မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ အီတလီကလပ်အသင်းဖြစ်တဲ့ နိုဗာရာ ကယ်စီယိုအသင်းကို ပထမဆုံး စတင်ရောက်ရှိခဲ့တဲ့အချိန်မှာ ဘောလုံးသမားနဲ့တောင် မတူဘူးလို့ နည်းပြဟောင်းက ပြောကြားခဲ့ပါတယ်။

မူရို ဘော်ဂတ်တီဟာ ပါရမီရှိတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမားကို ၂၀၁၂ ခုနှစ် နွေရာသီမှာ ယူရို ၄ သောင်းတည်းနဲ့ ဘိုအာဗီစတာအသင်းကနေ စီးရီးဘီကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ Estádio da Várzea ကွင်းမှာ လူငယ်ကစားသမားဘဝ အများစုကို ကုန်ဆုံးခဲ့ရတဲ့ ဖာနန်ဒက်စ်ဟာ ဘော်ဂတ်တီနဲ့ ၎င်းရဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ လူငယ်အသင်းဆီ ထည့်သွင်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Jose Mourinho Slams Bruno Fernandes

Photo: SportBible

ဒါပေမယ့်လည်း ရက်သတ္တပတ်အတော်များများ လူငယ် ခြေစစ်ပွဲတွေမှာ ကစားပေးခဲ့ပြီးနောက် ဖာနန်ဒက်စ်ရဲ့ ပါရမီကို အားလုံးမြင်တွေ့ခဲ့ရပြီး ချက်ချင်းဆိုသလို စီနီယာအသင်းဆီ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပုံမှန်တွေ့နေကျ ဘောလုံးသမားတွေနဲ့ မတူဘူးလို့ ဘော်ဂတ်တီရဲ့ ပြောကြားချက်အရ သိရပြီး Gazzetta နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသက် ၅၂ နှစ်အရွယ် နည်းပြက ငယ်ရွယ်တဲ့ ဘရူနိုဟာ နှိမ့်ချတတ်ပြီး ဘယ်တော့မှ ပျင်းရိခြင်းမရှိသူလို့ ပြောကြားခဲ့ပေမယ့် စရောက်လာတဲ့အချိန်တုန်းကတော့ ဘောလုံးသမားနဲ့တောင် မတူခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုဗာရာ ကယ်စီယိုအသင်းက ဖာနန်ဒက်စ်ရဲ့ နည်းပြဟောင်းက ပေါ်တူဂီကြယ်ပွင့်ရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်နဲ့ အပြုသဘောဆောင်တဲ့ ကျန်အရည်အသွေးအားလုံးက ကျန်တဲ့ကစားသမားတွေအားလုံးထဲမှာ ထင်ပေါ်စေခဲ့တာလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အဲဒါတွေအားလုံးထက် သူ့မှာ အခု ထိပ်တန်းအဆင့်မှာ ဘောလုံးကစားနိုင်အောင် ကွဲပြားစေခဲ့တဲ့ အရမ်းကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိခဲ့ပါတယ်။ ကျွန်တော် သိသလောက်ကတော့ အဲဒီအချိန်တုန်းက ကျွန်တော်တို့က သူ့ကို ခေါ်ယူချင်တဲ့ တစ်ခုတည်းသော အသင်းဖြစ်ခဲ့ပါတယ်။ သူကလည်း ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းလက်ခံခဲ့ပါတယ်”

“သူက အလုပ်အရမ်းကြိုးစားတယ်။ အီတလီဘာသာစကားကိုလည်း ချက်ချင်း လေ့လာဖို့ ကြိုးပမ်းခဲ့တယ်။ သူက အသင်းအစုအဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီး အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တာကြောင့် ချက်ချင်း နွေးနွေးထွေးထွေး ကြိုဆိုတာ ခံခဲ့ရပါတယ်”

“နိုဗာရယ်လိုထဲမှာရှိသမျှ အားလုံးနဲ့ သူက အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ တစ်ခါတလေ သူ့ အမေ ဒါမှမဟုတ် သူ့ ကောင်မလေးက သူ့ဆီ လာလည်တယ်။ သူက အနေမှန်တဲ့လူပါ။ ကျော်ကြားမှုနဲ့ လူသိများထင်ရှားမှုက သူ့ကို မပြောင်းလဲစေပါဘူး”

Bruno Fernandes

Photo: SportBible

“သူ့ရဲ့ စွမ်းရည်တွေက အဓိကအားဖြင့် နည်းစနစ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်းပဲ။ သူလုပ်ရမှာက ကျန်တဲ့လူတွေနဲ့ ယှဉ်ရင် သာမန်အောက်ဖြစ်နေတဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းပဲ။ အားကစားသမား ရှုထောင့်ကနေပဲ ပြောတာမဟုတ်ပါဘူး။ သူက အမြဲတမ်း အကြမ်းခံနိုင်မှုနဲ့ အသက်ရှူနည်း အရည်အချင်းတွေရှိခဲ့ပါတယ်။ ကျွန်တော် သူ့ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ သူ နိုဗာရာမှာ အချိန်ကုန်ဆုံးခဲ့တဲ့ရာသီအတွင်းမှာပဲ အသက် ၁၈ နှစ် ပြည့်ခဲ့တယ်။ အခုဆိုရင် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဌာန်က တိုးတက်လာခဲ့ပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ နိုဗာရာကို ရောက်ရှိခဲ့ပြီးနောက် တစ်နှစ်အကြာမှာပဲ စီးရီးအေအသင်းဖြစ်တဲ့ အူဒီးနီးစ်ရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး ခြေစွမ်းပိုင်းက ဆက်လက်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားနဲ့ စပို့တင်းတို့မှာ ရှိခဲ့တဲ့ကာလအတွင်း အထင်ကြီးဖွယ် ခြေစွမ်းတွေ ပြသခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်က ခေါ်ယူခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ နောက်ထပ် အောင်မြင်တဲ့ရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် လက်ရှိမှာ ယူဆခြင်းခံထားရသူဖြစ်ပါတယ်။