တကယ်တော့ အောင်မြင်ခြင်းဆိုတာဟာ လိမ်လည်လှည့်ဖျားတာ ဒါမှမဟုတ် မျိုးရိုးကြောင့်ရတာမျိုးမဟုတ်ဘဲ ပုံမှန်ဘဝလမ်းစဉ်တစ်ခုသာဖြစ်ပါတယ်။ အောင်မြင်မှုအတွက် ဆုံးဖြတ်ချက်ချခြင်းနဲ့ စည်းကမ်းချမှတ်မှုတွေများ စွာလိုအပ်ပေမယ့် နှစ်နဲ့ချီကြိုးစားလေ့ကျင့်ရမယ့်အလေ့အကျင့်ကောင်းတွေလည်း လိုအပ်ပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေကိုရောက်ရှိပြီး အောင်မြင်မှုရရှိဖို့ အောင်မြင်သူတွေရဲ့ အလေ့အကျင့်တွေကို လမ်းညွှန်အဖြစ်လေ့လာအသုံးပြုနိုင်ပါတယ်။

(၁) ရည်မှန်းချက်ထားရှိ သူတွေဖြစ်တယ်

Source : iStock

လူတိုင်းမှာသူတို့ ဘဝနဲ့ပတ်သတ်ပြီးလုပ်ချင်တဲ့ အရာတွေရှိပါတယ်။ သို့သော် အောင်မြင်သူတွေနဲ့ မအောင်မြင်သူတွေရဲ့ ခြားနားချက်က ရည်မှန်းချက်တွေအပေါ်မှာ နှစ်မြုပ်ထားခြင်းပဲဖြစ်ပါတယ်။ အောင်မြင်သောသူတွေဟာ လက်တွေ့ကျတဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ဖန်တီးပြီး ပုံမှန်လူနေမှုအဆင့်အတန်းမြင့်မားသော သူတွေဖြစ်ကြပါတယ်။ ဒါ့အပြင် ရည်မှန်းချက်ထားရှိခြင်းက ရည်မှန်းချက်ပြည့်မီဖို့ဘယ်အတားအဆီးကို မဆိုကျော်ဖြတ်ဖို့တွန်းအားဖြစ်စေမှာပါ။

(၂)  ပွင့်လင်းသူတွေ ဖြစ်တယ်

Source : YFS Magazine

အောင်မြင်သူတွေဟာ အတွေးအခေါ်သစ်တွေကို ပွင့်ပွင့်လင်းလင်းပြောဆို တတ်ကြပါတယ်။ သူတို့က တစ်စုံတစ်ရာအပေါ်အာရုံစိုက်ခြင်းနဲ့တိုးတက်မှုအတွက် အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေကိုမနှစ်သက်ကြပါဘူး။ မအောင်မြင်တဲ့လူအများစုက များသောအားဖြင့် တံခါးပိတ်စိတ်သဘောထားရှိတတ်ကြပါတယ်။ ဒါက သင့်ကိုခေါင်းမာစေပြီး သင်အမြဲမှန်တယ်လို့ထင်စေတဲ့အတွက် အောင်မြင်မှုလမ်းကြောင်းကသွေဖယ်သွားစေနိုင်ပါတယ်။

(၃) နေ့တိုင်းကို သူတို့ရဲ့နောက်ဆုံးနေ့လို သဘောထားနေထိုင်ကြတယ်

Source : Dreamstime

အောင်မြင်သူတွေက သူတို့နေ့ရက်တိုင်းကို သူတို့ကြိုက်နှစ်သက်သလိုနေထိုင်တတ်ကြပါတယ်။ သူတို့ရဲ့ အလုပ်တွေကို မနက်ဖန် ဒါမှမဟုတ် နောက်တစ်ပတ်ကိုရွှေ့တာမျိုးမလုပ်ကြပါဘူး။ သူတို့ရဲ့အလုပ်ပြီးဖို့ကို အမြဲဦးစားပေးတတ်ကြတယ်။ ဒီလိုနေ့စဉ် စွမ်းဆောင်မှုနဲ့ အညီနေထိုင်ခြင်းက အလုပ်ပိုပြီးမြောက်စေပြီးအောင်မြင်မှုကို ဦးတည်စေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ဆို တစ်ခုခုလုပ်ဖို့ကိုနောက်ဆုံးမိနစ်အထိစောင့်ဆိုင်းနေမယ့်အစား နေ့တိုင်းမှာလုပ်ဖြစ်ဖို့ကြိုးစားသင့်ပါတယ်။

(၄)  အမြဲလေ့လာနေတယ်

Source : PxHere

အောင်မြင်သူတွေက သူတို့အနေနဲ့အရာရာတိုင်းကို မသိနိုင်ဘူးဆိုတာကိုနားလည်ပြီး သူတို့ရဲ့အားနည်းချက်တွေကို လက်ခံတတ်ကြပါတယ်။ ဒါကသူတို့ကို အမြဲတမ်းလေ့လာသင်ယူစေပြီး သူတို့ကိုယ်တိုင်တိုးတက်ဖို့ ဖန်တီးလေ့ရှိကြပါတယ်။ နောက်တစ်ချက်က အောင်မြင်တဲ့သူတွေဟာ အလွန်လိုက်လျောညီထွေနေတတ်ကြပြီး ဒီအချက်ကပဲသူတို့ရဲ့အောင်မြင်မှုကို ပိုအားကောင်းလာစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အသစ်အသစ်သော ပိုမိုကောင်းမွန်တဲ့ဗဟုသုတတွေကိုလေ့လာပြီး အလုပ်နဲ့ကိုယ်ရည်ကိုယ်သွေးတိုးတက်အသုံးချသူတွေကို လူ့အဖွဲ့အစည်းမှာလဲအမြဲတမ်းလိုအပ်လေ့ရှိပါတယ်။