ဂျူဗင်တပ်စ်နှင့်အာဂျင်တီးနား တိုက်စစ်မူး ဒိုင်ဘာလာက သူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။

“ကျနော်နဲ့ကျနော့်ရဲ့ချစ်သူ တို့ Covid-19 ဆေးစစ်ချက်ယူခဲ့ကြပါတယ်။ ရလဒ်ကတော့ ကျနော်တို့ နှစ်ဦး အခု positive ပြနေပါတယ်။ ခင်ဗျားတို့ကို သိစေချင်ရုံသက်သက်ပါ။”လို့ အဆိုပါ အသက် ၂၆ နှစ်ရှိ အာဂျင်တီးနားတိုက်စစ်မူးက သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

Source: AS English

ဂျူဗင်တပ်စ်အသင်းကလည်း ဒိုင်ဘာလာ ဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတာကို အတည်ပြုခဲ့ပြီး တဦးတည်း ခွဲခြားနေထိုင်စေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါဟာ ရူဂါနီနဲ့ မာတွီဒီ တို့ပြီးနောက် ဂျူဗင်တပ်စ် ကစားသမား ၃ ဦးမြောက် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ဘာလာဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရပေမယ့် ကောင်းမွန်တဲ့ အခြေအနေမှာ ရှိတယ်လို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။

Source: Outlook India

လက်ရှိမှာ အီတလီနိူင်ငံဟာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ တရုတ်နိူင်ငံထက် အခြေအနေဆိုးရွားနေပြီးတော့ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ (၅) သောင်းကျော်သွားပြီဖြစ်ကာ သေဆုံးသူ (၄) ထောင်ကျော်နေပါပြီ။ အီတလီနိူင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ တရုတ်နိူင်ငံထက် ပိုမိုများပြားလျက်ရှိနေပါတယ်။

Source: AFP

ဗိုင်းရပ်စ်ပြန့်ပွားမူကြောင့် စီးရီးအေပြိုင်ပွဲအပါအဝင် အီတလီ အားကစားပြိုင်ပွဲတွေအားလုံး ရပ်နားထားပြီး ဧပြီလမှာ ပြန်လည်စတင်နိူင်ဖို့ မျှော်မှန်းထားကြပါတယ်။