ဂျူဗင်တပ်နည်းပြသစ် မူရီဇီယိုဆာရီဟာ ယခုနွေရာသီမှာ ကန်ဆယ်လိုကို ရောင်းချလိုနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းက ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

Source: Mirror

အီတလီကသတင်းတွေအရ ဂျူဗင်တပ်နည်းပြ ဆာရီဟာ နောက်ခံကစားသမား ကန်ဆယ်လိုကို ရောင်းချဖို့ သဘောတူညီခဲ့တယ်လို့ သိရပြီး ကန်ဆယ်လိုကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးအတွက် အားတက်စရာဖြစ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ယခုနွေရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကနေ ကွင်းလယ်ခံစစ်ကစားသမား ရိုဒရီ၊ ပီအက်ဗွီအသင်းကနေ ဘယ်နောက်ခံကစားသမား အိန်ဂျလီနိုတို့ကို ခေါ်ယူထားပြီးဖြစ်ပေမယ့် နည်းပြဂွါဒီယိုလာက ညာနောက်ခံနေရာအတွက် ကန်ဆယ်လိုကို ထပ်မံခေါ်ယူလိုနေတာဖြစ်ပါတယ်။

Source : Bleacher Report

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်ဆယ်လိုဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်အသင်းကို စီးရီးအေဖလား၊ ပေါ်တူဂီလက်ရွေးစင်အသင်းကို ဥရောပနေးရှင်းလိဂ်ဖလား ရရှိအောင် တောက်လျှောက် စွမ်းဆောင်ရည်ကောင်းပြသပြီး ကူညီပေးခဲ့သူဖြစ်ပါတယ်။

ကန်ဆယ်လိုဟာ ဘင်ဖီကာ၊ ဗလင်စီယာနဲ့ အင်တာမီလန်အသင်းတို့အတွက် ကစားပေးခဲ့ဖူးသူဖြစ်ပြီး ဂွါဒီယိုလာအပါအဝင် ဥရောပတလွှားက နည်းပြတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

Source: bleacher report

Tuttomercato ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်နည်းပြဆာရီဟာ လာမယ့်ရာသီ ၎င်းရဲ့ပထမအသင်းမှာ ကန်ဆယ်လိုအနေနဲ့ ပုံမှန်ပါဝင်ကစားခွင့်ရရှိမှာမဟုတ်တဲ့အတွက် ရောင်းချဖို့အတွက် အသင်းကို မီးစိမ်းပြလိုက်ပြီလို့ သိရပါတယ်။