုံးပါက ကျန်းမာရေးအရ အကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် Jagermeister က ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာရေး အရ ဘယ်လို အကျိူးပြုတယ်ဆိုတဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်တွေကို လျှော့ချပေးပါတယ်

Jagermeister ကျန်းမာရေး

Photo: ThoughtCo

Jagermeister ကို သင့်တင့်မျှတစွာသောက်သုံးမည်ဆိုပါက နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ Alcohol ကို သင့်တင့်မျှတစွာ သောက်သုံးသူများက အရက်လုံးဝမသောက်သူ သို့မဟုတ် အရက်အလွန်အကျွံသောက်တဲ့ သူတွေထက် အသက်ပိုရှည်တယ်လို့ ဆိုထားပါတယ်။ အလွန်အကျွံသောက်သုံးခြင်း မဟုတ်ဘဲ သင့်တင့်မျှတသောပမာဏ ကိုသောက်သုံးခြင်းက ရုတ်တရက်လေဖြတ်ခြင်း၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ နှင့် အအေးမိခြင်းစသည်တို့ကို လျှော့ချပေးပါတယ်။

(၂) စိတ်ဖိစီးမှုကို သက်သာစေတယ်

Jagermeister ကျန်းမာရေး

Photo : CharTec

Jagermeister အနည်းငယ် သောက်သုံးခြင်းက စိတ်ဖိစိးမှုကို လျှော့ချပေးပြီး စိုးရိမ်စိတ်ရဲ့ သက်ရောက်မှုတွေကို တားစီးပေးပါတယ်။ Alcohol မှာပါဝင်တဲ့ ဂုဏ်သတ္တိများကြောင့် စိတ်ဖိစီးမှုကို ချက်ချင်းသက်သာစေသည့်အပြင် ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ရှေရှည်စိတ်ဖိစိးမှု ဆိုးကျိူးများမှ ကာကွယ်ပေးတယ်။

(၃) ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးတယ်

Jagermeister ကျန်းမာရေး

Photo: Narayana Health

Jagermeister ကို သင့်တင့်မျှတသော ပမာဏသောက်သုံးပါက ကျောက်ကပ် ကျောက်တည်နိုင်ခြေကို ၄၀ ရာခိုင်နှုန်း အထိလျှော့ချနိုင်ပြီး အရက်သောက်သူများသည် ကျောက်တည်နိုင်ခြေ ၃၃ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ ကျောက်တည်နိုင်ခြေကို လျှော့ချပေးတဲ့ အကြောင်းအရင်းတစ်ခုကတော့ Alcohol မှာ ကော်ဖီ နဲ့ လက်ဖက်ရည်တို့မှာ ပါဝင်တဲ့ ကဖိန်းဓာတ်ပါဝင်သောကြောင့် မကြာခဏ ဆီးသွားတတ်ခြင်းကြောင့် ကျောက်ကပ်မှာကျောက်တည်နိုင်တဲ့ ပုံဆောင်ခဲတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) ဦးနှောက်ကို တိုးတက်စေတယ်

Jagermeister ကျန်းမာရေး

Photo: Health Digest

Jagermeister ကို တစ်ပတ်လျှင် မကြာခဏသောက်ခြင်းက အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို လျှော့ချနိုင်ပါတယ်။ တကယ်တော့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချဖို့ လူသိများတဲ့ အစားအသောက်ထဲမှာ ဆေးဖက်ဝင်အရက်ဟာ ဦးနှောက်ကို အာဟာရဖြစ်စေတဲ့ အစားအ စာ ၁၀ မျိုးထဲက တစ်မျိုးလို့ သတ်မှတ်ကြပါတယ်။

(၅) အစာခြေစနစ်ကို ကောင်းစေပါတယ်

Jagermeister ကျန်းမာရေး

Photo : South China Morning Post

အစာစားပြီးတိုင်း Jagermeister တစ်ခွက် သောက်ခြင်းဟာ အစားအစာတွေကို ကောင်းကောင်းစုပ်ယူနိုင်ပြီး အဆီပိုတွေကို လျှော့ချပေးနိုင်ပါတယ်။ အရက်မှာပါတဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ပါဝင်မှုက အစာချေဖျက်မှုနဲ့ ကျန်းမာရေး အတွက် ကောင်းမွန်ပါတယ်။

ကွီးတို့ကို Jagermeister ကို သင့်တင့်မျှတသော ပမာဏသောက်သုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးတွေကို ဖော်ပြလိုက်ပါတယ်။ သောက်သုံးရန် အကြံပြုထားတဲ့ ပမာဏကို ပဲသတိပြုရမှာဖြစ်ပြီး အလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးကိုဆိုးဝါးစွာ ထိခိုက်နိုင်ကြောင်း သတိပြုစေချင်ပါတယ်။

Featured Photo : U92