နိုင်ငံရေးသမားများ၏ဘဝနေထိုင်မှုပုံစံသည် ၎င်းတို့မဲဆန္ဒရှင်များနှင့်နှိုင်းယှဉ်လျှင် ကွာခြားလွန်းလှသည်မှာ မကျေနပ်စရာကိစ္စတစ်ခုဖြစ်ပါတယ်။ ဥရုဂွေးနိုင်ငံတွင်မူ ထိုသို့မဟုတ်ပေ။ သမ္မတဟောင်း ဟိုဆေးမူဂျီကာသည် အနေစုတ်သည့် လယ်တောတွင်နေကာ လစာအများစုကို စွန့်ကြဲပေးကမ်းသူတစ်ဦးဖြစ်ပါတယ်။

အိမ်ရှေ့တွင် လျှော်ပြီးသားအဝတ်များကို ကြိုးတန်းလှမ်းထားသလို ရေကိုလည်း ပေါင်းပင်များထနေသည့် ခြံဝင်းထဲရှိရေတွင်းမှ ယူသုံးသည်။ အိမ်အပြင်ဘက်တွင် ၎င်းကို စောင့်ရှောက်နေသော ရဲအရာရှိနှစ်ဦးနှင့် မန်နျူအဲလာ (Manuela) ခေါ် ခြေထောက်သုံးချောင်းသာပါသော ခွေးလေးတစ်ကောင်သာရှိပါတယ်။

Source: The Plaid Zebra

နိုင်ငံ့ခေါင်းဆောင်များအတွက် ဥရုဂွေးနိုင်ငံက ပေးအပ်ထားသော ဇိမ်ခံအိမ်ကို ပစ်ပယ်ပြီး မြို့တော် မွန်တီဗီဒီယို (Montevideo) ပြင်ပရှိ လယ်တော်အိမ်တွင် သူ၏ဇနီးနှင့်အတူနေထိုင်ရန် ရွေးချယ်ခဲ့ပါတယ်။ သမ္မတကြီးနှင့်ဇနီးတို့သည် လယ်အတူလုပ်ကြပြီး ပန်းများကိုလည်းကိုယ်တိုင်စိုက်ပျိုးကြပါတယ်။

မူဂျီကာသည် ယူရို (၇၅၀၀) နှင့်ညီမျှသော သူ့လစာ၏ (၉၀) ရာခိုင်နှုန်းကို ပရဟိတအဖွဲ့တွေကို လှူဒါန်းလေ့ရှိပါတယ်။ ဒီလို နေထိုင်တဲ့အတွက်ကြောင့်လည်း ကမ္ဘာ့အဆင်းရဲဆုံးသမ္မတအဖြစ် ကင်ပွန်းတပ်ခံရသူဖြစ်ပါတယ်။

“ကျွန်တော့်ဘဝရဲ့အချိန်အများစုကို ဒီလိုပဲဖြတ်သန်းနေထိုင်ခဲ့တာပါ။ ကျွန်တော့ဆီမှာ ရှိတာလေးနဲ့ အဆင်ပြေအောင် နေနိုင်ပါတယ်” ဟု မူဂျီကာက BBC နဲ့အင်တာဗြူးအစီအစဉ်မှာ ပြောသွားခဲ့ပါတယ်။

Source: The Guardian

(၂၀၁၀) ခုနှစ်က ပိုင်ဆိုင်မှုကြေညာချက်အရ မူဂျီကာရဲ့ ပိုင်ဆိုင်မူဟာ ယူရို (၁၁၀၀)  တန် (၁၉၈၇) ခုနှစ်ထုတ် Volkswagen Beetle ကားတစ်စီးသာရှိသည်။ သူ့ဇနီးပိုင်ဆိုင်သည့် မြေ၊ လယ်ထွန်စက်များနှင့် အိမ်တစ်လုံးကို ထည့်သွင်းကြေညာမှ  ယူရို (၁၃၅,၀၀၀) ထိ ဖြစ်သွားခဲ့ပါတယ်။

မူဂျီကာသည် ၂၀၀၉ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ကျူးဘားတော်လှန်ရေးကိုထောက်ခံသော လက်ဝဲလက်နက်ကိုင်အုပ်စုဖြစ်သည့် ဥရုဂွေးပြောက်ကျားတပ် Tupamaros တွင် ၁၉၆၀ နှင့် ၁၉၇၀ နှစ်များအတွင်း ပါဝင်ခဲ့ပါတယ်။ သူဟာ ခြောက်ကြိမ် လက်နက်ထိမှန်ခဲ့ပြီး ၁၄ နှစ်ထောင်ကျဖူးသည်။ ထိန်းသိမ်းခံရစဉ် တိုက်ပိတ်မှုများခံခဲ့ရပြီး နိုင်ငံဒီမိုကရေစီခေတ်ရောက်ချိန် ၁၉၈၅ တွင် ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

Source: Culture War Repoters

“ကျွန်တော့်ကို အဆင်းရဲဆုံးသမ္မတလို့ခေါ်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလိုမခံစားမိဘူး။ ဆင်းရဲတဲ့လူဆိုတာ အကုန်အကျများတဲ့နေထိုင်မှုဘဝကို ထိန်းဖို့ကြိုးစားနေတဲ့သူတွေဖြစ်ပြီး ရလေလိုလေ လူစားမျိုးတွေပါ။ ပိုင်ဆိုင်မှု များများစားစားမရှိရင် အဲဒါတွေကို ထိန်းသိမ်းဖို့ ကျွန်တစ်ယောက်လို လုပ်နေစရာ မလိုတော့ဘူး။ ကိုယ့်အတွက်လည်း အချိန်ပိုရလာတယ်။ ကျွန်တော်က သူများနဲ့မတူတဲ့ အဖိုးကြီးတစ်ယောက် ဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် ဒါက လွတ်လပ်တဲ့ရွေးချယ်မှုပဲလေ” ဟု မူဂျီကာကပြောပါတယ်။

ဘာပဲပြောပြော ဥရုဂွေး သမ္မတဟောင်း ဟိုဆေးမူဂျီကာဟာ အခြားနိူင်ငံတွေရဲ့ သမ္မတတွေနဲ့ ကွာခြားတဲ့ နေထိုင်မူပုံစံရှိတာကိုတော့ ဝန်ခံရမှာပါ။