ဂျူဗီတပ်အသင်းဟာ နည်းပြဆာရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နည်းပြသစ်အဖြစ် ဂျူဗီတပ် ယူ ၂၃ နည်းပြ ပီယာလိုကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ယူ ၂၃ နည်းပြအဖြစ် ခန့်အပ်အပြီး သိပ်မကြာခင်မှာပဲ ပီယာလိုကို အသင်းကြီး နည်းပြချုပ်အဖြစ်ပြောင်းလဲခန့်အပ်ခဲ့တာပါ။

Source: First Reports

ဆာရီဟာ ဂျူဗီတပ်အသင်းကို စီးရီးအေ အမှတ်ပေးဖလားရရှိအောင် စွမ်းဆောင်ပေးနိူင်ခဲ့ပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာရယ် Coppa Italia ဗိုလ်လုပွဲမှာ နာပိုလီအသင်းကို ရှုံးနိမ့်ခဲ့ရတာရယ်ကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်ပါတယ်။ ဂျူဗီတပ်အသင်းဟာ နောက်ဆုံးပွဲစဉ် (၄) ပွဲမှာ (၃) ပွဲအထိရှုံးနိမ့်ထားပါတယ်။

Source: GhNewsfile

အသက် (၄၁) နှစ်အရွယ် ပီယာလိုဟာ ဂျူဗီတပ်အသင်းနည်းပြအဖြစ် (၂) နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။ အီတလီကွင်းလယ်လူဟောင်း ပီယာလိုဟာ (၂၀၁၁) ခုနှစ်က အေစီမီလန်ကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက်ပြိုင်ပွဲစုံ (၁၆၄) ပွဲအထိပါဝင်ကစားပေးထားပြီး (၁၉) ဂိုးသွင်းယူပေးထားပါတယ်။

Source: Radio Univers 105.7FM

(၂၀၁၅) ခုနှစ်မှာ ဂျူဗီတပ်အသင်းကနေ ထွက်ခွာခဲ့ပြီး အမေရိကန်မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးမှာ ကစားခဲ့ပါတယ်။ နယူးယော့ခ်စီးတီးအသင်းမှာ (၂) နှစ်တာကစားခဲ့ပြီး (၂၀၁၇) ခုနှစ်မှာ အနားယူခဲ့ပါတယ်။

နည်းပြချုပ်အနေနဲ့ ပထမဆုံးအကြိမ်ကိုင်တွယ်မယ့် ပီယာလိုဟာ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။