ပေါ်တူဂီနိုင်ငံအသင်း လူငယ်ကစားသမား လက်ရှိဘင်ဖီကာအသင်းရဲ့ တိုက်စစ်မှူးယာအိုဖိလစ်ဟာ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်လုံးမှာ အသက်အငယ်ဆုံး ဟက်ထရစ်သွင်းသူနိုင်ခဲ့တဲ့ အကောင်းဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သွားခဲ့ပြီပဲဖြစ်ပါတယ်။ အသက် (၁၉) နှစ်သာရှိသေးတဲ့ တိုက်စစ်မှူး ယာအိုဖိလစ်ဟာ ဘင်ဖီကာအသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်တွင် ဖရန့်ဖတ်အသင်းကို (၄-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အသင်းအတွက် (၃) ဂိုးဆက်တိုက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Source : AS English – Diario AS

အဆိုပါ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် တိုက်စစ်မှူးယာအိုဖိလစ်ဟာ ဘင်ဖီကာအသင်းအတွက် ပွဲချိန် (၂၁) မိနစ်မှာပဲ အဖွင့်ဂိုးကို လှလှပပသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန် (၄၀) မိနစ်ခန့်မှာတော့ ဖရန့်ဖတ်အသင်းဘက်မှ ခြေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် (၄၃) မိနစ်တွင် အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘင်ဖီကာအသင်းအတွက် တတိယမြောက်သွင်းဂိုးကိုတော့ တိုက်စစ်မှူး ရူဘင်ဒိုင်ယက်စ်ကသွင်းယူပေးခဲ့ပြီး (၅၄) မိခန့်မှာ ယာအိုဖိလစ်ကပဲထပ်မံပြီး စတုတ္ထမြောက်သွင်းဂိုးလည်းဖြစ်တဲ့ (၃) ဂိုးမြောက်ဟက်ထရစ်ဂိုးကို အပိုင်ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Source : The Sportsman

အဆိုပါ သွင်းဂိုးတွေကြောင့်ပဲ ယာအိုဖိလစ်အဟာ ၂၀၁၄ ခုနှစ်က စံချိန်တင်ခဲ့တဲ့ အသက် (၁၉) နှစ်အရွှယ် ဒိုင်နမိုဇာဂရက်အသင်း တိုက်စစ်မှူးဟောင်း ပီဂျာကာကို ကျော်ဖြတ်ကာ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် စံချိန်သစ်မှတ်တမ်းဝင်လာခဲ့တာဖြစ်ပါတယ်။ ယာအိုဖိလစ်ဟာ ဘင်ဖီကာလူငယ်အသင်းတွင် (၂) ရာသီကြာကစားခဲ့ပြီးနောက် လက်ရှိဘောလုံးရာသီမှ စတင်ကာ ဘင်ဖီကာအသင်းကြီးမှာ ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ယာအိုဖိလစ်အနေနဲ့ လက်ရှိမှာ ပွဲပေါင်း (၃၅) ပွဲပါဝင်ကစားထားပြီး အသင်းအတွက် သွင်းဂိုး စုစုပေါင်း (၁၅) ဂိုးသွင်းယူပေးထားတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

Source : Daily Mail