ခါဘစ် နာမာဂိုမီဒေါ့ဗ်က ကယ်လ်ဗင် ကတ်တာကို စံချိန်တင်အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း မက်စ် ဟောလိုးဝေးဟာ တသက်တာအကောင်းဆုံးဖိုက်တာဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဟောလိုးဝေးဟာ UFC Fight Island 7 ရဲ့ အဓိကတွဲဆိုင်းမှာ ကတ်တာကို အနိုင်ယူခဲ့တာဖြစ်ပြီး ချက်ကောင်းထိတဲ့ ထိုးနှက်မှု ၄၄၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့အတွက် စနေနေ့မှာ ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ပေးခြင်းခံခဲ့ရတာဖြစပါတယ်။ ဟာဝိုင်ယီသား ဖိုက်တာဟာ MMA လောကရဲ့ မီဂါစတားကြီးဖြစ်တဲ့ ခါဘစ်အပါအဝင် နာမည်ကျော် ဖိုက်တာအများအပြားဆီကနေ ချီးကျူးမှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။

Photo: essentiallysports

ခါဘစ်က ဟောလိုးဝေးဟာ ကိုယ်ခံပညာလောကမှာ အကောင်းဆုံးဖိုက်တာတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီထက်ပိုမို ကောင်းမွန်လာပြီးတော့ တသက်တာအကောင်းဆုံးဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် မက်စ် အကြောင်း စဉ်းစားမိတယ်။ သူက MMA မှာ အကောင်းဆုံးဖိုက်တာထဲက တစ်ယောက် ဖြစ်နှင့်နေပြီးသားပါ။ သူက အကောင်းဆုံးတွေထဲကတစ်ဦးဖြစ်ပြီး တသက်တာအကောင်းဆုံး ဖယ်သာဝိတ်တန်းဖိုက်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါက သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်လို့ ကျွန်တော် ထင်တယ်”

“ကျွန်တော်တို့ မက်စ်ကို ကြည့်လိုက်တဲ့အခါမှာ သူက အသက်မကြီးသေးပေမယ့် UFC မှာ အများကြီး တိုက်ခိုက်ခဲ့ပြီးပြီ။ သူ့ရဲ့ အကောင်းဆုံးအချိန်က လာတော့မယ်လို့ ကျွန်တော် ထင်တယ်။ ခု မလာသေးတာပါ။ ဒီနှစ် ဒါမှမဟုတ် နောက်နှစ်ကတော့ သူ့ရဲ့ အကောင်းဆုံးအချိန် ဖြစ်လာတော့မှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်”

Photo: sportsnet

“သူ ချန်ပီယံဖြစ်တဲ့အချိန်မဟုတ်ပါဘူး။ သူ လုပ်ရမယ့်အရာအားလုံးကို အာရုံစိုက်ပြီး ဆက်လုပ်နေမယ်ဆိုရင် သူ့ရဲ့အချိန်တွေက ရောက်တော့ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။