ပြီးခဲ့တဲ့အပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အေစီမီလန်အသင်းနဲ့ လာဇီယိုအသင်းတို့ ပွဲစဉ် အေစီမီလန်ကစားသမားများမှ ပြိုင်ဘက်အသင်းအပေါ် လှောင်ပြောင်အောင်ပွဲခံခဲ့အတွက် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) မှ အပြစ်ပေးသည့်အနေဖြင့် ဒဏ်ကြေးသတ်မှတ်ခြင်းခံခဲ့ရပါတယ်။ အေစီမီလန်ကစားသမားများဖြစ်တဲ့ ဘာကာယိုကိုနှင့် ကက်ဆီးတို့ဟာ အဆိုပါပွဲစဉ်ပြီးချိန်တွင် ယခုကဲ့သို့တစ်ဘက်အသင်းအပေါ် လှောင်ပြောင်သည့်အနေနဲ့ အောင်ပွဲခံခဲ့ကြတာဖြစ်ပါတယ်။ အကြောင်းကတော့ အဲ့ဒီပွဲစဉ်မတိုင်ခင်က လာဇီယိုအသင်းနောက်တန်းကစားသမား အဆာဘီက လာဇီယိုအသင်းဟာ အေစီမီလန်အသင်းထက် ပိုမိုကောင်းမွန်တယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Source : AP News

အဆိုပါ စကားအပေါ် ဘာကာယိုကိုက ပြန်လည်စိန်ခေါ်စကားဆိုခဲ့ပြီး ပွဲစဉ်ပြီးဆုံးချိန် အေစီမီလန်အသင်းမှ လာဇီယိုအသင်းကို (၁-ဝ) ဖြင့်အနိုင်ရရှိခဲ့တာကြောင့် ဘာကာယိုကိုဟာ လာဇီယိုအသင်းနောက်တန်းကစားကမား အဆာဘီနှင့် အင်္ကျီလဲလှယ်ခဲ့ပြီး အဆာဘီရဲ့အင်္ကျီကို ကိုင်ဆောင်ကာ အေစီမီလန်အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကက်ဆီးနှင့်အတူ အေစီမီလန်ပရိသတ်များရှေ့မှာ လှောင်ပြောင်သည့်သဘောဖြင့် အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ အဆိုပါလုပ်ရပ်နဲ့ ပတ်သတ်ပြီး အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) မှ ကက်ဆီးနှင့် ဘာကာယိုကိုတို့ကို တစ်ယောက်လျှင် ယူရို (၃၃၀ဝ၀) စီ ဒဏ်ကြေးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Source : New Straits Times

ဒါ့အပြင် အေစီမီလန်အသင်းကိုလည်း ဒဏ်ကြေးယူရို (၂၀၀၀၀) နဲ့ စုစုပေါင်း ဒဏ်ကြေး ယူရို ( ၈၆၀၀၀) ကျော်သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့လုပ်ရပ်နဲ့ ပတ်သတ်ပြီး အေစီမီလန်အသင်းကစားသမားတွေဖြစ်တဲ့ ကက်ဆီးနှင့် ဘာကာယိုကိုတို့က ပြန်လည်တောင်းပန်ခဲ့ကြပြီး အေစီမီလန်အသင်းနည်းပြ ဂတ်တူဆိုကလည်း ၎င်းရဲ့အသင်းသားတွေရဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး တောင်းပန်းစကားပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ တိုက်စစ်ကစားသမားကက်ဆီမှ ပွဲချိန် (၇၉) မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုပါဂိုးကနေပဲ အေစီမီလန်အသင်းအတွက် အနိုင်ရလဒ်ဂိုးတစ်ဂိုးအဖြစ်ပြောင်းလဲစေခဲ့တာဖြစ်ပါတယ်။

Source : Ronaldo.com