အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Kwee ချန်နယ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ အစားအသောက်ကောင်းတွေ ကြိုက်နှစ်သက်တဲ့  Kwee ပရိသတ်တွေအတွက် ဒီတစ်ခေါက် ရသာဆန်းထူး ကွီး Review အစီအစဉ်ကနေ ညနေ နေဝင်ဆည်းဆာအချိန်လေးမှာ တစ်နေ့တာရဲ့ ဘဝအမောတွေကို ဖြေဖျောက်ရင်း အေးအေးဆေးဆေး အနားယူ အပန်းဖြေလို့ ရမယ့် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးကတော့ အင်းစိန်လမ်းမကြီးပေါ် က ဘာတာမှတ်တိုင် အနီးမှာရှိတဲ့ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးပဲ ဖြစ်ပါတယ်ဗျ။

Kanote Bar Restaurant_Entrance

ဒီဆိုင်လေးက လှိုင်မြို့နယ်ထဲမှာတော့ အကြီးဆုံး Rooftop Bar လို့ လူသိများတယ်ဗျ။ ဆိုတော့ ဒီ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးမှာ ဘယ်လိုမျိုး ထူးခြားမှုလေးတွေ ရှိမလဲ ၊ ဘယ်လို အရသာရှိတဲ့ အစားအသောက် Menu တွေရမလဲဆိုတာ ကျွန်တော်နဲ့ အတူတူလိုက်ပါ ကြည့်ရှု့ဖို့ ဖိတ်ခေါ် လိုက်ပါ တယ်ခင်ဗျာ။

Kanote Bar Restaurant_Outdoor

ပထဆုံး ဒီဆိုင်လေးက Rooftop Bar ဆိုတဲ့အတိုင်း ဆိုင်နေရာအခင်းအကျင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ လွတ်လပ်ပြီး သက်တောင့်သက်သာ ရှိတဲ့ ခံစားမှုကို အပြည့်အဝ ခံစားရတယ်။ ညနေခင်း နေချိန်ဆည်းဆာအချိန် View က ဒီ ဆိုင်လေး ရဲ့ အသက်လို့ ပြောရမယ်ဗျ။  သန့်ရှင်းလတ်ဆတ်တဲ့ သဘာဝလေကို ရှုရှိုက်ရင်း နေဝင်ချိန်အလှကို Rooftop ပေါ်ကနေ တဝကြီး ကြည့်ရှု့ ခံစားပြီး တစ်နေ့တာ ပင်ပန်းခဲ့သမျှကို အကောင်းဆုံး Relax လုပ်လို့ ရမှာပဲ ဖြစ်ပါတယ်ဗျ။

Kanote Bar Restaurant_Interior

Kanote Rooftop Bar & Restaurant ဆိုင်ရဲ့ အပြင်အဆင်ပိုင်းကို ပြောရမယ်ဆိုရင်တော့ တစ်ဆိုင်လုံး အုတ်တွေနဲ့ ဆောက်ထားပြီး ရိုးရိုးရှင်းရှင်းနဲ့ တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေစေတယ်။ နောက်ပြီး ဒီမှာက  အမိုးအကာတွေမရှိဘဲ လွတ်လပ်တဲ့ Open Air Area ကိုခံစားနိုင်မယ့် နေရာလေးတွေရယ် ၊ အမိုးအောက်မှာဘဲ သက်တောင့်သက်သာနဲ့ အေးအေးဆေး Chill လို့ရမယ့် နေရာလေးတွေရယ်ဆိုပြီး ၂ ပိုင်းခွဲထားပေးတာဆိုတော့ အပြင်မှာဘဲ လွတ်လွတ်လပ်လပ်ထိုင်မလား ၊ အထဲမှာဘဲ အေးအေးဆေးဆေး သက်တောင့်သက်သာထိုင်မလား စိတ်ကြိုက်ရွေးလို့ရတယ်။ ဆိုင်နေရာကလည်း ကျယ်ကျယ် ဝန်းဝန်းဆိုတော့ ဘော်ဒါတွေစုပြီး Chill မလား ၊ မိသားစုနဲ့ဘဲ သောက်ရင်းစားရင်း အနားယူအပန်းဖြေမလား အဆင်ပြေတယ်။

Kanote_Bar_Unplugged

နောက်ပြီး ဒီဆိုင်မှာက အပတ်စဉ် အင်္ဂါ / ကြာသပတေး / စနေ / တနင်္ဂနွေနေ့တွေမှာ Unplugged အစီအစဉ်လေး တွေလည်း ရှိတာဆိုတော့ သီချင်းတွေနားထောင်ရင်း စိတ်လက်ပေါ့ပါးစွာ အေးအေးဆေးဆေး အနားယူနိုင်မှာပဲ ဖြစ်ပါတယ်ဗျ။

Kanote Bar Restaurant_Night

ဆိုင်အပြင်အဆင်နဲ့ ထူးခြားမှုလေးတွေ ပြောပြီးပြီဆိုတော့ ဒီဆိုင်လေးမှာ ဘယ်လိုအရသာရှိတဲ့ အစားအသောက် Menu တွေ ရမလဲဆိုတာ ကျွန်တော်နဲ့အတူတူ သွားကြည့်လိုက်ကြမယ်။ ဒီဆိုင်မှာက သောက်စရာ Drink တွေ တော်တော်လေး စုံတယ်။ ဘီယာထဲမှာဆိုရင်  Tiger ၊ Tuborg နဲ့ Burbrit ကအသစ်ထုတ်ထားတဲ့ ရွှေဘီယာ လည်းရတယ်။ အပြင်းထဲမှာဆိုရင်လည်း နိုင်ငံခြားဖြစ် ဝီစကီ Brand အစုံနဲ့  ပြည်တွင်းဖြစ် ဝီစကီ Brand တွေ ရွေးချယ်စရာ တော်တော်လေး စုံတယ်။ Cocktail ချစ်သူတွေအတွက်ကလည်း အရသာထူးကဲပြီး သောက်ချင်စရာ Cocktail အမျိုးအစားတွေ စုံစုံလင်လင်ရတယ်။

Kanote_Bar_HelloMayCocktail

Hello May Cocktail

စားစရာတွေထဲမှာတော့ ကနုတ်ဆိုင်ခွဲတိုင်းရဲ့ လူကြိုက်အများ ဆုံး အထူးဟင်းလျာတစ်ပွဲဖြစ်တဲ့ ပီကင်းဘဲပေါင်း ၊ နောက်ထပ် ကနုတ်ရဲ့ Signature ဟင်းပွဲ အရိုးလွတ် ကနုတ်စီချွမ်မာလာငါးကင် ၊ နံရိုးတုံး အကိတ်ကြီးတွေနဲ့ ရှုးရှဲ ဝက်နံရိုးမီးတောက် ၊ ရှူးရှဲပင်လယ် စာဗန်းကြီးအပြင်  ဝါရင့် စားဖိုမှုးကြီးတွေရဲ့ ယိုးဒယား စတိုင် ဟင်းပွဲတွေ ၊ ထိုင်းငပိထောင်း ၊ မာလာရှမ်းကော ၊  ဝက်ဂုတ် သားကင်သုပ် ၊  ပင်လယ်စာအရက် သမားဟင်း ၊  အကြော် ၊ အလှော် ၊ အသုပ် ၊ အထောင်း ၊ အမယ်စုံတဲ့ BBQ အကင်တွေနဲ့  တခြားအရသာထူးကဲ ဟင်းပွဲတွေလည်း တော်တော်ကြီးကို ရွေးချယ်စရာ စုံတယ်ဗျ။ ကဲဒါဆို  ကျွန်တော်တို့ ဒီဆိုင်လေးရဲ့ အရသာအကောင်းဆုံး Signature Menu တွေ မြည်းစမ်းကြည့်လိုက်ကြမယ်ဗျာ။

Kanote_Bar_Crab

ထိုင်းစတိုင်ဂဏန်းကော်ရည်ဟင်းပွဲလေးကတော့ ချိုမြမြအရသာနဲ့ သောက်လို့ကောင်းတဲ့ ဟင်းပွဲတစ်ခွက်ဖြစ်ပြီး ငပိထောင်းလေးနဲ့ ရှုးရှဲအရသာလေးဖန်တီးပြီးလည်းစားလို့ရသေးတယ်ဗျ။

ဒီဝက်ခေါက်ကိုက်လန်ကြော် ဟင်းပွဲလေးကတော့ ဝက်ခေါက်ရဲ့ကြွပ်ရွမှု၊ကိုက်လန်ရဲ့ခါးသက်သက်အရသာလေးကို ငရုတ်သီးစိမ်းအရသာလေးပေါင်းဖက်ထားလို့ ကွီးတို့ ခံတွင်းတွေ့စေမယ့် ဟင်းပွဲတစ်ခွက် ဆိုတာအသေအချာပါပဲဗျ။

ကြက်ကချင်ချက်လေးကတော့ ကချင်စတိုင်ဟင်းပွဲအရသာပေါ်လွင်အောင် ဖက်ဖယ်ရွက်လေးနဲ့ ချဥ်စော်ကားသီးတို့ကို ပေါင်းစပ်ဖန်တီးထားပြီး မွှေးကြိုင်တဲ့ အနံ့နဲ့ အရသာက ကွီးတို့ကို ဆွဲဆောင်နိုင်မှာအသေအချာပါပဲ။

Kanote_Bar_FishFries

ငါးအသားချောင်းကြော်လေးနဲ့ တွဲစားရတဲ့ ဆော့စ်လေးက ဒီဟင်းပွဲရဲ့အသက်ပါပဲ။ ချိုပြီးဆိမ့်တဲ့ဘက်ကိုသွားလို့ လူတိုင်းအကြိုက်နဲ့ကိုက်ပြီး ဟင်းပွဲမှာပါတဲ့ portionကလည်းများတာကြောင့် မိသားစု၊ဘော်ဒါအပေါင်းအသင်းတွေ စုံတဲ့အခါ မပါမဖြစ်မှာစားသင့်တဲ့ ဟင်းပွဲလေးပေါ့ဗျာ။

Kanote_Bar_MuttonSartay

ဆိတ်ဆာတေးလေးကတော့ မွေးကြိုင်ပြီး နူးညံ့သောအသားနဲ့ လိုက်ဖက်ညီတဲ့ ချဥ်ပြုံးပြုံး ဆော့စ်လေးကို တွဲဖက်စားလိုက်တဲ့အခါ အရမ်းတွေမိုက်တယ်ဗျ။

ရခိုင်ပင်လယ်စာအစုံထောင်းလေးကတော့ ချဥ်ငံစပ်အရသာထိထိမိမိနဲ့ ပင်လယ်စာကြိုက်နှစ်သက်တဲ့ ကွီးတို့မှာစားသင့်တဲ့ ဟင်းပွဲလေးပါ။

အနှစ်ချုပ်အနေနဲ့ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးက ပြောရမယ်ဆိုရင် ဆိုင်နေရာကျယ်ကျယ် ဝန်းဝန်းနဲ့ အေးအေးဆေးဆေး Relax လုပ်လို့ကောင်းတယ် ၊ မိသားစုဘဲလာလာ ၊ ဘော်ဒါအပေါင်းအသင်းတွေနဲ့ ဘဲလာလာ ထိုင်လို့အဆင်ပြေတယ်။ နောက်ပြီး ဒီမှာက အစားအသောက်ချစ်သူတွေကို လုံးဝစိတ်ကျေနပ်မှုပေးနိုင် မယ့် အရသာရှိတဲ့ အစားအသောက် Menu တွေအစုံရတယ်။ အပတ်စဉ် Unplugged Live Show ဖျော်ဖြေမှုတွေ လည်းရှိသေးတာဆိုတော့ ဘာလိုသေးလဲဗျ။

Kanote Bar Restaurant_Night2

Open Area မှာ လေတဖြူးဖြူးနဲ့  ညနေခင်း နေဝင်ဆည်းဆာအလှ ကို ခံစားရင်း တစ်နေ့တာပင်ပန်းမှုတွေကို အကောင်းဆုံး အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့  လှိုင်ရတနာ ဈေးဘေးကပ်ရပ် ၊ ဘာတာမှတ် တိုင်အနီး ၊ ၁၂ ရပ်ကွက် ၊ အင်းစိန်လမ်းမကြီး ၊ လှိုင်မြို့နယ်မှာရှိတဲ့ Kanote Rooftop Bar & Restaurant – Hlaing Branch ဆိုင်လေးကို သွားရောက်ခံစားကြည့်ဖို့ ညွန်းပေးလိုက်ပါတယ် ခင်ဗျာ။