ရီးရဲမက်ဒရစ်တိုက်စစ်မှူး ကာရင်ဘန်ဇီးမားဟာ တန်ဖိုးကြီးကားတွေကို ရူးသွပ်သူတစ်ဦးဖြစ်ပြီး စုစုပေါင်းပေါင် ၆ သန်းတန်ဖိုးရှိတဲ့ စူပါကားတွေကို ဂိုဒေါင်ထဲမှာ ထည့်ထားသူဖြစ်ပါတယ်။

Photo: The Sun

မကြာသေးမီက ပြင်သစ်တိုက်စစ်မှူးဟာ ၎င်းရဲ့ကားအုပ်စုထဲကို ပေါင် ၂.၅ သန်းတန် ဘူဂါတီချီရွန်ကားကို ထပ်ထည့်ခဲ့ပြီး ပေါင် ၁.၅ သန်းတန်ဖိုးရှိ အလွန်ရှားပါးတဲ့ ဘူဂွတီဗေရွန်၊ ဖယ်ရာရီ ၄၅၈ စပိုက်ဒါနဲ့ အခြား ကားအကောင်းစားတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ ဘန်ဇီးမားက ၎င်းရဲ့နောက်ဆုံး ကားအလန်းကြီးဖြစ်တဲ့ ပေါင် ၂.၅ သန်းတန် ဘူဂါတီချီရွန်ကားကြီးကို အင်စတာဂရမ်မှာ ပရိသတ်တွေကို ပြသခဲ့ပါတယ်။

စွမ်းဆောင်ရည်မြင့် စူပါကားဖြစ်တဲ့ ဘူဂါတီချီရွန်ဟာ စွမ်းဆောင်ရည်ပိုင်းမှာ အလွန်ကောင်းမွန်တယ်ဆိုတဲ့ ဘူဂါတီဗေရွန်ကို အလဲထိုးနိုင်ခဲ့တဲ့ စူပါကားတစ်စီးဖြစ်ပါတယ်။ ဘူဂါတီချီရွန်ရဲ့ ထိပ်တန်းမြန်နှုန်းကို တစ်နာရီ ၂၆၁ မိုင်နှုန်းမှာ ကန့်သတ်ထားပြီး ၂.၅ စက္ကန့်အောက်မှာ တစ်နာရီ ၆၂ မိုင်နှုန်းအထိ အရှိန်မြှင့်တင်နိုင်သလို ၁၃.၆ စက္ကန့်အတွင်း တစ်နာရီ ၁၈၆ မိုင်အထိလည်း အရှိန်မြှင့်တင်နိုင်တဲ့ကားတစ်စီးဖြစ်ပါတယ်။

 

Photo: Real Total

ဘန်ဇီးမားကတော့ သူ့ရဲ့ ဘူဂါတီချီရွန်ကားသစ်ကြီးနဲ့အတူ စတိုင်အလန်းစားနဲ့ ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်က ပရိသတ်တွေကို သရေတမြားမြားကျအောင် လုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။