သင်ဟာ ဝိတ်ကျချင်သူတစ်ယောက်ဆိုရင်တော့ ဒီဆောင်ပါးလေးက သင့်အတွက် အထူးလက်ဆောင်တစ်ခုဖြစ်စေမှာပါ။ဝိတ်ချတယ်ဆိုတာကတော့ နေ့ချင်းညချင်းပြောင်းလဲလို့မရနိုင်ပါဘူး။သေချာစားသောက်နေထိုင်မှုပုံစံတွေကို ဂရုစိုက်ပြီး နည်းစနစ်မှန်ကန်စွာ ဝိတ်ချမှသာ လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာပါ။ ဒီတစ်ခေါက်မှာတော့ ဝိတ်ကျချင်သူတွေအနေနဲ့သောက်သုံးသင့်တဲ့ ဝိတ်ကျဖို့ကူညီပေးတဲ့ ဖျော်ရည်တွေအကြောင်းပြောပြပေးပါမယ်။

(၁) မုလာဥနီဖျော်ရည်

ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့ မုလာဥနီက ကိုယ်အလေးချိန်ကျဖို့ အသင့်တော်ဆုံး စားစရာတစ်ခုဖြစ်ပါတယ်။ဖျော်ရည်အဖြစ်သောက်သုံးမယ်ဆိုရင်လည်း အစားစားချင်စိတ်ကိုလည်း ကြာရှည်စွာထိန်းထားပေးပြီး ခန္ဓာကိုယ်အဆီပိုတွေလောင်ကျွမ်းစေကာ အသားအရေကြည်လင်လှပစေပါတယ်။

(၂) ကြက်ဟင်းခါးသီးဖျော်ရည်

ကြက်ဟင်းခါးသီးဟာ အရသာအားဖြင့်ခါးသော်လည်း ဆေးဖက်ဝင်တဲ့အသီးတစ်မျိုးပါ။ ကြက်ဟင်းခါးသီးဟာ အသည်းကျန်းမာရေးကိုကောင်းမွန်စေပြီး ကယ်လိုရီပါဝင်မှုနှုန်းနည်းတဲ့အပြင် ခန္ဓာကိုယ်ကအဆီပိုတွေကိုလောင်ကျွမ်းစေတာကြောင့် ဝိတ်ကျဖို့သောက်သုံးရန်အသင့်တော်ဆုံး ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

(၃) သခွားသီးဖျော်ရည်

ရေဓာတ် အမျှင်ဓာတ်တွေများစွာပါဝင်တဲ့ သခွားသီးဟာ ကိုယ်အလေးချိန် ကျဆင်းစေဖို့ အကောင်းဆုံးကူညီးပေးနိုင်ပါတယ်။ သခွားသီးမှာလည်း ကယ်လိုရီပါဝင်မှုအရမ်းကိုနည်းပါးပါတယ်။ အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီး အခုလိုပူပြင်းတဲ့နွေရာသီမှာ လန်ဆန်းတက်ကြွစေဖို့ သောက်သုံးရန်အသင့်တော်ဆုံး ဖျော်ရည်တစ်မျိုးပါ။ ပူစီနံအနည်းငယ်ရောကြိတ်၍သောက်သုံးရင်ပိုကောင်းပါတယ်။

(၄) ဖရဲသီးဖျော်ရည်

အရည်ရွှမ်းပြီး အရသာရှိတဲ့ ဖရဲသီးဟာ ပူပြင်းတဲ့အခုလိုရာသီမှာ စားသုံးဖို့အသင့်တော်ဆုံးပါ။ ဖရဲသီး ၁၀၀ ဂရမ်မှာ ကယ်လိုရီက ၃၀သာပါဝင်တာကြောင့် ကယ်လိုရီပါဝင်မှုနှုန်းလည်းအရမ်းကိုနည်းပါတယ်။ ဖရဲသီးဟာ နွေရဲ့အပူဒဏ်ကိုလျော့ချပေးပြီး ဖရဲသီးမှာပါဝင်တဲ့ အမိုင်နိုအက်စစ် ကအဆီတွေကိုလောင်ကျွမ်းဖို့ ကူညီပေးမှာဖြစ်ပါတယ်။