ရီးယဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ မေလက ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ကွယ်လွန်သွားခဲ့တဲ့ စပိန်လက်ရွေးစင်တိုက်စစ်ကစားသမားဟောင်း ရေယက်စ်ရဲ့ သားဖြစ်သူကို တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီလို့သိရပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ၎င်းတို့ရဲ့ ကတိအတိုင်း ရေယက်စ်ရဲ့ သားဖြစ်သူ လိုပက်ဇ်အား အကယ်ဒမီကစားသမားအဖြစ် ခေါ်ယူစောင့်ရှောက်သွားမှာပဲ ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပီရက်ဇ်ကတော့ လိုပက်ဇ်ကို အသက် (၁၈) နှစ်မတိုင်ခင်အထိ ခေါ်ယူစောင့်ရှောက်ထားမယ်လို့ ဆိုပါတယ်။

Source : Daily Mail Sport

အသက် (၁၁) နှစ်အရွယ် လိုပက်ဇ်ကို ရီးယဲလ်မက်ဒရစ်အသင်းထံခေါ်ယူဖို့ ဖခင်ဖြစ်သူ ရေယက်စ် ယာဉ်တိုက်မှုမဖြစ်ခင်ကတည်းက သဘောတူညီမှုရရှိထားခဲ့တာဖြစ်ကြောင်း စပိန်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ လိုပက်ဇ်ဟာ ရီးယဲလ်မက်ဒရစ် ယူ-၁၃ အသင်းမှာ လာမယ့်ရာသီမှ စတင်ကာ ကစားသွားမှာပဲ ဖြစ်ပါတယ်။ ၎င်းရဲ့အင်စတာဂရမ် လူမှုကွန်ယက်အကောင့်မှာတော့ “ရီးယဲလ်မက်ဒရစ်အသင်းနဲ့ အတူ စာမျက်နှာသစ် ဖွင့်လှစ်ခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိတယ်” လို့ရေးသားထားပါတယ်။

Source : Daily Mail Sport

ရီးယဲလ်မက်ဒရစ်အသင်းမှ လိုပက်ဇ်အား ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့တဲ့အပေါ် ရေယက်စ်ရဲ့ ကစားဖော်ဟောင်း ၊ မိတ်ဆွေဟောင်းများဖြစ်ကြတဲ့ ဖာဘရီဂတ်စ် နဲ့ အဲလ်ဗာရိုတို့ကလည်း ဝမ်းသာနေကြပြီး ကံကောင်းပါစေဟုသော ဆုတောင်းစကားတွေနဲ့ ချီးမွန်းဂုဏ်ပြုနေကြတာပဲ ဖြစ်ပါတယ်။ လိုပက်ဇ်ဟာ ဖခင်ဖြစ်သူ ရေယက်စ်နဲ့ ၎င်းရဲ့ ယခင်ဇနီးတို့မှ မွေးဖွားလာတဲ့ ကလေးတစ်ဦးပဲ ဖြစ်ပါတယ်။

Source : Daily Mail Sport

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ရေယက်စ်ဟာ အာဆင်နယ် ၊ ဆီဗီလား ၊ အက်သလက်တီကို စတဲ့နာမည်ကြီး ကလပ်အသင်းတွေမှာလည်း ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူသူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလအတွင်းက ဆီဗီလားမြို့မှာ ယာဉ်မတော်တဆမှုဖြစ်ကာ အသက်ဆုံးပါးသွားခဲ့တာပဲ ဖြစ်ပါတယ်။