မနက္ျဖန္မွာေတာ့ ေဘာလုံးဝါသနာရွင္ကြီးေတြ အိပ္ေရးပ်က္ခံၿပီး မျဖစ္မေန ေစာင့္ၾကည့္သြားရမယ့္ ေဘာလုံးပြဲေကာင္းတစ္ပြဲက ရွိလုိ႔ေနပါတယ္။ ဒီပြဲကေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတုိ႔ရဲ႕ မန္ခ်က္စတာဒါဘီပြဲစဥ္ျဖစ္ပါတယ္။ ဒီပြဲက ယူႏုိက္တက္ေရာ မန္စီးတီးအသင္းအတြက္ပါ အမွားခံလုိ႔မျဖစ္တဲ႔ပြဲျဖစ္ေနၿပီး ေမွ်ာ္လင့္ခ်က္ကုိယ္စီနဲ႔ အႀကိတ္အနယ္ရွိမယ့္ပြဲျဖစ္မွာပါ။ ဒီပြဲကုိ လီဗာပူးလ္အသင္းရဲ႕ ဝါရင့္ကစားသမား ဂ်ိမ္းစ္မီနာကလည္း စိတ္ဝင္စားလုိ႔ေနၿပီး ယူႏုိက္တက္အသင္းဘက္ကေန အားေပးသြားမယ္လုိ႔ သိရပါတယ္။

Photo Credit : Herald Sun

အသက္ ၃၃ ႏွစ္အရြယ္ရွိ အဂၤလန္လက္ေရြးစင္ကစားသမားေဟာင္း မီနာဟာ လီဗာပူးလ္အသင္းနဲ႔အတူ ဒီႏွစ္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ သူရဲ႕အသင္းေဟာင္းျဖစ္တဲ႔ မန္စီးတီးအသင္းနဲ႔ အၿပိဳင္အဆုိင္ျဖစ္လုိ႔ေနၿပီး လက္ရွိမွာ လီဗာပူးလ္အသင္းက ရမွတ္ ၂ မွတ္အသာနဲ႔ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္လုိ႔ေနေပမယ့္လည္း မန္စီးတီးအသင္းက လီဗာပူးလ္အသင္းထက္ ၁ပြဲကစားဖို႔ က်န္ေနေသးတာမုိ႔ မန္စီးတီးအသင္းအတြက္ အခြင့္အေရးက ပုိမ်ားလုိ႔ေနပါတယ္။ အဲ့ဒီပြဲကေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲျဖစ္ေနၿပီး ဒီပြဲမွာသာ မန္စီးတီးတုိ႔ ေျခေခ်ာ္သြားမယ္ဆုိရင္ လီဗာပူးလ္ရဲ႕ ခ်န္ပီယံေမွ်ာ္လင့္ခ်က္က ပုိမုိအားေကာင္းသြားမွာျဖစ္လုိ႔ ဒီပြဲမွာ ယူႏုိက္တက္ကုိ အားေပးသြားမယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Tribuna.com

မီနာက “ယူႏုိက္တက္ကုိ အားေပးဖုိ႔က ကြ်န္ေတာ္ရဲ႕ဘဝ ဒါပထမဆုံးအႀကိမ္အျဖစ္ ျဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္ ဒီပြဲကုိေတာ့ ကြ်န္ေတာ္ၾကည့္ျဖစ္မွာေတာ့ မဟုတ္ပါဘူး။ ဒါက ခြန္အားတခ်ိဳ႕ကုိ ျဖဳန္းတီးေနသလုိ ျဖစ္ေနတယ္မဟုတ္လား။ ကြ်န္ေတာ္ရဲ႕ဖုန္းကုိပါ ကြ်န္ေတာ္နဲ႔ ခပ္ေဝးေဝးမွာေတာင္ ထားခ်င္ထားထားဦးမွာပါ။ ပြဲၿပီးမွပဲ ရလဒ္ကုိ စစ္ၾကည့္ခ်င္ၾကည့္ျဖစ္ပါလိမ့္မယ္” လုိ႔ ေျပာဆုိလုိ႔သြားခဲ႔ပါတယ္။ ဒါေပမယ့္ မီနာက လီဗာပူးလ္နဲ႔မန္စီးတီးတုိ႔ ႏွစ္သင္းလုံးက ၃ ပြဲကစားဖုိ႔ က်န္ရွိေနေသးၿပီး ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဘယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ယွဥ္ၿပိဳင္ရ ခက္ခဲမႈက အနည္းနဲ႔အမ်ား ရွိေနတာမုိ႔ လက္က်န္ပြဲတုိင္းကုိ သတိထားကစားရမွာျဖစ္တယ္လုိ႔လည္း ထုတ္ေဖာ္ေျပာဆုိခဲ႔ပါတယ္။

Photo Credit : Independent.ie

လိဒ္စ္ယူႏုိက္တက္အသင္းနဲ႔အတူ ကစားသမားဘဝကုိ စတင္ခဲ့တဲ့ ဂ်ိမ္းစ္မီနာက လိဒ္စ္ယူႏုိက္တက္အသင္း မန္စီးတီးနဲ႔ လီဗာပူးလ္အသင္းေတြမွာ ပါဝင္ခဲ႔စဥ္တုိင္းမွာ ယူႏုိက္တက္အသင္းနဲ႔ ရင္ဆုိင္ကစားခဲ႔ဖူးၿပီး သူဘဝတေလွ်ာက္လုံးမွာ ယူႏုိက္တက္အသင္းကုိ တစ္ႀကိမ္တစ္ခါမွ အားမေပးခဲ႔ဖူးသူျဖစ္ပါတယ္။ လက္ရွိမွာ လီဗာပူးလ္နဲ႔ ပရီးမီးယားလိဂ္ဆုဖလားကုိ ပုိင္ဆုိင္ႏုိင္ဖုိ႔ နီးစပ္လုိ႔ေနတဲ႔ မီနာဟာ အခုအၿပိဳင္အဆုိင္ျဖစ္ေနတဲ့ အသင္းေဟာင္းမန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဆုဖလား ၂ ႀကိမ္အထိ ဆြတ္ခူးထားခဲ႔ပါတယ္။

(Unicode)

မနက်ဖြန်မှာတော့ ဘောလုံးဝါသနာရှင်ကွီးတွေ အိပ်ရေးပျက်ခံပြီး မဖြစ်မနေ စောင့်ကြည့်သွားရမယ့် ဘောလုံးပွဲကောင်းတစ်ပွဲက ရှိလို့နေပါတယ်။ ဒီပွဲကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲက ယူနိုက်တက်ရော မန်စီးတီးအသင်းအတွက်ပါ အမှားခံလို့မဖြစ်တဲ့ပွဲဖြစ်နေပြီး မျှော်လင့်ချက်ကိုယ်စီနဲ့ အကြိတ်အနယ်ရှိမယ့်ပွဲဖြစ်မှာပါ။ ဒီပွဲကို လီဗာပူးလ်အသင်းရဲ့ ဝါရင့်ကစားသမား ဂျိမ်းစ်မီနာကလည်း စိတ်ဝင်စားလို့နေပြီး ယူနိုက်တက်အသင်းဘက်ကနေ အားပေးသွားမယ်လို့ သိရပါတယ်။

Photo Credit : Herald Sun

အသက်၃၃နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း မီနာဟာ လီဗာပူးလ်အသင်းနဲ့အတူ ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် သူရဲ့အသင်းဟောင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ အပြိုင်အဆိုင်ဖြစ်လို့နေပြီး လက်ရှိမှာ လီဗာပူးလ်အသင်းက ရမှတ်၂မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လို့နေပေမယ့်လည်း မန်စီးတီးအသင်းက လီဗာပူးလ်အသင်းထက် ၁ပွဲကစားဖို့ ကျန်နေသေးတာမို့ မန်စီးတီးအသင်းအတွက် အခွင့်အရေးက ပိုများလို့နေပါတယ်။ အဲ့ဒီပွဲကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် မန်ချက်စတာဒါဘီပွဲဖြစ်နေပြီး ဒီပွဲမှာသာ မန်စီးတီးတို့ ခြေချော်သွားမယ်ဆိုရင် လီဗာပူးလ်ရဲ့ ချန်ပီယံမျှော်လင့်ချက်က ပိုမိုအားကောင်းသွားမှာဖြစ်လို့ ဒီပွဲမှာ ယူနိုက်တက်ကို အားပေးသွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Tribuna.com

မီနာက “ယူနိုက်တက်ကို အားပေးဖို့က ကျွန်တော်ရဲ့ဘဝ ဒါပထမဆုံးအကြိမ်အဖြစ် ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ဒီပွဲကိုတော့ ကျွန်တော်ကြည့်ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါက ခွန်အားတချို့ကို ဖြုန်းတီးနေသလို ဖြစ်နေတယ်မဟုတ်လား။ ကျွန်တော်ရဲ့ဖုန်းကိုပါ ကျွန်တော်နဲ့ ခပ်ဝေးဝေးမှာတောင် ထားချင်ထားထားဦးမှာပါ။ ပွဲပြီးမှပဲ ရလဒ်ကို စစ်ကြည့်ချင်ကြည့်ဖြစ်ပါလိမ့်မယ်” လို့ ပြောဆိုလို့သွားခဲ့ပါတယ်။ ဒါပေမယ့် မီနာက လီဗာပူးလ်နဲ့မန်စီးတီးတို့ နှစ်သင်းလုံးက ၃ပွဲကစားဖို့ ကျန်ရှိနေသေးပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းနဲ့ ယှဉ်ပြိုင်ယှဉ်ပြိုင်ရ ခက်ခဲမှုက အနည်းနဲ့အများ ရှိနေတာမို့ လက်ကျန်ပွဲတိုင်းကို သတိထားကစားရမှာဖြစ်တယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Photo Credit : Independent.ie

လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဂျိမ်းစ်မီနာက လိဒ်စ်ယူနိုက်တက်အသင်း မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတွေမှာ ပါဝင်ခဲ့စဉ်တိုင်းမှာ ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ဖူးပြီး သူဘဝတလျှောက်လုံးမှာ ယူနိုက်တက်အသင်းကို တစ်ကြိမ်တစ်ခါမှ အားမပေးခဲ့ဖူးသူဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်နိုင်ဖို့ နီးစပ်လို့နေတဲ့ မီနာဟာ အခုအပြိုင်အဆိုင်ဖြစ်နေတဲ့ အသင်းဟောင်းမန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား၂ကြိမ်အထိ ဆွတ်ခူးထားခဲ့ပါတယ်။