အခုနောက်ပိုင်းမှာ Jeans ၊ Chino တွေနဲ့ အပြိုင် ခေတ်စားလာ တာကတော့ Joggers ဘောင်းဘီတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့်  Joggers တွေကို အားကစား ဘောင်းဘီရယ်လို့ လူသိများပြီး ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိမှုကြောင့် လူကြိုက် များပါတယ်။ ဒီဘက်ခေတ် ဖက်ရှင်ရေစီးကြောင်းပေါ်မှာတော့ Joggers ဘောင်းဘီတွေဟာ အားကစားလုပ်ရာမှာပဲ ဝတ်လေ့ရှိတာမျိုး မဟုတ်တော့ပဲ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ Daily ဖက်ရှင် တစ်ခုအနေနဲ့ပါ ဝတ်လာကြတာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Joggers ဘောင်းဘီ တွေကို လူငယ်ဆန်ဆန်နဲ့ ဖက်ရှင်ကျကျ ဝတ်ချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်း တချို့ကို မျှဝေပေးချင်ပါတယ်။

(၁) Sweatshirts နဲ့ တွဲဝတ်ပါ

Photo : The Trend Spotter

Sweatshirts နဲ့ Joggers ဘောင်းဘီ ဖက်ရှင်အတွဲအစပ်ဟာ ယောကျာ်းလေးတွေအတွက် တကယ့်ကို Stylish ဖြစ်တဲ့ Streetwear Outfit တစ်စုံလို့ ပြောနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာ အတွက် အရမ်းကို အဆင်ပြေပြီး စတိုင်ကျကျ ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။ Sweatshirts နဲ့ Joggers ဘောင်းဘီ ကို စတိုင်ကျတဲ့ Sneakers တွေ ၊ Boots တွေနဲ့ တွဲဝတ် လိုက်မယ်ဆိုရင်တော့ တကယ့်ကို ပြီးပြည့်စုံတဲ့ ဖက်ရှင်အသွင်ကို ရစေမှာ ဖြစ်ပါတယ်။

(၂) T-Shirts နဲ့ တွဲဝတ်ပါ

Photo : The Trend Spotter

Joggers ဘောင်းဘီတွေရဲ့ ရည်ရွယ်ချက်က ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိမှုကို ကိုယ်စားပြုတာပါ။ T-Shirts တွေ ဆိုတာကလည်း ထို့နည်းတူစွာပါပဲ။ ဒီလို ပေါ့ပါးလွတ်လပ်တဲ့ Joggers ဘောင်းဘီနဲ့ T-Shirts တွေရဲ့ ပေါင်းစပ်မှုကတော့ တကယ်ကို မယုံနိုင်လောက်အောင်ပဲ သက်တောင့်သက်သာရှိတဲ့ ခံစားမှုကို ရစေမှာ ဖြစ်ပါတယ်။ Joggers နဲ့ တွဲဝတ်ဖို့ T-Shirts တွေ ရွေးတဲ့အခါ အရမ်းမကျပ် ၊ အရမ်းမပွပဲ ကွီးတို့ ရဲ့ ဘော်ဒီအချိုးအစားနဲ့ Well-Fitted ဖြစ်တဲ့ T-Shirts တွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။

(၃) Track Jackets ‌နဲ့ တွဲဝတ်ပါ

Photo : The Trend Spotter

ကွီးတို့က အားကစားပုံမှန် လုပ်နေကြသူတစ်ယောက် ဆိုရင်တော့ အများကြီး စဉ်းစားမနေပါနဲ့  Track Jackets ‌နဲ့ Joggers ဘောင်းဘီသာ တွဲဝတ်လိုက်ပါ။ အားကစားလုပ်ချိန်မှာ တကယ်ကို သက်တောင့်သက်သာ ရှိစေမယ့်အပြင် ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်စတိုင်ကို အပြည့်အဝ ရစေမှာ ဖြစ်ပါတယ်။ ဆောင်းရာသီကာလတွေ ၊ ရာသီဥတုအေးတဲ့ မနက်ခင်းတွေမှာ အပြေးလေ့ကျင့်ခန်း လုပ်မယ့်သူတွေအတွက် တကယ့်ကို လိုက်ဖက်မှုရှိပြီး ဖက်ရှင်ကျကျ အားကစားလုပ်နိုင်မယ့် အကောင်းဆုံး အားကစားဝတ်စုံ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

(၄) Hoodies ‌နဲ့ တွဲဝတ်ပါ

Photo : The Trend Spotter

လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ ဖက်ရှင်စတိုင်မျိုး ကြိုက်သူတွေ အတွက်တော့ Joggers နဲ့ Hoodies တွေက အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ စတိုင်ကျရုံမက ပေါ့ပါးလွတ်လပ်မှုလည်း အပြည့်ရှိတဲ့အတွက် Daily Wear အနေနဲ့ရော၊ ဘော်ဒါတွေနဲ့ ဟိုနားဒီနား Hang Out လုပ်တဲ့ အချိန်မှာပါ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Joggers ဘောင်းဘီ နဲ့ Hoodies ဝတ်ရာမှာ လူငယ်ဆန်ဆန်နဲ့ ပိုပြီး Stylish ဖြစ်ချင်တယ်ဆိုရင်တော့ အင်္ကျီနှစ်ထပ်စတိုင် ပုံစံမျိုး ဝတ်လို့ ရပါတယ်။

(၅) Biker Jackets ‌နဲ့ တွဲဝတ်ပါ

Photo : The Trend Spotter

Biker Jackets နဲ့ Joggers ဘောင်းဘီ တွေရဲ့ တွဲဖက်မှုဟာလည်း တကယ့်ကို လိုက်ဖက်တဲ့ ဖက်ရှင် အတွဲအစပ်တစ်ခု ဖြစ်ပါတယ်။ အများစုကတော့ Biker Jackets တွေ ဝတ်ကြပြီဆိုရင် Skinny Jeans တွေနဲ့ တွဲဝတ်ကြတာ များပါတယ်။ ကွီးတို့ မယုံမရှိပါနဲ့  Skinny Jeans တွေ နေရာမှာ Joggers ဘောင်းဘီတွေကို အစားထိုးပြီး Biker Jackets တွေနဲ့ တွဲဝတ်ကြည့်လိုက်ပါ။ တစ်ချိန်တည်းမှာတင် သက်တောင့်သက်သာဖြစ်မှုနဲ့ စတိုင်ကျမှုကို ကွီးတို့ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

(၆) Blazers ‌နဲ့ တွဲဝတ်ပါ


Photo : The Trend Spotter

Joggers ဘောင်းဘီတွေဟာ အံ့ဩစရာ ကောင်းလောက်အောင် စွယ်စုံရတဲ့ ဘောင်းဘီစတိုင် တစ်ခု ဖြစ်ပါတယ်။ Blazers တွေနဲ့ တွဲဖက် ဝတ်မယ်ဆိုရင်လည်း လုံးဝလိုက်ဖက်မှု ရှိပါတယ်။ Joggers တွေကို Blazers နဲ့ တွဲဝတ်တဲ့အခါ နက်ပြာရောင် ၊ မီးခိုးရောင်တွေလို အရောင်ခပ်မှိုင်းမှိုင်းနဲ့ ရိုးရိုးရှင်းရှင်းစတိုင် Blazers တွေကို ဦးစားပေးရွေးသင့်ပြီး အပေါ်နဲ့ အောက် ကာလာအတွဲအစပ်မိမိ ဝတ်ဖို့လည်း အရေးကြီးပါတယ်။

Joggers ဘောင်းဘီ တွေကို အားကစား ဘောင်းဘီတစ်ထည် ထက်ပိုပြီး လူငယ်ဆန်ဆန် ဖက်ရှင်ကျကျ ဝတ်ချင်တဲ့ ကွီးတို့အနေနဲ့ အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း စတိုင်အမိုက်ဆုံး ဝတ်လို့ရပါတယ်။

Featured Photo : The Adult Man