Jeans တွေကတော့ ကျားမအားလုံးအတွက် စွယ်စုံရတဲ့ ဖက်ရှင်တစ်ခုလို့ ပြောရင် မမှားနိုင်ပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ရှိလို့ Business Casual ကနေ Casual Style အထိ Jeans ဘောင်းဘီတွေကို စတိုင်ကျကျ ဝတ်ဆင်လို့ ရပါတယ်။ Jeans တွေဝတ်တဲ့အခါ ပိုပြီး ပြည့်စုံတဲ့ ဖက်ရှင်အသွင်အပြင်ကို ရစေဖို့ ဘယ်လို ဖိနပ် တွေနဲ့ တွဲဖက်ဝတ်ဆင်သင့်လဲဆိုတာ ပြောပြပေးပါမယ်။
(၁) Boots

Jeans နဲ့တွဲဝတ်ဖို့ အကောင်းဆုံး ဖိနပ် အမျိုးအစားတွေထဲက တစ်ခုကတော့ Boots တွေပါပဲ။ သပ်သပ်ရပ်ရပ်နဲ့ အဆင့်အတန်း ရှိရှိနဲ့ ပွဲလယ်တင့်စေမယ့် ဖက်ရှင်အသွင်အပြင်ကို ရစေမှာပါ။ ကွီးတို့ အညိုရောင် ဒါမှမဟုတ် အနက်ရောင် Boots တစ်ရံတော့ ဝယ်ထားသင့်ပါတယ်။
(၂) Loafers

နွေရာသီ ပေါ့ပေါ့ပါးပါး ပွဲလမ်းသဘင်တွေ တက်ဖို့အတွက် စမတ်ကျမှုနဲ့ ပေါ့ပါးလွတ်လပ်မှုကို ပေါင်းစပ်ထားတဲ့ ဖက်ရှင်ကတော့ Jeans နဲ့ Loafer အတွဲအစပ်ပါပဲ။ Loafer တွေကတော့ ကွီးတို့ သိတဲ့အတိုင်း စီးရတဲ့ ဖီလင်ကိုက ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာ ရှိပါတယ်။ Jeans တွဲစီးဖို့ဆို Penny Loafers ဒါမှမဟုတ် Tassel Loafers တွေကို ရွေးချယ်နိုင်ပါတယ်။
(၃) Sneakers

လူငယ်ဆန်ရမယ် ၊ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်မိမိုက်နေရမယ် ဆိုရင်တော့ Jeans နဲ့ တွဲဝတ်ဖို့ Sneakers တွေကိုသာ ရွေးပါ။ ရုံးတက် ၊ ကျောင်းတက် ၊ နေ့စဉ်ထသွားထလာ ဖက်ရှင်အနေနဲ့ ဝတ်မယ်ဆို တော်တော်လေး သက်တောင့်သက်သာ ရှိစေပါတယ်။ ရှင်းသန့်ကျော့မော့ပြီး Timeless ဖြစ်တဲ့ ဖက်ရှင်အသွင်အပြင် အတွက်ရော Semi-Formal ဒါမှမဟုတ် Business Casual Events တွေအတွက်ပါ သင့်လျော်တဲ့ အဖြူရောင် Sneaker တစ်ရံတော့ ကွီးတို့ ဝယ်ထားဖို့ လိုမှာပါ။
(၄) Dress Shoes

သန့်သန့်ပြန့်ပြန် ၊ စမတ်ကျကျ ဝတ်ချင်ရင်တော့ Dress Shoes တွေက ရွေးချယ်စရာ တစ်ခုပါပဲ။ အရေးကြီးတဲ့ ပွဲအခမ်းအနားတွေမှာ ပွဲတက်ဖက်ရှင်တစ်ခုအနေနဲ့ Dress Shoes တွေကို ဝတ်လို့ ရပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်ကို တဆင့်မြှင့်ပြီး နည်းနည်း လူငယ်ဆန်တဲ့ စတိုင်ဘက်ကို သွားချင်ရင် အညိုရောင် Double Monk Strap Leather Dress Shoes တွေကိုသာ ရွေးချယ်ဝတ်ဆင်လိုက်ပါ။
Jeans နဲ့ တွဲဝတ်ဖို့အတွက် ကွီးတို့ အကြိုက်ဆုံး ဖိနပ် ကရော ဘာဖြစ်မလဲ ???
Source : Hockerty
Featured Photo : Top Trends Guide
