နေအဖွဲ့အစည်းမှာနေဟာ အဓိကအပူစွမ်းအင်ဖြစ်တဲ့အပြင် သမိုင်း၊ ဘာသာရေးနဲ့ သိပ္ပံဆိုင်ရာအရင်းခံလည်း ဖြစ်ပါတယ်။ နေဟာလူတွေအားလုံးရဲ့ အသက်ရှင်ရပ်တည်မှုအတွက် အရေးကြီးလှပါတယ်။ ယနေ့ နေအဖွဲ့အစည်း ဆိုင်ရာရူပဗေဒပညာရှင်များကနေနဲ့ စကြာဝဠာထဲက တခြားကြယ်တွေဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပိုမိုနားလည်ရန်နဲ့ ၎င်းတို့ရဲ့တည်ဆောက်ပုံနဲ့လုပ်ဆောင်မှုတွေကိုသိဖို့လေ့လာခဲ့ကြပါတယ်။ အခုပြောပြပေးမှာက နေလုံးကြီးနဲ့ပတ်သတ်ပြီး ပညာရှင်တွေလေ့လာထားတဲ့အကြောင်းအရာတွေကိုဗဟုသုတအနေနဲ့ ပြောပြပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားရင်အောက်မှာဖတ်ကြည့်လိုက်ပါဦး။

(၁) ကမ္ဘာကြီးက နေလုံးကြီးကို မြင်ရတဲ့ပုံစံ

ကမ္ဘာမြေပေါ်ကနေ နေလုံးကြီးကိုမြင်ရတဲ့ပုံစံက တောက်ပတဲ့အဝါရောင်အလုံးကြီး တူပါတယ်။ နေဟာ ကမ္ဘာကနေ ကီလိုမီတာ ၁၅၀ ခန့်ဝေးတဲ့ Orion Arm နဂါးငွေ့တန်းဂလက်ဆီရဲ့တစိတ်တပိုင်းလဲဖြစ်ပါတယ်။ တကယ်လို့နေကို ကြည့်ရှုလေ့လာမယ်ဆိုရင် အလင်းရောင်တောက်လွန်းတဲ့အတွက်အထူးအကာအကွယ်တွေလိုအပ်ပါတယ်။ သင့်ရဲ့တယ်လီစကုပ်မှာ အထူးအရောင်စစ်ဆိုလာပြားမပါဘဲကြည့်မယ်ဆိုရင် သင့်မျက်လုံးအတွက်အန္တရာယ်ကင်းမှာမဟုတ်ပါဘူး။

(၂) နေလုံးကြီးရဲ့ဆွဲအား

မြေထုဆွဲအားဆိုတာ ဂြိုလ်များကိုနေအဖွဲ့အစည်းအတွင်းလှည့်ပတ်နေအောင်ပြုလုပ်ပေးတဲ့ သံလိုက်ဆွဲအား တစ်ခုဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် နေမျက်နှာပြင်ရဲ့ဆွဲအားက 274.0 m/s 2 ရှိပြီး ကမ္ဘာမြေရဲ့ဆွဲ အားက 9.8 m/s2 ဖြစ်ပါတယ်။ ဒါကြောင့် ဒုံးပျံယာဉ်တစ်စီး နေအနီးနားကဖြတ်သန်းသွားမယ်ဆိုရင် နေရဲ့ဆွဲအားမှလွတ်မြောက်ဖို့ ၂,၂၂၃,၇၂၀ ကီလိုမီတာနှုန်းနဲ့ အရှိန်မြှင့်တင်ဖို့လိုမှာဖြစ်ပါတယ်။ နေကနေ solar wind လို့ခေါ်တဲ့ လေထုတမျိုးကိုထုတ်လွှတ်ပေးပြီး ရာသီဥတုပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

(၃) နေလုံးကြီးရဲ့ထုထည်

နေလုံးကြီးရဲ့ထုထည်ဟာ အလွန်ကြီးမားပါတယ်။ ထုထည်အားဖြင့် ၎င်းမှာနေအဖွဲ့အစည်းအတွင်းမှာပါဝင်တဲ့ ဂြိုလ်၊ ဂြိုလ်သိမ်နဲ့ ကြယ်တံခွန်တွေရဲ့စုစုပေါင်းထုထည်ရဲ့ ၉၉.၈% ကျော်အထိပါဝင်နေပါတယ်။ နေလုံးကြီးဟာအလွန်ကြီးမားကာ ၎င်းရဲ့အီကွေတာက ၄,၃၇၉,၀၀၀ ကီလိုမီတာနီးပါးအထိရှိပြီး ဒါကကမ္ဘာလုံးအရေအတွက် ၁၃သန်းလောက်အထိထည့်နိုင်တဲ့ ထုထည်ပမာဏရှိတယ်လို့ဆိုပါတယ်။

(၄) နေလုံးကြီးရဲ့အတွင်းပိုင်း


နေလုံးကြီးဟာ အပူလွန်ကဲနေတဲ့ဓါတ်ငွေ့တွေလောက်ကျွမ်းနေတဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ၎င်းရဲ့မီးလျှံတွေဟာဆိုရင် ကြက်သွန်တစ်လုံးလိုပဲ အလွှာများစွာရှိပါတယ်။ နေလုံးကြီးရဲ့အလယ်ဗဟိုတည့်တည့်မှာ core လို့ခေါ်တဲ့ စွမ်းအင်ထုတ်လွှတ်တဲ့နေရာရှိပြီး အဲ့ဒီနေရာမှာ ဟိုက်ဒရိုဂျင်တွေ ဟီလီယမ်အဖြစ်ပေါင်းစပ်သွားကာ အလင်းနဲ့အပူကို ဖန်တီးပေးပါတယ်။ အလယ်ဗဟိုရဲ့အပေါ်မှာတော့ ဓါတ်ရောင်ခြည်တွေဖြာထွက်နေပြီး အပူစီးကူးစေတဲ့ဇုံတွေပါဝင်ပါတယ်။