လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ ဒဏ်ရာပြဿနာကြောင့် အချိန်အကြာကြီး အနားယူနေခဲ့ရပြီးနောက် ကမ္ဘာ့အကောင်းဆုံး နောက်ခံလူပုံစံကို ပြန်လည်ရယူနိုင်ပြီလို့ လီဗာပူး နောက်တန်းကစားသမား ဗာဂျီလ်ဗန်ဒိုက်အား ချီးကျူးဂုဏ်ပြုစကားဆို လိုက်ပါတယ်။

Jurgen Klopp hails Virgil van Dijk's stunning return to form as the Liverpool manager insists the Dutchman is 'now back to his best' after long injury lay off

Photo : The SportsRush

ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အပြောင်းအရွေ့ကာလမှာ ဆောက်သမ်တန်အသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွေ့ကြေး ပေါင် ၇၅ သန်းနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပြီး လီဗာပူးအသင်းမှာ ၄ နှစ်တာကာလအတွင်း အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်တွေမှာလည်း လီဗာပူးအသင်းကို ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေ ဆွတ်ခူးနိုင်အောင် အဓိကနေရာက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အောက်တိုဘာလက ပြင်းထန်တဲ့အရွတ်ဒဏ်ရာကြောင့် အချိန်တော်ကြာ အနားယူနေခဲ့ရတာဖြစ်ပါတယ်။

ဗန်ဒိုက်အနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်းက အခက်အခဲဆုံးအချိန်တွေကိုကျော်ဖြတ်ခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေး အစီအစဉ်တွေနဲ့ ကိုယ်ကိုယ့်ကို တိုးတက်မှုအတွက် ကိုယ်ပိုင်ကတိကဝတ်တွေထားရှိခဲ့ကာ လီဗာပူးအသင်းအတွက် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ တစ်ဖန်ပြန်ပြီး လွှမ်းမိုးလာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Jurgen Klopp hails Virgil van Dijk's stunning return to form as the Liverpool manager insists the Dutchman is 'now back to his best' after long injury lay off
Photo : The Independent

” ဗန်ဒိုက်က အတော်လေးပြန်ကောင်းလာပါပြီ ၊ ဒီအတိုင်းဆက်ထိန်းထားဖို့လိုတယ် ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းက ကောင်းကောင်းလည်ပတ်နိုင်တဲ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါပြီ ၊ သူ့အနေနဲ့ တချို့ အရာလေးတွေမှာ rhythm မှန်နေဖို့တော့လိုတယ် ၊ ဒါကလည်း သူအတွက် အရေးကြီးတယ် ၊ သေချာတာကတော့ အခုလက်ရှိသူအကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်နေပြီဆိုတာပဲ ၊ အခြေအနေအရမ်းကောင်းပါတယ်” လို့ လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ပ်က ချီးကျူးမှတ်ချက်ပေးခဲ့ပါတယ်။

အသက် ၃၀ အရွယ် နယ်သာလန် နောက်ခံလူ ဗန်ဒိုက်ဟာ ၂၀၁၉ PFA အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့သလို ဘော်လွန်ဒီအောဆု ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး နောက်တန်းကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail