ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေးက မြင့်မားလွန်းတဲ့အတွက် ဇန်နဝါရီလမှာ အလဲအထပ်နဲ့သာ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

Photo: sportskeeda

ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်ကို နောက်ထပ်တစ်ကြိမ် စွန့်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပြီး ကစားသမားဘဝ အောင်မြင်မှုတွေ စတင်ရရှိခဲ့တဲ့အသင်းဟောင်း ဂျူဗင်တပ်ကို ပြန်သွားဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့အေးဂျင့် မိုင်နိုရွိုင်အိုလာကလည်း ကမ္ဘာ့ဖလားချန်ပီယံဟာ မကြာမီအချိန်အတွင်း ယူနိုက်တက်ကို စွန့်ခွာမယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားထားပြီး ဂျူဗင်တပ်အသင်းက ပြောင်းရွှေ့နိုင်ခြေရှိတဲ့နေရာလို့တောင် ပြောခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်နည်းပြပီယာလိုဟာ ပေါ့ဂ်ဘာရဲ့ အမာခံပရိသတ်ဖြစ်ပြီး ၎င်းရဲ့အသင်းဖော်ဟောင်းနဲ့ တူရင်မြေမှာ နောက်ထပ်တစ်ကြိမ် ပြန်လည်ဆုံစည်းချင်နေတာဖြစ်ပါတယ်။ Eurosport ရဲ့ ဖော်ပြချက်အရ အီတလီစီးရီးအေချန်ပီယံဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ၎င်းတို့ရဲ့ ဘဏ္ဍာရေးရင်းမြစ်တွေက ဘယ်လိုဖြစ်လာမယ်ဆိုတာ မသေချာတဲ့အတွက် လာမယ့်ဇန်နဝါရီမှာ ပေါ့ဂ်ဘာကို အပြီးသတ်ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

Photo: Daily Star

ဂျူဗင်တပ်အသင်းဟာ ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံကို ကစားသမားအလိုက်ပေးကမ်းလှမ်းပြီး အများဆုံး ပြောင်းရွှေ့ကြေးအနေနဲ့ ယူရိုသန်း ၅၀ သာ ပေးချေလိုတဲ့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ပေါ့ဂ်ဘာအတွက် ယင်းပမာဏကို လက်ခံနိုင်ဖွယ်မရှိပေမယ့် ဂျူဗင်တပ်က ဒီဘာလာနဲ့ ဘာနာဒက်စ်ချီတို့ကို အလိုက်ပေးမှာဖြစ်တာကြောင့် အပြောင်းအရွှေ့အမှန်တကယ်ဖြစ်မြောက်လာမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါ