ဂီတချစ်သူ Pop-Music Fan အတွက် အမေရိကန် အဆိုတော် Katy Perry ရဲ့ Album အသစ် ထွက်ရှိလာခဲ့ပါပြီ။ Album နာမည်ကိုတော့ ‘143’ လို့ အမည်ပေးထားပြီး အခု စက်တင်ဘာလ ၂၀ ရက်နေ့ပဲ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။

Katy Perry
Photo : Genius

‘143’ Album ထဲမှာ သီချင်း စုစုပေါင်း ၁၁ ပုဒ် ပါဝင်ပြီး နာမည်ကြီး အင်္ဂလိပ် ရက်ပ်ပါ 21 Savage ၊ Electronic Dance Music (EDM) ၊ Dance-Pop ၊ Electropop နဲ့ Bubblegum Pop ဂီတအမျိုးအစားတွေ ဖန်တီးတဲ့ ဂျာမန်သူ Pop အဆိုတော် Kim Petras နဲ့ အမေရိကန် ရက်ပ်ပါမလေး Doechii တို့က Featuring အနေနဲ့ ပါဝင်အားဖြည့် သီဆိုထားပါတယ်။

ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတဲ့ သင်္ကေတတစ်ခုအဖြစ် လူသိများတဲ့ ‘143’ ကိန်းဂဏန်းကို နာမည်ပေးထားတဲ့ Katy Perry ရဲ့ Album အသစ်မှာ အချစ်အကြောင်းရေးဖွဲ့ထားတဲ့ Pop သီချင်းချိုချိုလေးတွေ ပါသလို မြူးမြူးကြွကြွ ကခုန်လို့ကောင်းတဲ့ Dance-Pop သီချင်းကောင်းတွေလည်း ပါဝင်ပါတယ်။

‘143’ Album မှာ ပါဝင်တဲ့ သီချင်း (၁၁) ပုဒ်

Source : Katy Perry

  1. Woman’s World
  2. Gimme Gimme ft. 21 Savage
  3. Gorgeous ft. Kim Petras
  4. I’M His, HE’s MINE ft. Doechii
  5. CRUSH
  6. LIFETIMES
  7. ALL THE LOVE
  8. NIRVANA
  9. ARTIFICAL ft. JID
  10. TRUTH
  11. WONDER

ထွက်ထားတာ ရက်ပိုင်းပဲ ရှိသေးတဲ့ Katy Perry ရဲ့ အသစ်စက်စက် ‘143’ Album အသစ် ကို သီချင်းချစ်သူ ကွီးတို့ ခံစားနားဆင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။ Katy Perry ရဲ့ ‘143’ Album ထဲက ကွီးတို့ အကြိုက်ဆုံး သီချင်းလေးတွေရှိရင်လည်း ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Source : Siachen Studios

Featured Photo : New York Post