အားကစားလုပ်တယ်ဆိုရင် အစားအသောက်ကလည်း အရေးပါပါတယ်။ ခပ်မိုက်မိုက်ဘော်ဒီရဖို့ ကြိုးစားချင်ရင် Weight Room ထဲမှာပဲ အချိန်ကုန်လို့ မဖြစ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ်အစားအသောက်ကိုလည်း သေချာပြုပြင်ပေးဖို့ လိုပါတယ်။

(၁) Oatmeal

Photo: Freepik

အားကစားလုပ်သူတစ်ယောက်အတွက် အကောင်းဆုံးမနက်စာထဲမှာ Oatmeal တစ်ခွက် မပါလို့ မဖြစ်ပါဘူး။ Oatmeal ဟာ သွေးတွင်း ကိုလက်စထရောလယ်ဗယ်နဲ့ အင်ဆူလင်ထုတ်မှု ကျဆင်းစေနိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်မှန်ကန်စေပြီး စားချင်စိတ်ကို ထိန်းပေးတာကြောင့် အဆီပိုတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

(၂) ကြက်ဥ

Photo: Freepik

ကြက်ဥဟာ အားကစားသမားတွေ အနှစ်သက်ဆုံးအစားအစာထဲမှာ ပါပါတယ်။ ပရိုတိန်းဓါတ်အတွက် အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံး အစားအစာဟာ ကြက်ဥပါပဲ။

(၃) အမဲသား

Photo: Freepik

အသားဟာ ပရိုတိန်းနဲ့ ကယ်လိုရီဓါတ် အကြွယ်ဝဆုံး အစားအစာတစ်မျိုးဆိုတာ အားလုံးလည်း သိကြပါတယ်။ ဒါ့အပြင် သံဓါတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သံဓါတ်အားနည်းခြင်းဟာ Strength Levels ကို ကျဆင်းစေပြီး အားကစားလုပ်ချိန်မှာ ထိရောက်မှုမရှိ ဖြစ်တတ်ပါတယ်။

(၄) အော်ဂဲနစ်နို့

Photo: Freepik

သဘာဝအော်ဂဲနစ်နို့မှာ အာဟာရဓါတ်မြင့်မားစွာ ပါဝင်ပါတယ်။ သိမှုဆိုင်ရာ လုပ်ဆောင်ချက်တွေ မြှင့်တင်ပေးနိုင်သလို သွေးဖိအား ကျဆင်းစေပြီး ကြွက်သားထု မြင့်တက်အောင်လည်း ကူညီပေးနိုင်ပါတယ်။

(၅) အစိမ်းရင့်ရောင် အသီးအရွက်များ

Photo: Freepik

အစိမ်းရင့်ရောင် အသီးအနှံတွေကတော့ ကျန်းမာရေးလိုက်စားသူတိုင်းစားပေးရမယ့် အစားအစာထဲမှာ ပါပါတယ်။ အစိမ်းရောင် အသီးအနှံတွေမှာ သံဓါတ်ကြွယ်ဝပြီး ၊ ဓါတ်တိုးဆန့်ကျင့်နိုင်စွမ်း ရှိခြင်း ဗိုက်တာမင်သတ္ထုဓါတ်ပြည့်စုံခြင်းတွေပေးနိုင်လို့ အားကစားလုပ်သူတို့ ပုံမှန်စားသောက်မှုထဲမှာ ထည့်ထားဖို့ လိုပါတယ်။