Relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုရှိဖို့အရေးကြီးသလို တစ်ယောက်ကိုတစ်ယောက် လေးစားမှုရှိဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့ သူနဲသာယာပျော်ရွှင်တဲ့ အချစ်ခရီးလမ်းကို့နှစ်တွေ အကြာကြီး ဖြတ်သန်းချင်တယ်ဆိုရင် အခုပြောပြမယ့်အချက်တွေကို လိုက်နာဖို့အကြံပြုချင်ပါတယ်။

(၁) နွေးထွေးမှုရှိပါစေ

Source : MindBodyGreen

ကိုယ့်ချစ်သူအပေါ် အနွေးထွေးဆုံးဆက်ဆံပေးပါ။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အားဆေးတစ်ခွက်အဖြစ် ရှိနေပေးပါ။ ပျော်ရွှင်နေတဲ့အချိန်မှာလည်း ကိုယ့်ရဲ့အပျော်တွေ ထပ်တူထပ်မျှကူးစက်ပျော်ရွှင်စေပါ။ တစ်ယောက်ကိုတစ်ယောက် ထွေးနွေးစွာဆက်ဆံခြင်းက သာယာတဲ့အချစ်ခရီးလမ်းတစ်ခုတည်ဆောက်ရာမှာ အရမ်းကို အရေးပါပါတယ်။

(၂) ယုံကြည်မှုတည်ဆောက်ပါ

Source : krbe.com

စုံတွဲတွေကြားမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုကိုအရမ်းကိုအရေးပါပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်နေမှလည်း ရေရှည်လက်တွဲဖို့ဆိုတာ ဖြစ်နိုင်မှာပါ။ အသေးဖွဲ့ကိစ္စလေးတွေကအစ ပွင့်ပွင့်လင်းလင်းပြောပြပါ။ ယုံကြည်မှုကို ဖြေးဖြေးချင်း တည်ဆောက်ပါ။

(၃) ပြဿနာဖြစ်လာရင်အကောင်းဆုံးဖြေရှင်းပါ

Source : dhirajrajmotivation.com

စုံတွဲတွေကြားမှာ ကတောက်ကဆဖြစ်ကြတယ်ဆိုတာဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့်ရန်ဖြစ်စကားများတဲ့အချိန်ကိုတက်နိုင်သလောက်တော့ ရှည်ကြာမလုပ်ဖို့နဲ့ အကောင်းဆုံးဖြေရှင်းဖို့ သတိပြုပါ။ ပြဿနာကိုအဖြေထွက်အောင်ဖြေရှင်းလိုက်ခြင်းက နှစ်ဦးသားဆက်ဆံရေးကို ကောင်းမွန်စေတဲ့အချက်တစ်ခုဖြစ်ပါတယ်။

(၄) စကားလုံးသုံးနှုန်းမှုသတိထားပါ

Source : medmark.com

စကားတွေက လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုအများကြီး ထိခိုက်သွားစေနိုင်တာကြောင့် ကိုယ့်ချစ်သူအပေါ် သုံးနှုန်းတဲ့စကားတွေကို ဂရုစိုက်ဖို့အရေးကြီးပါတယ်။ ရန်ဖြစ်တဲ့အခါဖြစ်ဖြစ် ဒေါသစိတ်ဖြစ်နေတဲ့အချိန်မှာဖြစ်ဖြစ် တစ်ဖက်လူကိုနာကျင်သွားစေမယ့် စကားမျိုးတွေကိုအတက်နိုင်ဆုံးရှောင်ပါ။ စိတ်ဆိုးနေတုန်းပြောလိုက်မိတဲ့ နာကျင်စရာစကားတွေဟာ သည်းခံနိုင်မှုအတိုင်း အတာကိုကျော်လွန်သွားရင်ရေရှည်လက်တွဲဖို့ မရေရာဖြစ်နိုင်ပါတယ်။