Jeans ဖက်ရှင်တွေဟာ အရိုးဆုံးနဲ့ အလွယ်ဆုံး အမျိုးသားတွေအကြိုက်ဖက်ရှင်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရအဆင်ပြေတယ်ဆိုပေမယ့် Jeans ထည်တွေကို ရေရှည်ဝတ်လို့ရအောင် ထိန်းသိမ်းတဲ့နည်းစနစ်တွေကို အမျိုးသားတော်တော်များများက မသိကြတာ များပါတယ်။ ဒီတစ်ခေါက်မှာ Jeans နဲ့ ပတ်သက်လို့ လွယ်ကူရိုးရှင်းတဲ့ အခြေခံ Tips လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ခဏခဏ မလျှော်မိစေနဲ့

Photo: Times of India

Jeans ထည်ဆိုတာ တစ်ခါဝတ် တစ်ခါလျှော် လုပ်စရာမလိုတဲ့ အထည်အမျိုးအစား ဖြစ်ပါတယ်။ ရေလျှော်ပါ များရင် Jeans တွေ ပုံပျက်ပြီး ပွပွကြီး ဖြစ်သွားတတ်ပါတယ်။ Jeans ထည်တွေ လျှော်မယ်ဆိုရင်လည်း ဆပ်ပြာတွေအများကြီး သုံးလျှော်တာ ၊ ရေအရမ်းညှစ်တာမျိုး ရှောင်ပါ။

(၂) အဝတ်တန်းပေါ် လွှားထားပါ

Photo: Times of India

အဝတ်ချိတ်မှာ ချိတ်ပြီး နေမလှမ်းသင့်တဲ့ အဝတ်အစားတွေထဲမှာ ဆွယ်တာတို့ Jeans ထည်တို့ ပါဝင်ပါတယ်။ ဆိုဒ်တွေ ပျက်သွားနိုင်လို့ ဖြ်စပါတယ်။ အဝတ်တန်းတစ်ခုပေါ် လွှားပြီး ရေစစ်ခံ အခြောက်လှမ်းတာက ပိုပြီး အဆင်ပြေပါတယ်။

(၃) အခြောက်ခံစက်ထဲ မထားပါနဲ့

Photo: Times of India

Air Drying လို့ ခေါ်တဲ့ လေသလပ်ပြီး ခြောက်သွေ့စေတာက Jeans တွေအတွက် ပိုသင့်လျော်ပါတယ်။ အမြန်ခြောက်သွေ့ချင်တယ်ဆိုရင်တော့ နေရောင်တိုက်ရိုက်အောက်မှာ သွားလှမ်းထားသင့်ပါတယ်။ တကယ်လို့ နေရောင်မလွယ်လို့ Dryer သုံးချင်ရင်လည်း အပူချိန်နည်းနည်းနဲ့ အခြောက်ခံသင့်ပါတယ်။

Jeans ဘောင်းဘီဆိုဒ်နဲ့ ပတ်သက်ပြီး အများသိကြတဲ့ Tips လေးတွေလည်း ရှိပါတယ်။ ဥပမာ ဘောင်းဘီခါးဆိုဒ်က ကိုယ်နဲ့ တော်/မတော် သိဖို့ဆိုရင် အလွယ်ဆုံးနည်းလမ်းက ဘောင်းဘီခါးအစွန်းနှစ်ဖက် ကိုင်ပြီး ကိုယ့်လည်ပင်းကို ပတ်ကြည့်တာဖြစ်ပါတယ်။ လည်ပင်းမှာ အဆင်ပြေပြေ သက်တောင့်သက်သာရှိနေတယ်ဆိုရင် ခါးဆိုဒ်အဆင်ပြေတယ်ဆိုတာ မျိုး ဖြစ်ပါတယ်။

ဝယ်ထားတဲ့ ဘောင်းဘီခါးဆိုဒ်က ကျပ်လွန်းနေတယ်လို့ ခံစားရရင် ဘောင်းဘီဝတ်ပြီး ရေချိုးပါ။ ပြီးမှ လျှော်ပြီး ခါးနေရာတွေကို ချိတ်နဲ့ ဆွဲဆန့်ထားပြီး လေနဲ့အခြောက်ခံရမှာပါ။ ခြောက်သွားရင် Hair Dryer ဒါမှမဟုတ် မီးပူနဲ့တိုက်ပေးရမှာ ဖြစ်ပါတယ်။