ဂ်ဳဗင္တပ္စ္အသင္းကေတာ့ ၿပီးခဲ႔တဲ႔ရက္ပုိင္းကမွ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေန ကြာတားဖုိင္နယ္အဆင့္နဲ႔ ထြက္ခြာလာခဲ႔ရေပမယ့္လည္း မေန႔ညက ယွဥ္ၿပိဳင္ကစားခဲ႔တဲ႔ စီးရီးေအပြဲစဥ္မွာ ၿပိဳင္ဘက္ဖီအုိရင္တီးနားအသင္းကုိ ၂ ဂုိး ၁ ဂုိးနဲ႔ ကပ္အႏုိင္ရခဲ့ၿပီး စီးရီးေအခ်န္ပီယံဆုကုိ ၈ ရာသီဆက္တုိက္ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ ဂ်ဳဗင္တပ္စ္အသင္းဟာ စီးရီးေအပြဲစဥ္ ၅ ပြဲအထိကစားဖုိ႔ က်န္ရွိေနေသးေပမယ့္လည္း ဒုတိယေနရာ နာပုိလီအသင္းကုိ အမွတ္၂၀ အထိကုိ ျပတ္ျပတ္သားသား ျဖတ္ေတာက္လုိက္ႏုိင္တာေၾကာင့္ အခုလုိခ်န္ပီယံဆုကုိ ေစာေစာစီးစီးပဲ သိမ္းပုိက္ႏုိင္ခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : The Edwardsville Intelligencer

ဂ်ဳဗင္တပ္စ္အသင္းဟာ ဖီအုိရင္တီးနားကုိ ပထမပုိင္းမွာ ခက္ခက္ခဲခဲ ကစားခဲ႔ရၿပီး ၁ ဂုိးစီသေရက်ေအာင္အထိပါ ရုန္းကန္ခဲ႔ရပါတယ္။ ဒါေပမယ့္ ဒုတိယပုိင္းမွာေတာ့ အသင္းရဲ႕ ကစားပုံက တုိးတက္ေကာင္းမြန္လာခဲ႔ၿပီး ရုိနယ္ဒုိရဲ႕ တုိက္စစ္ဆင္မႈကေန ရရွိလာခဲ့တဲ႔ ကုိယ့္ဂုိးကုိယ္သြင္းယူမႈကေန အႏုိင္ဂုိးကုိ ရရွိခဲ႔တာျဖစ္ပါတယ္။ ပြဲအၿပီးမွာေတာ့ ဂ်ဳဗင္တပ္စ္အသင္းဟာ ဒုတိယေနရာက နာပုိလီရဲ႕ ရလဒ္ကုိၾကည့္ရွုေနစရာမလုိေတာ့ဘဲ စီးရီးေအဆုဖလားကုိ ပုိင္ဆုိင္ခဲ႔တာျဖစ္ပါတယ္။ ဒီဆုဖလားဟာ ဂ်ဳဗင္တပ္စ္အသင္းအတြက္ေတာ့ ၈ ရာသီဆက္တုိက္ ဆြတ္ခူးခဲ့တဲ႔ ဖလားတစ္လုံးျဖစ္တာေၾကာင့္ ဥေရာပထိပ္သီးလိဂ္ေတြထဲမွာ အမွတ္ေပးဖလားကုိ ရာသီဆက္အမ်ားဆုံး ရယူႏုိင္တဲ့အသင္းအျဖစ္ မွတ္တမ္းသစ္ေရးထုိးႏုိင္ခဲ႔ပါတယ္။

Photo Credit : The Star

ယခင္က ျပင္သစ္လီဂူး ကလပ္အသင္း လုိင္ယြန္က ျပင္သစ္လီဂူး အမွတ္ေပးဆုဖလားကုိ ၇ ရာသီဆက္ ရယူႏုိင္ခဲ႔ၿပီး စံခ်ိန္တင္ထားႏုိင္ခဲ႔ေပမယ့္လည္း အခုေတာ့ လုိင္ယြန္ရဲ႕စံခ်ိန္ကုိ ဂ်ဳဗင္တပ္စ္အသင္းက ၈ ရာသီဆက္ ရယူခဲ႔ၿပီး စံခ်ိန္ခ်ိဳးႏုိင္ခဲ႔ပါတယ္။ ဒါ့အျပင္ အီတလီေဘာလုံးေလာကမွာဆုိရင္လည္း ဂ်ဳဗင္တပ္စ္လုိ ပြဲ ၅ ပြဲကစားဖုိ႔ က်န္ရွိေနေသးခ်ိန္မွာ စီးရီးေအဆုဖလားကုိ ေစာေစာစီးစီး သိမ္းပုိက္ႏုိင္ခဲ႔ဖူးတဲ႔ အသင္းတစ္သင္းမွ မရွိေသးတာေၾကာင့္ ဥေရာပေအာင္ျမင္မႈမရခဲ႔ေပမယ့္လည္း စံခ်ိန္မွတ္တမ္းေကာင္းမ်ားစြာနဲ႔ ေပါင္းဖက္ရရွိခဲ႔တဲ႔ စီးရီးေအဆုဖလားက ဂ်ဳဗင္တပ္စ္အတြက္ေတာ့ စိတ္ေက်နပ္စရာ ျဖစ္ခဲ႔ရပါတယ္။

Photo Credit : Mirror

ဒီလုိအသင္းလုိက္ေအာင္ျမင္မႈသာမကပဲ ဒီႏွစ္ရာသီကမွ ဂ်ဳဗင္တပ္စ္အသင္းကုိ စတင္ေရာက္ရွိလာခဲ႔တဲ႔ ခရစၥတီယာႏုိရုိနယ္ဒုိမွာလည္း ပရီးမီးယားလိဂ္ခ်န္ပီယံဆု လာလီဂါခ်န္ပီယံဆုနဲ႔ စီးရီးေအခ်န္ပီယံဆုတုိ႔ကုိ ကစားသမားဘဝအတြင္း ရယူႏုိင္ခဲ႔တဲ႔ ေဘာလုံးေလာကရဲ႕ ပထမဦးဆုံး ကစားသမားတစ္ေယာက္အျဖစ္ မွတ္တမ္းဝင္သြားခဲ႔ရပါတယ္။ ရုိနယ္ဒုိကုိ ဂ်ဳဗင္တပ္စ္အသင္းက ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈရယူေပးဖုိ႔အတြက္ ေခၚယူခဲ႔တာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာလည္း အေကာင္းဆုံးစြမ္းေဆာင္ျပႏုိင္ခဲ့ေပမယ့္ ဂ်ဳဗီအသင္းကုိက အားနည္းခ်က္ေတြရွိခဲ႔လုိ႔သာ ကြာတားအဆင့္နဲ႔ပဲ ေက်နပ္ခဲ႔ရတာျဖစ္ပါတယ္။ ရုိနယ္ဒုိဟာ ဂ်ဳဗင္တပ္စ္အသင္းအတြက္ ဘယ္ေလာက္အထိ အေရးပါခဲ႔သလဲ စီးရီးေအမွာ ဂ်ဳဗီရရွိခဲ့တဲ႔ ရွုံးပြဲ ၂ ပြဲလုံးက ရုိနယ္ဒုိမပါဝင္ႏုိင္တဲ႔ပြဲေတြမွာပဲ ရရွိခဲ႔ရတာျဖစ္တာကုိၾကည့္ၿပီး သိႏုိင္ပါတယ္ခင္ဗ်ာ။

(Unicode)

ဂျုဗင်တပ်စ်အသင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ကွာတားဖိုင်နယ်အဆင့်နဲ့ ထွက်ခွာလာခဲ့ရပေမယ့်လည်း မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ပြိုင်ဘက်ဖီအိုရင်တီးနားအသင်းကို ၂ဂိုး၁ဂိုးနဲ့ ကပ်အနိုင်ရခဲ့ပြီး စီးရီးအေချန်ပီယံဆုကို ၈ရာသီဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ် ၅ပွဲအထိကစားဖို့ ကျန်ရှိနေသေးပေမယ့်လည်း ဒုတိယနေရာ နာပိုလီအသင်းကို အမှတ်၂၀အထိကို ပြတ်ပြတ်သားသား ဖြတ်တောက်လိုက်နိုင်တာကြောင့် အခုလိုချန်ပီယံဆုကို စောစောစီးစီးပဲ သိမ်းပိုက်နိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit : The Edwardsville Intelligencer

ဂျုဗင်တပ်စ်အသင်းဟာ ဖီအိုရင်တီးနားကို ပထမပိုင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၁ဂိုးစီသရေကျအောင်အထိပါ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ အသင်းရဲ့ ကစားပုံက တိုးတတ်ကောင်းမွန်လာခဲ့ပြီး ရိုနယ်ဒိုရဲ့ တိုက်စစ်ဆင်မှုကနေ ရရှိလာခဲ့တဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကနေ အနိုင်ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဂျုဗင်တပ်စ်အသင်းဟာ ဒုတိယနေရာက နာပိုလီရဲ့ ရလဒ်ကိုကြည့်ရှုနေစရာမလိုတော့ပဲ စီးရီးအေဆုဖလားကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဆုဖလားဟာ ဂျုဗင်တပ်စ်အသင်းအတွက်တော့ ၈ရာသီဆက်တိုက် ဆွတ်ခူးခဲ့တဲ့ ဖလားတစ်လုံးဖြစ်တာကြောင့် ဥရောပထိပ်သီးလိဂ်တွေထဲမှာ အမှတ်ပေးဖလားကို ရာသီဆက်အများဆုံး ရယူနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။

Photo Credit : The Star

ယခင်က ပြင်သစ်လီဂူး ကလပ်အသင်း လိုင်ယွန်က ပြင်သစ်လီဂူး အမှတ်ပေးဆုဖလားကို ရရာသီဆက် ရယူနိုင်ခဲ့ပြီး စံချိန်တင်ထားနိုင်ခဲ့ပေမယ့်လည်း အခုတော့ လိုင်ယွန်ရဲ့စံချိန်ကို ဂျုဗင်တပ်စ်အသင်းက ၈ရာသီဆက် ရယူခဲ့ပြီး စံချိန်ချိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အီတလီဘောလုံးလောကမှာဆိုရင်လည်း ဂျုဗင်တပ်စ်လို ပွဲ၅ပွဲကစားဖို့ ကျန်ရှိနေသေးချိန်မှာ စီးရီးအေဆုဖလားကို စောစောစီးစီး သိမ်းပိုက်နိုင်ခဲ့ဖူးတဲ့ အသင်းတစ်သင်းမှ မရှိသေးတာကြောင့် ဥရောပအောင်မြင်မှုမရခဲ့ပေမယ့်လည်း စံချိန်မှတ်တမ်းကောင်းများစွာနဲ့ ပေါင်းဖက်ရရှိခဲ့တဲ့ စီးရီးအေဆုဖလားက ဂျုဗင်တပ်စ်အတွက်တော့ စိတ်ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Mirror

ဒီလိုအသင်းလိုက်အောင်မြင်မှုသာမကပဲ ဒီနှစ်ရာသီကမှ ဂျုဗင်တပ်စ်အသင်းကို စတင်ရောက်ရှိလာခဲ့တဲ့ ခရစ္စတီယာနိုရိုနယ်ဒိုမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဆု လာလီဂါချန်ပီယံဆုနဲ့ စီးရီးအေချန်ပီယံဆုတို့ကို ကစားသမားဘဝအတွင်း ရယူနိုင်ခဲ့တဲ့ ဘောလုံးလောကရဲ့ ပထမဦးဆုံး ကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။ ရိုနယ်ဒိုကို ဂျုဗင်တပ်စ်အသင်းက ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူပေးဖို့အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပေမယ့် ဂျုဗီအသင်းကိုက အားနည်းချက်တွေရှိခဲ့လို့သာ ကွာတားအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းအတွက် ဘယ်လောက်အထိ အရေးပါခဲ့သလဲ စီးရီးအေမှာ ဂျုဗီရရှိခဲ့တဲ့ ရှုံးပွဲ၂ပွဲလုံးက ရိုနယ်ဒိုမပါဝင်နိုင်တဲ့ပွဲတွေမှာပဲ ရရှိခဲ့ရတာဖြစ်တာကိုကြည့်ပြီး သိနိုင်ပါတယ်ခင်ဗျာ။