ပိန်တဲ့အမျိုးသားတွေက ဘယ်လိုအင်္ကျီအဝတ်အစားပဲ ဝတ်ဝတ် ကိုယ်ကြိုက်နှစ်သက်ရာကို အဝတ်အစားမရွေးဘဲ ဝတ်ဆင်လို့ရတယ်ဆိုပေမယ့် ဖက်ရှင်ကျအောင် ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒါ့ကြောင့် ဗလသိပ်မတောင့်တဲ့ကွီးတွေအတွက် ဘယ်ဖက်ရှင်ကိုတော့ ရှောင်ကြဉ်ရမယ် ဘယ်ဖက်ရှင်ကိုတော့ ဝတ်စားဆင်ယင်သင့်သလဲဆိုတာကို ဝေမျှပေးလိုက်ပါတယ်။

လည်ပင်းအပေါက်အကြပ်ပုံစံပါတဲ့ အင်္ကျီမျိုး ဝတ်စားဆင်ယင်ပါ

Source: Armani.com

လည်ပင်းအပေါက်က အကြပ်ပုံစံမျိုး ဝတ်စားဆင်ယင်တဲ့အခါ သင့်ရဲ့ပုခုံးကို ပိုကျယ်သွားစေပြီး ခန္ဓာကိုယ် ပြည့်ပြည့်ဖြိုးဖြိုးပုံပေါက်စေပါတယ်။ ရှောင်ကြဉ်ရမှာကတော့ V ပုံစံ လည်ပင်းပေါက်တွေပဲဖြစ်ပါတယ်။ ထိုအင်္ကျီတွေက သင့်ကို ပိုပိန်တဲ့ပုံပေါက်စေလို့ပါပဲ။

ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ အင်္ကျီ၊ ဘောင်းဘီတို့ကိုသာ ဝတ်ဆင်ပါ

Source: Klitimg.pw

ပိန်တဲ့အမျိုးသားတွေ ကျူးလွန်မိတဲ့ မဟာအမှားကတော့ ကိုယ့်ထက် ဆိုဒ်အရမ်းကြီးတဲ့ အင်္ကျီအပွ၊ ဘောင်းဘီအပွဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။ သူတို့ ထင်တာကတော့ အင်္ကျီအပွတွေဝတ်မယ်ဆိုရင် သူတို့ကို ဗလတောင့်စေတယ်လို့ ယူဆကြလို့ပါပဲ။ အမှန်တကယ်တော့ အပွတွေဝတ်ရင် သင့်အစ်ကိုနဲ့မတော်တော့တဲ့ အင်္ကျီအကျတွေကို ယူဝတ်ရတဲ့ပုံပေါက်နေပါတယ်။ ဒါ့ကြောင့် ပွတဲ့အဝတ်အစားမှန်သမျှရှောင်ပြီး ကိုယ်နဲ့ကွတ်တိကျတဲ့အဝတ်အစားတွေကိုသာ ရွေးဝတ်ပါ။

အင်္ကျီနှစ်ထပ်ဝတ်ဆင်ပါ

တီရှပ်ကို အောက်ကခံဝတ်ထားပြီး အပေါ်ကို ဂျင်းဂျက်ကတ်လေးပဲဖြစ်ဖြစ်၊ သားရေဂျက်ကတ်လေးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဆွယ်တာအင်္ကျီလေး ထပ်ဝတ်ပေးလိုက်ပါ။ ဒါပေမဲ့ ရာသီဥတုနဲ့လျော်ညီအောင်တော့ ဝတ်ဆင်သင့်ပါတယ်။ ပူအိုက်တဲ့ရာသီဥတုမှာ နှစ်ထပ်၊ သုံးထပ်ဝတ်ဆင်ခြင်းက သင့်ကျန်းမာရေးအတွက်လည်း မကောင်းသလို၊ ချွေးတဒီးဒီးနဲ့ ဖက်ရှင်ပျက်ယွင်းသွားနိုင်ပါတယ်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းအကြီးကြီး ဝတ်ဆင်ခြင်း ရှောင်ကြဉ်ပါ

Source: Best.aliexpress.com

ခါးပတ်အကြီးကြီး၊ နာရီအကြီးကြီး ဆွဲကြိုးနဲ့ လက်ပတ်အကြီးကြီး ဝတ်ဆင်တတ်တဲ့အလေ့အကျင့်ရှိတယ်ဆိုရင် အခုကတည်းရှောင်ကြဉ်လိုက်ပါတော့။ အသုံးအဆောင်ပစ္စည်းအကြီးကြီးတွေက အမြင်ရှုပ်စေပြီး သင့်ခန္ဓာကိုယ် ပိန်သေးနေတာကို တမင်တကာမီးမောင်းထိုးပြနေသလိုပါပဲ။

ဆွဲသားဘောင်းဘီ၊ ဆွဲသားဂျင်းဘောင်းဘီတွေ ဝတ်ဆင်ခြင်း ရှောင်ကြဉ်ပါ

စောစောတုန်းကတော့ ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့အဝတ်အစားတွေဝတ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆွဲသားဘောင်းဘီတွေတော့ ဝတ်လို့မရပါဘူး။ ထိုဘောင်းဘီတွေက အသားနဲ့ကပ်နေပြီးတော့ သင့်ခြေသလုံး၊ ပေါင်လုံးတွေ သေးမှန်းသိသာပါတယ်။

ဒေါင်လိုက်အစင်းကြောင်း အင်္ကျီ၊ ဘောင်းဘီ မဝတ်ဆင်ပါနဲ့

ဖက်ရှင်စည်းမျဉ်းတွေအရ ဝတဲ့သူတွေက ပိန်တဲ့ပုံပေါက်ချင်ရင် ဒေါင်လိုက်အစင်းကြောင်း အဝတ်အစားတွေ ဝတ်ဆင်ကြရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ပိန်တဲ့သူတွေကတော့ ဒေါင်လိုက်အစင်းကြောင်းအင်္ကျီတွေထက် အလျားလိုက်အစင်းကြောင်းအင်္ကျီ၊ ဘောင်းဘီတွေ ဝတ်ဆင်ကြရပါမယ်။

Source: Unsplash.com

ဒီလောက်ဆိုရင်တော့ ဗလသိပ်မတောင့်တဲ့ကွီးတို့လည်း ဖက်ရှင်ကျအောင် ဘယ်လိုဝတ်စားဆင်ယင်သင့်သလဲဆိုတာကို သိသွားကြပြီးထင်ပါတယ်နော်။

Source: Theidleman.com