တစ်နေရာရာ ဒိုးလို့ရအောင် အခြေအနေတွေ ကောင်းသွားရင် ခရီးဆောင်ကျောပိုးအိတ် Backpack တစ်လုံးတော့ မဖြစ်မနေ လိုလာပါပြီ။ ခရီးထွက်မယ်ဆိုရင် အရင်ဆုံး လိုတာက ခရီးဆောင်ပစ္စည်းတွေ ထည့်ရအောင် အလွယ်တကူသယ်နိုင်မယ့် ကျောပိုးအိတ်ပါပဲ။ ကျောပိုးအိတ်ဆိုတာ အဝတ်အစားတွေတင် ထည့်သွားရတာမျိုး ဖြစ်ချင်မှ ဖြစ်မယ်။ တခြား အသုံးအဆောင်တွေ ဖြစ်တဲ့ ဖုန်း ၊ လက်ပ်တော့ ၊ ပိုက်ဆံအိတ် ၊ ကင်မရာစတာတွေလည်း ထည့်သွားဖို့ လိုပါတယ်။ ဒီတော့ ခရီးဆောင် ကျောပိုးအိတ်ဝယ်တော့မယ်ဆိုရင် အခုပြောမယ့်အချက်တွေ စဉ်းစားပြီးမှ ဝယ်ဖို့ အကြံပေးချင်ပါတယ်။

(၁) ရေစိုခံရမယ် အကြမ်းခံရမယ်

Backpacker

Photo: Unsplash

ကျောပိုးအိတ်ဆိုတာ အပေါ်မှာ ပြောခဲ့သလို အဝတ်အစားတွေအပြင် အီလက်ထရွန်းနစ်ပစ္စည်းတွေလည်း ထည့်သွားရမှာ ဖြစ်လို့ တော်ရုံရေမဝင်နိုင်အောင် ရေစိုခံတဲ့ အသားဖြစ်ဖို့ လိုပါတယ်။ Water Resistant ရတဲ့ ကျောပိုးအိတ်တစ်လုံးကို ဝယ်ခြင်းဟာ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ တော်ရုံမိုးရွာရွာ နှင်းကျကျ ကျောပိုးအိတ်လွယ်ပြီး လျှောက်သွားလို့ ရပါတယ်။ အထဲကပစ္စည်းတွေအတွက်လည်း စိုးရိမ်စရာမလိုတော့ပါဘူး။

(၂) သက်တောင့်သက်သာရှိရမယ်

Backpack for travel

Photo: Unsplash

သက်တောင့်သက်သာရှိမှုဆိုတာ ကျောပိုးအိတ်တစ်လုံးအတွက် အရေးကြီးဆုံးအချက်ထဲမှာ ပါပါတယ်။ ဒီဇိုင်းလှပြီး လွယ်လို့ ပိုးလို့ ရေရှည်မှာ အဆင်မပြေရင်လည်း အဆင်မပြေပါဘူး။ ကျောပိုးအိတ်တွေဟာ သွားလေရာသယ်သွားရမယ့် ပစ္စည်းဖြစ်လို့ ကိုယ့်အတွက် Comfort မဖြစ်ရင် အသုံးတည့်မယ့်ပစ္စည်းဖြစ်လာမှာ မဟုတ်ပါဘူး။

(၃) ပစ္စည်းထည့်လို့ ကောင်းရမယ်

Backpack and accessories

Photo: Unsplash

Backpack တစ်လုံးမှာ အထဲက ခရီးဆောင်ပစ္စည်းတွေ သူ့အကန့်နဲ့သူ ထည့်ထားနိုင်မယ့် အိတ်ကလေးတွေ ပြည့်ပြည့်စုံစုံ ပါဖို့ လိုပါတယ်။ စာရွက်စာတမ်းအတွက် အိတ်သက်သက် ၊ သွားတိုက်ဆေး /ရေမွှေးစတဲ့ ခရီးဆောင်ပစ္စည်းတွေအတွက် အိတ်ကလေး သီးသန့် စတဲ့စတဲ့ ဆိုင်ရာအကန့်လေးတွေ ပါမှ လွယ်ကူအဆင်ပြေမှာ ဖြစ်ပါတယ်။

(၄) ဈေးသင့်ရမယ်

Be Budget Friendly

Photo: Unsplash

ဒါကတော့ ဘယ်ပစ္စည်းဝယ်ဝယ် ဈေးနှုန်းကိုလည်း ကြည့်ရမှာပါပဲ။ ပစ္စည်းကောင်းမယ် ဈေးလည်း သင့်မယ်ဆိုတာမျိုးက အကောင်းဆုံးရွေးချယ်ချက်ပါပဲ။ Brand တွေထဲက ကိုယ့်အကြိုက်ပစ္စည်းတွေ့ထားရင်တော့ သိပ်မနှမြောဖို့ အကြံပေးချင်ပါတယ်။ ကျောပိုးအိတ်တွေဟာ ကောင်းကောင်းကိုင်ရင် ၄-၅ နှစ် အေးဆေးသုံးနိုင်တဲ့ အသုံးအဆောင်ဖြစ်လို့ ပစ္စည်းကောင်းတာ ဝယ်ထားရင် မှားစရာမရှိဘူးလို့ ပြောချင်ပါတယ်။