အမျိုးသားအများစုက အသားအရေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဂရုမစိုက်ကြဘဲ လျစ်လျူရှုတတ်ကြပါတယ်။ တကယ်တော့ ကျန်းမာလှပတဲ့အသားအရေဆိုတာ အမျိုးသမီးအတွက်ပဲ အရေးကြီးတာမဟုတ်ဘဲ အမျိုးသားထုအတွက်လည်း အရေးကြီးပါတယ်။ သို့ပေမယ့် အသားအရေကို တကူးတကကြီး ဂရုစိုက်ဖို့ အချိန်မရသူများအတွက် ပင်ပင်ပန်းပန်းနဲ့တကူးတကပြုလုပ်စရာမလိုဘဲ အလွယ်တကူသောက်သုံးနိုင်တဲ့ ဖျော်ရည်လေးများကို ညွှန်းပေးလိုက်ချင်ပါတယ်။
သခွားသီးဖျော်ရည်
Source: food.ndtv.com
သခွားသီးဖျော်ရည်က သင့်အသားအရေကို အစိုဓာတ်ထိန်းပေးထားပြီး အသားအရေကြည်လင်တောက်ပအောင်၊ တင်းတင်းရင်းရင်းလေးဖြစ်နေအောင် ကူညီပေးပါတယ်။ သခွားသီးမှာ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေညစ်နွမ်းနွမ်းဖြစ်ခြင်း၊ အသားခြောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ခရမ်းချဉ်သီးဖျော်ရည်
Source: food.ndtv.com
အသက်အရွယ်ရလာလို့ ပါးရေတွန့်ပြီး အရေးအကြောင်းတွေ မပေါ်ချင်ဘူးဆိုရင်တော့ Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးပေးပါ။
သဘောင်္သီးဖျော်ရည်
Source: www.wikihow.com
သဘောင်္သီးဖျော်ရည်ထဲမှာ ပါဝင်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးက အသားအရေညစ်နွမ်းခြင်းမှ ကာကွယ်ပေးပြီး အသားအရေကြည်လင်သန့်စင်စေပါတယ်။ နူးညံ့ဝင်းမွတ်တဲ့အသားအရေပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သင်္ဘောသီးဖျော်ရည် မှန်မှန်သောက်ပေးလိုက်ပါ။
ရှားစောင်းလက်ပတ်ဖျော်ရည်
Source: www.biggalyoga.com
အလှအပအတွက် ဘက်စုံအသုံးဝင်တဲ့ဖျော်ရည်ကတော့ ရှားစောင်းလက်ပတ်ဖျော်ရည်ပဲဖြစ်ပါတယ်။ အသားအရေအလှအပအတွက်ရော ဆံပင်ကျန်းမာရေးအတွက်ပါ အထောက်အကူပြုတာကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးဖို့လည်း မမေ့ပါနဲ့။
ဂျင်းနှင့် သံပုယိုရည်
Source: andreabeaman.com
ကျန်းမာရေးအတွက် အကောင်းဆုံးသဘာဝဆေးစွမ်းကောင်းတစ်လက်ကတော့ ဂျင်းပဲဖြစ်ပါတယ်။ ဂျင်းမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ဂျင်းဖျော်ရည်သောက်သုံးပေးမယ်ဆိုရင် အသားအရေဝင်းမွတ်တောက်ပြောင်စေမယ့်အပြင် သံပုယိုရည်ပါ ရောထည့်ပြီးသောက်မယ်ဆိုရင်တော့ ပိုအရသာရှိပါတယ်။
ပန်းသီးဖျော်ရည်
Source: rawito.co.uk
ပန်းသီးမှာ Collagen ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသားအရေတင်းတင်းရင်းရင်းဖြစ်စေမယ့်အပြင် ချောမွေ့တောက်ပြောင်စေမှာပါ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းများဖြစ်ပေါ်ခြင်းမှာလည်း ကာကွယ်ပေးပါတယ်။
အခုဖော်ပြသွားတဲ့ဖျော်ရည်များကို တစ်မျိုးတည်းစွဲသောက်ပေးလို့လည်း ရသလို တစ်ရက်တစ်မျိုးသောက်သုံးပေးရင်လို့လည်း ရပါတယ်။ ပုရိသတို့လည်း အသားအရေထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့။