ယနေ့ခေတ်ဟာ အင်တာနက်ရှိရုံနဲ့ ကိုယ်ရောက်နေရာအရပ်ကနေ အလုပ်လုပ်လို့ ရလာပါပြီ။ ပိုပြီး ဝမ်းသာစရာကောင်းတာတစ်ခုက အရင်ကဆို နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာသာ အွန်လိုင်းကနေ အလုပ်လုပ်ပြီး ဝင်ငွေ ရှာနိုင်တာမျိုးတွေ ရှိပေမယ့် အခုတော့ မြန်မာနိုင်ငံမှာလည်း ကိုယ့်အခန်းထဲကနေ အလုပ်လုပ်ရင်း ငွေရှာလို့ရပြီ ဖြစ်ပါတယ်။
Animation

Photo : Freepik
Animation နဲ့ ဂရပ်ဖစ်ဒီဇိုင်းတွေ ကျွမ်းကျင်သူအတွက် အလုပ်ဆိုတာ လက်ညှိုးထိုး မလွဲပါပဲ။ ကုမ္ပဏီတိုင်းဟာ အိုင်ဒီယာဆန်းတွေကို သူ့ထက်ငါ လိုချင်နေတာပါ။ Animation သမားတစ်ယောက်ရဲ့ ကွဲပြားဆန်းသစ်တဲ့ လက်ရာဟာ ကုမ္ပဏီတစ်ခု လူသိများဖို့ အလွန် အရေးပါတာကြောင့် သူတို့ကို အလုပ်အပ်ချင်တဲ့ ကုမ္ပဏီတွေကလည်း အလွန်များနေပါတယ်။
Web Developer

Photo : Freepik
နည်းပညာခေတ်မှာ ကုမ္ပဏီစီးပွားရေး လုပ်ငန်းတိုင်းဟာ လုပ်ငန်းသုံးဝက်ဘ်ဆိုက်တွေ သုံးလာကြပြီ ဖြစ်လို့ဝက်ဘ်ဆိုက်ဖန်တီးတဲ့ Web Developer တို့ Web Designer တို့ဟာလည်း ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေ ဖြစ်လာပါတယ်။ နောက်ပြီး ဒီအလုပ်ကလည်း ကိုယ်ရောက်လေရာ အရပ်ကနေ အင်တာနက် ချိတ်ပြီး အဝေးက လှမ်းပြီး လုပ်နိုင်တဲ့ အလုပ်တွေ ဖြစ်ပါတယ်။
Freelance Writer

Photo : Freepik
လူမှုကွန်ရက်ခေတ်မှာ Content Writer ၊ Copy Writer တို့နဲ့အတူ Digital Marketing အလုပ်အကိုင်တွေကလည်း ခေတ်ကောင်းနေပါတယ်။ ကုမ္ပဏီအတော်များများကလည်း သူတို့ရဲ့ လုပ်ငန်းနဲ့ ဝန်ဆောင်မှုတွေကို လူသိများဖို့ Branding လုပ်တဲ့နေရာမှာ စိတ်ကူးနဲ့ ဖန်တီးဉာဏ်အားကောင်းတဲ့ Freelance ဒစ်ဂျစ်တယ်သမားတွေ သုံးတာ များလာပါတယ်။
Video Maker

Photo : Freepik
ဗွီဒီယို Editor တွေဟာ နောက်ပိုင်းမှာ ထုတ်ကုန်သစ်တွေကို လူသိများအောင် ရောင်းအားမြှင့်ဖို့ Promotional Video တွေ ဖန်တီးလာကြပါတယ်။ ဒီအလုပ်ကို အပ်တဲ့ ကုမ္ပဏီတွေကလည်း တကယ့်အကြီးစား ကုမ္ပဏီကြီးတွေ များပြီး အပြင်က Promo Video Maker တွေကိုလည်း ခေါ်ယူငှားရမ်းလာပြီ ဖြစ်ပါတယ်။
ဒီအလုပ်အကိုင်တွေဟာ အချိန်နေရာမရွေး ကိုယ့်အိမ်မှာကို လုပ်လို့ရတဲ့ အွန်လိုင်းအလုပ်အကိုင်တွေ ဖြစ်ပြီး ဝင်ငွေနဲ့ဘဝရပ်တည်မှုအတွက် သိက္ခာရှိတဲ့ အလုပ်အကိုင်တွေလည်း ဖြစ်ပါတယ်။
