လူတိုင်းလူတိုင်းက အောင်မြင်မှုကို လိုချင်ကြတဲ့သူတွေချည်းပါပဲ။ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ စာဖတ်သူအနေနဲ့ ဘယ်အလုပ်ခွင် ဘယ်နယ်ပယ်ပဲရောက်ရောက် အောင်မြင်မှုရလဒ်တွေကိုခံစားချင်တယ်ဆိုရင်အခုပြောပြမယ့် အချက်တွေကိုလိုက်နာဖို့ လိုအပ်ပါတယ်။
(၁) အကောင်းဆုံးလုပ်ဆောင်ပါ

Source : Istock
ဘယ်နေရာ ဘယ်နယ်ပယ်ပဲရောက်ရောက် အကောင်းဆုံးလုပ်ဆောင်ခြင်းက အောင်မြင်မှုအတွက်လမ်းစတစ်ခုပါပဲ။ သင်အနေနဲ့ ကိုယ်လုပ်နိုင်တဲ့နေရာက အကောင်းဆုံးလုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုအကျိုးရလဒ်ကစောင့်ကြိုနေမှာပါ။ ဒါကြောင့် ဘာပဲလုပ်လုပ်အကောင်းဆုံးဖြစ်အောင်သာလုပ်ပါ။
(၂) လေ့လာသင်ယူပါ

Source : Shutterstock
လေ့လာသင်ယူမှုဆိုတာ ဘယ်တော့မှမရပ်တန့်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘဝမှာ ကိုယ်မကျွမ်းကျင်တဲ့အရာတွေ လေ့လာသင်ယူစရာတွေအများကြီးရှိတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ဘယ်နေရာပဲ ရောက်ရောက် လေ့လာမှုတွေနဲ့ မျက်ခြေမပျက်ရှိနေခြင်းက အောင်မြင်မှုရဲ့ သော့ချက်တစ်ခုပဲလို မှတ်ယူလို့ရပါတယ်။
(၃) မှတ်သားပါ

Source : Moneycontrol
ကိုယ်ထက်ဝါရင့်သူတွေ ကိုယ်ထက်ကျွမ်းကျင်သူတွေရဲ့ စကားတွေကိုအမြဲ မှတ်သားနာခံဖို့ အရေးကြီးပါတယ်။ အတွေ့အကြုံမရင့်သန်သေးတဲ့အချိန်မှာ ကိုယ်ထက်ကျွမ်းကျင်သူတွေစီကနေပဲ တစ်ဆင့်ပြန်လည် သင်ယူမှတ်သားရမှာပါ။ အသေးအမွှားကိစ္စလေးတွေကအစ သေချာဂရုတစိုက်မှတ်သားတက်တဲ့အကျင့်ကိုမွေးမြူထားရင် အောင်မြင်ဖို့ဆိုတာ အချိန်အတိုင်းအတာတခုအတွင်း ရရှိလာမှာသေချာပါတယ်။
(၄) စေ့စပ်သေချာမှုရှိပါစေ

Source : clickatlife
အလုပ်တစ်ခုကို ပြီးပြီးရောလုပ်တဲ့အကျင့်က အောင်မြင်မှုနဲ့ ဝေးကွားသွားစေတဲ့အကြာင်းအရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့်ဘာပဲလုပ်လုပ် စေ့စပ်သေချာမှုရှိြ့ခင်းကို ဦးစားပေးရင် အမှားဆိုတာ တော်ရုံမတွေ့ကြုံနိုင်တဲ့ အရာတစ်ခုဖြစ်လာမှာဖြစ်သလို အမှားရှိခဲ့ရင်တောင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့် ဘာပဲလုပ်လုပ် စေ့စပ်သေချာမှုရှိအောင် အမြဲဂရုစိုက်ဖို့အကြံပြုချင်ပါတယ်။
