ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုက ကမ္ဘာ့စီးပွားရေးတော်တော်များများကို နှောင့်နှေးထိခိုက်စေပါတယ်။ ဒီထဲမှာ ရုပ်ရှင်လောကလည်း ပါဝင်ပါတယ်။

ဂျိန်းစဘွန်းဇာတ်ကားသစ် No Time To Die ကိုကမ္ဘာတစ်ဝှမ်း ဧပြီလထဲမှာ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့ပေမဲ့ ဗိုင်းရပ်စ် အန္တာရာယ်ကြောင့် နိုဝင်ဘာလအထိ ရွှေ့ဆိုင်းထားမှာဖြစ်ပါတယ်။ တရုတ်နိူင်ငံက အစပြုခဲ့တဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် တရုတ်နိူင်ငံမှာ ရုပ်ရှင်ရုံတွေကို ပိတ်ထားရသလို ရိုက်ကူးရေးတွေလည်း ရပ်နားထားရပါတယ်။

Source: AL Jazeera

ဂျိန်းစဘွန်းဇာတ်ကားရဲ့ တရားဝင်တွစ်တာအကောင့်မှာ No Time To Die” ဇာတ်ကားထွက်ရှိမှုကို ၂၀၂ဝပြည့်နှစ် နိုဝင်ဘာအထိ ရွှေ့ထားမှာဖြစ်ကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဇာတ်ကားပြသမဲ့အချိန်ရွှေ့ဆိုင်းရတာဟာ COVID-19 ဗိုင်းရပ်စ်ကြောင့် လို့ပြောထားခြင်းမရှိပေမဲ့ ဇာတ်ကားအတွက် တရုတ်နိူင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ Red Carpet ကို ဖျက်သိမ့်းခဲ့ပါတယ်။ ဗိုင်းရပ်အတည်ပြုနိူင်ခဲ့တာ ဒီဇင်ဘာ ၂၀၁၉ မှာဖြစ်ပြီး ဇန်နဝါရီလကတည်းက တရုတ်နိုင်ငံမှာ ရုပ်ရှင်ရုံတွေကို ပိတ်ထားခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ အီတလီအပါအဝင် အခြားနိုင်ငံတွေကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားစီးနိူင်ဖို့အတွက် ရုပ်ရှင်ရုံတွေကို ပိတ်နေပါကြတယ်။

Source: CGTN

No Time To Die ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ဒေါ်လာ သန်း (၂၅၀) အကုန်အကျခံထားတာဖြစ်ပြီး လန်ဒန်မြို့မှာ ရုပ်ရှင်အထူးပြပွဲကို မတ်လ ၃၁ ရက်နေ့ပြသဖို့ စီစဉ်ထားခဲ့ကာ ဧပြီ ၂ ရက်နေ့မှာ ရုံတင်ပြသဖို့လုပ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ရုပ်ရှင်ပြသမဲ့ အချိန်ကို နိုဝင်ဘာလအထိ ရွှေ့ဆိုင်းခဲ့ရပါတယ်။

Source: Fox News

No Time To Die ရုပ်ရှင်ဇာတ်ကားမှာတော့ 007 အဖြစ် ဒန်နီရယ် ခရိတ် (Daniel Craig) ကပါဝင်သရုပ်ဆောင်ထားပါတယ်။