အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေကြားမှာ ကြီးမားတဲ့ ကွာဟချက်တွေ များစွာရှိနေပါတယ်။ အောင်မြင်မှုဆိုတာ ကြိုးစားအားထုတ်မှု၊ စိတ်ပိုင်းဖြတ်မှု ၊ ဇွဲလုံ့လတို့နဲ့ ဆက်စပ်နေပြီး ” အောင်မြင်တဲ့သူတွေက မအောင်မြင်တဲ့သူတွေ မလုပ်ချင်တဲ့အရာအားလုံးကို လုပ်တယ်” လို့ အမေရိကန်စွန့်ဦးတီထွင်သမား John Paul DeJoria က အောင်မြင်သူတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ပတ်သတ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဒီတစ်ခေါက်မှာတော့ အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေကြားမှာ ဘယ်လိုကွာဟချက်တွေရှိနေလဲ ၊ မတူညီတဲ့အရာတွေက ဘာတွေဖြစ်မလဲဆိုတာ ကွီးတို့သိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

(၁) ပြောင်းလဲမှုတွေအပေါ် ထားရှိတဲ့အမြင်

Successful people embrace change; unsuccessful people fear it

Photo : Ready Training Online

အပြောင်းအလဲတွေကို လက်ခံနိုင်ခြင်းဟာ လူတစ်ယောက်လုပ်နိုင်တဲ့ အခက်ခဲဆုံးအရာတွေထဲက တစ်ခုပါ။ ကမ္ဘာကြီးဟာ တစ်နေ့တစ်ခြား လျင်မြန်စွာ ရွေ့လျားနေပြီး နည်းပညာအသစ်အဆန်းတွေ အရှိန်အဟုန်နဲ့ ပြောင်းလဲလာချိန်မှာ ကျွန်တော်တို့အနေနဲ့ အပြောင်းအလဲတွေကို ကြောက်ရွံ့ ရှောင်ပြေးနေလို့ မရပါဘူး။ ပြောင်းလဲမှုတွေနဲ့ လိုက်လျော ညီထွေနေတက်ဖို့ အရေးကြီးပါတယ်။ အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေကြားမှာ အဓိက ခြားနားသွားစေတာလည်း ဒီအချက်ပါပဲ။ အောင်မြင်သူအများစုက အပြောင်းအလဲတွေကို လက်ခံနိုင်ကြပြီး ပြောင်းလဲမှုတွေနဲ့ လိုက်ရောညီထွေ လုပ်ဆောင်နိုင်ကြသူတွေပဲ ဖြစ်ပါတယ်။

(၂) စိတ်ဝင်တစား အာရုံစိုက်တဲ့ အရာများ

Successful people talk about ideas; unsuccessful people talk about people

Photo : Being Guru

အောင်မြင်သူတွေက စိတ်ကူးစိတ်သန်းကောင်းတွေအကြောင်း ဆွေးနွေးတိုင်ပင်နေချိန်မှာ မအောင်မြင်တဲ့ သူတွေက လူတွေအကြောင်း စိတ်ဝင်တစားပြောဆိုရင်း အချိန်တွေကုန်နေကြတယ်လို့ အမေရိကန် စွန့်ဦးတီထွင်လုပ်ငန်းရှင် Dave Kerpen က ဆိုပါတယ်။ မအောင်မြင်သူတွေ ကိုယ့်အတွက်ဘာအကျိုးမြတ်မှမရနိုင်တဲ့ လူတွေရဲ့အတင်းအဖျင်းတွေကို ပြောဖို့ အာရုံစိုက်နေချိန်မှာ အောင်မြင်တဲ့သူတွေကတော့ အကြံဥာဏ်တွေ စိတ်ကူးစိတ်သန်းအသစ်တွေ ဆွေးနွေးတိုင်ပင်ကြရင်း အမြင့်ကိုတဆင့် ထပ်လှမ်းဖို့ ကြိုးစားနေကြတာပါ။ ဒါဟာ အောင်မြင်သူတွေနဲ့ မအောင် မြင်သူတွေကြားက ကွာခြားမှုတစ်ခုပဲ ဖြစ်ပါတယ်။  ” စိတ်ကူးစိတ်သန်းတွေ မျှဝေခြင်းဟာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်” လို့  Dave Kerpen ‌ကအကြံပြုထားပါတယ်။

(၃) ရပ်တန့်မသွားတဲ့ လေ့လာသင်ယူခြင်းများ

Successful people continuously learn; unsuccessful people fly by the seat of their pants

Photo : Designs Desk

ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်ကို ပရော်ဖက်ရှင်နယ်ဖြစ်လာစေဖို့ဆိုရင် လေ့လာသင်ယူမှုတွေက အခရာကျပါတယ်။ ဘဝမှာ လေ့လာသင်ယူခြင်းတွေဟာ ဘယ်တော့မှ ရပ်တန့်သွားတယ်ဆိုတာ မရှိပါဘူး။ တခြားသူတွေထက် ခြေတလှမ်းအမြဲသာနေဖို့ လေ့လာသင်ယူမှုတွေက များစွာအထောက်အပံ့ဖြစ်စေတယ်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။ အောင်မြင်သူတွေဟာ လေ့လာသင်ယူမှုတွေကို အမြဲစဉ်ဆက်မပြတ်လုပ်ဆောင်ကြသူတွေပဲ ဖြစ်ပါတယ်။ လေ့လာသင်ယူခြင်းတွေ ရပ်တန့်လိုက်တာနဲ့အမျှ ဘဝမှာ ကောင်းမွန်တဲ့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးသွားရနိုင်ပါတယ်။

(၄) အကောင်းမြင်နဲ့ အဆိုးမြင်စိတ်

Successful people keep a positive attitude; unsuccessful people get negative too often

Photo : Behaviour & Attitudes

အကောင်းမြင်နဲ့ အဆိုးမြင်စိတ်ဟာ အောင်မြင်မှု/ ကျရှုံးမှုတွေအပေါ်အများကြီး သက်ရောက်နိုင်စွမ်းရှိပါတယ်။ ဘဝမှာ ကျရှုံးခြင်းတွေနဲ့ အဆိုးဆုံးအခြေအနေတွေ ကြုံတွေ့ရချိန်မှာတောင် အကောင်းမြင်နိုင်တဲ့စိတ်ကို မွေးမြူထားမယ်ဆိုရင် ကျရှုံးမှုတွေကနေ အောင်မြင်မှုတွေဆီကို ပြောင်းလဲပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေရဲ့ ကြားက ကွာဟချက်ကလည်း အကောင်းမြင်နဲ့ အဆိုးမြင်စိတ်ကို ဖက်တွယ်ထားပုံခြင်း မတူတာပါပဲ။ အရာရာကိုအဆိုးမြင်စိတ်နဲ့ ကြည့်မယ်ဆိုရင် အောင်မြင်ခြင်းဆိုတာလည်း သင့်ထံရောက်လာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘဝမှာ အကောင်းမြင်နိုင်တဲ့ စိတ်စွမ်းအင်တွေကို မွေးမြူထားဖို့ အရေးကြီးပါတယ်။

Featured Photo : Entrepreneur