ဝါရင်ဘတ်ဖတ်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ရင်းနှီးမြှပ်နှံရေး ဂုရုကြီးပါ။ ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝါရင်းဘတ်ဖတ်ဟာ ရင်းနှီးမြှပ်နှံရေးနယ်ပယ်မှာ ဘုရင်တစ်ဆူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ရင်းနှီးမြှပ်နှံရေးဆိုင်ရာ နည်းဥပဒေတွေဟာ ရင်းနှီးမြှပ်နှံမှု နယ်ပယ်ထဲ ဝင်ရောက်မယ့် လုပ်ငန်းရှင်တွေအတွက် လမ်းပြမီးတိုင်တွေ ဖြစ်ပါလိမ့်မယ်။

(၁) ကိုယ်သိတဲ့ နေရာမှာ မြှပ်နှံပါ

Source: ShutterStock

စတော့ခ်တစ်ခုမှာ ရင်းနှီးမြှပ်နှံမှု မလုပ်ခင် အရေးအကြီးဆုံး အချက်က ကိုယ်ရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီက ဘာလဲ ၊ ငွေဘယ်လို ရှာနေလဲဆိုတာကို တကယ်သိဖို့ပဲလို့ ဝါရင်းဘတ်ဖတ်က ဆိုပါတယ်။ သူ့ရဲ့ ထူးခြားချက်က နည်းပညာစတော့ခ်ရှယ်ယာတွေမှာ ရင်းနှီးမြှပ်နှံဖို့ ရှောင်တာပါ။ အကြောင်းကတော့ နည်းပညာကုမ္ပဏီတွေရဲ့ စီးပွားရေးပုံစံကို သူ အပြည့်အဝ နားမလည်တာကြောင့် ဖြစ်ပါတယ်။

(၂) စတော့ခ်မဝယ်ခင် စံနှုန်းတွေ စာရင်းပြု

Source: ShutterStock

ဘတ်ဖတ်ဟာ စတော့ခ်တစ်ခုရဲ့ တန်ဖိုးကို စံနှုန်းတစ်ခုတည်းနဲ့ ကြည့်ပြီး ဝယ်ဖို့ မဆုံးဖြတ်ပါဘူး။ တတ်နိုင်သမျှ စတော့ခ်တစ်ခုကို ဝယ်သင့်မဝယ်သင့် စံတွေနဲ့ငြိမှ သူဟာ ရင်းနှီးမြှပ်နှံမှု လုပ်ပါတယ်။ သူဟာ Price To Earning အချိုး ကို အမြဲဂရုစိုက်တယ်လို့ ဆိုပါတယ်။

(၃) အကြပ်ဆိုက်နေချိန်မှာ ကြံ့ကြံ့ခံဖို့

Source: ShutterStock

ရင်းနှီးမြှပ်နှံသူတွေဟာ အမြဲလိုလို အခက်အခဲတွေနဲ့ လက်ပွန်းတတီးဖြစ်နေတဲ့ သူတွေပါ။ စီးပွားရေးကြပ်တည်းနေတဲ့ ကာလမျိုးမှာ တောင့်ခံထားနိုင်ဖို့ ဘတ်ဖတ်ဟာ အမြဲပြင်ဆင်ထားပါတယ်။ စီးပွားရေးပျက်ကပ်ကာလနဲ့ ပျက်ကပ်အပြီးမှာ အခွင့်အလမ်းတွေကို သူ ရအောင် ရှာခဲ့ပါတယ်။ သူ့မှာက ရင်းနှီးမြှပ်နှံမှု အတွေ့အကြုံက ဆယ်ကျော်သက်အရွယ်ကတည်းက ရှိထားခဲ့တာပါ။

(၄) တစ်နေ့ ရွှေ တစ်နေ့ ငွေဖြစ်နေတာကို စိတ်မပူနဲ့

Source: ShutterStock

ဘတ်ဖတ်ကတော့ စတော့ခ်ဈေးကွက်ဟာ ဆယ်စုနှစ်တစ်ခုလောက် Shut Down ဖြစ်သွားရင်တောင် လက်ထဲမှာ ကိုင်ပျော်တဲ့ စတော့ခ်ပဲ ဝယ်ဖို့ အဆိုပြုပါတယ်။ စတော့ ဈေးနှုန်းတွေဟာ ပြောင်းလဲမြဲ ပြောင်းလဲနေတာဖြစ်ပြီး ကုမ္ပဏီရဲ့ စီးပွားရေးဟာ အကောင်းဘက်ကို သွားနေတုန်းပဲဆိုရင် ဒါကို စိတ်ပူစရာ မလိုဘူးလို့လည်း သူက ဆိုပါတယ်။

(၅) သုတေသနလုပ်နေပါ

Source: ShutterStock

ရင်းနှီးမြှပ်နှံမှုနဲ့ ပတ်သက်လာရင် ဘတ်ဖတ်ဟာ ကိန်းဂဏန်းတွေပေါ် အားကိုးပါတယ်။ အချက်အလက် အကြမ်းတွေကို စိစစ်ပြီး ကိန်းဂဏန်းတွေ ဖြစ်လာချိန်မှာ သူ ဘာကို ဆုံးဖြတ်ရမလဲဆိုတာကို ကြည့်ပါတယ်။ ဘတ်ဖတ်ဟာ တစ်နေ့ကို နာရီပေါင်းများစွာကြာအောင် သုတေသနလုပ်တယ်။ စာရေးတယ်။ ဈေးကွက်သစ်တွေကို ဖော်ထုတ်ပြီး လေ့လာထားတာ ဖြစ်လို့ တစ်ခုခုကို အမြန်ဆုံးဖြတ်လုပ်ဆောင်ရမယ်ဆိုရင် သူ့ ဘက်က ပြင်ဆင်ပြီးသား ဖြစ်နေပါတယ်။