အမေရိကန် အဆိုတော် Justin Bieber နဲ့ SZA တို့က ၂ ယောက်ပေါင်းပြီး ပရိသတ်တွေကို စပရိုက်တိုက်ခဲ့ပါတယ်။ ဒါကတော့ မေလ ၂၃ ရက်နေ့တုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ SZA ရဲ့ ဂီတဖျော်ဖြေပွဲမှာ JB နဲ့ပေါင်းပြီး လူကြိုက်အများဆုံး ‘Snooze’ သီချင်းကို အတူတူ သီဆိုဖျော်ဖြေ ခဲ့ကြတာပါ။
Photo : Show News Today
သူတို့ ၂ ဦးရဲ့ ပူးပေါင်းဖျော်ဖြေမှုက ပရိသတ်တွေ အားလုံးကို စပရိုက်ဖြစ်စေခဲ့ပြီး Concert မှာ SZA ရဲ့ သီဆိုမှုနောက်မှာ Justin Bieber က ရုတ်တရက်ထွက်လာပြီး သီချင်းကို ဆက်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထင်မှတ်မထားတဲ့ ၂ ယောက်ပေါင်းတင်ဆက်မှုဟာ ပရိသတ်အားလုံးကို တော်တော်လေး အုတ်အော်သောင်း နင်း ဖြစ်သွားစေခဲ့ပြီး ပွဲတစ်ခုလုံး အားပေးသံတွေနဲ့ ဆူညံသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ SZA ရဲ့ ဒုတိယအယ်လ်ဘမ်ထဲက SOS သီချင်းမှာလည်း Justin Bieber အနေနဲ့ ပါဝင်သီဆိုခဲ့ ဖူးပါတယ်။ အခုလက်ရှိ Concert မှာ သူတို့ ၂ ဦး ဖျော်ဖြေထားတဲ့ ‘Snooze’ သီချင်းဟာလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီး Justin Bieber ရဲ့ ဇနီးဖြစ်သူ Hailey Bieber ကိုယ်တိုင် သူမရဲ့ IG မှာ ” အကြိုက်ဆုံး အဆိုတော် ၂ ယောက် ” ဆိုတဲ့ Caption နဲ့ ပြန်လည်မျှဝေသွားခဲ့တာ ဖြစ်ပါတယ်။
Source : BIEBER TV
ဂီတချစ်သူ ကွီးပရိသတ်တွေလည်း Justin Bieber နဲ့ SZA တို့ ပူးတွဲတင်ဆက်ထားတဲ့ ‘Snooze’ သီချင်းလေးကို ခံစားနားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။
Source : Siachen Studios
Photo : The Hollywood Reporter