လူတော်တော်များများက သူတို့ရဲ့ကလေးတွေ ကျန်းမာရေးကောင်းဖို့အတွက် သန့်ရှင်းသန့်ပြန့်တဲ့ ပတ်ဝန်းကျင် လိုအပ်တယ်လိုထင်ကြတယ်။ အံ့ဩစရာက ဒါဟာ အမှန်မဟုတ်ပါဘူး။ လေ့လာမှုတွေအရ အိမ်ပတ်ဝန်းကျင်က တစ်ချို့ဘတ်တီးရီးယားပိုးမွှားတွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို တိုးတတ်ကောင်းမွန်စေနိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေက ကလေးတွေကို သေးငယ်သောဇီဝသက်ရှိ တွေနဲ့ မိတ်ဆက်ပေးဖို့ရာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း လေ့လာမူတွေက ဖော်ပြထားကြပါတယ်။ ဘာကြောင့် ဒီလိုလုပ်သင့်သလဲဆိုတာကို ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

အိမ်မွေးတိရစ္ဆာန်တွေက ကလေးတွေရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးတယ်

Source: Veterinary Management

လေ့လာမှုတွေအရ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ခဏတာ အတူနေထိုင်တာတောင်မှ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။ ဥပမာ ခွေးတွေက ကလေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုစေနိုင်တဲ့ သေးငယ်သောဇီဝသက်ရှိတွေကို ကလေးတွေနဲ့ ထိတွေစေနိုင်ပါတယ်။

ဓာတ်မတည့်တာ (allergies) နဲ့ ပန်းနာရင်ကျပ် ရောဂါဖြစ်ခြင်းကို လျှော့ချပေးနိုင်တယ်

Source: Omlet

ပထမနှစ်အတွင်းမှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အတူနေခဲ့ကြတဲ့ ကလေးတွေမှာ ဓာတ်မတည့် (allergies)တဲ့ ရောဂါ အထူးသဖြင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တာကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုတွေက တွေ့ရှိထားကြတယ်။ အိမ်မွေးတိရစ္ဆာန်တွေနဲ့ တစ်အိမ်ထဲ အတူနေခဲ့ရတဲ့ ကလေးတွေမှာ ဓာတ်မတည့်ခြင်းရောဂါ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းလျှော့နည်းကြောင်းကို ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ကြတာပါ။ အလားတူပဲ ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ကျစေပါတယ်။ လေ့လာမူတွေအရ ကြောင်တွေနဲ့ အတူနေထိုင်ရတဲ့ မွေးကင်းစ ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါ နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေနည်းပါးကြောင်း တွေ့ရှိထားပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေနဲ့နေတဲ့ ကလေးတွေက ပိုပြီးကျန်းမာကြတယ်

Source: Toronto Star

အိမ်မွေးတိရစ္ဆာန်တွေ အထူးသဖြင့် ခွေးတစ်ကောင်မွေးထားခြင်းက ကလေးတွေကို လေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေး ရရှိစေပါတယ်။ လမ်းလျှောက်တာ (သို့) ကွင်းထဲမှာ ခွေးကလေးတွေနဲ့ ပြေးလွှားဆော့ကစားတာက ကလေးတွေကို ဖျော်ဖြေမူပေး နိုင်သလို ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။ လေ့လာမူတွေအရ ခွေးတွေနဲ့ လမ်းပုံမှန်လျှောက်ပေးလေ့ရှိသူတွေဟာ ပုံမှန်လူတွေထက် ပိုမိုကျန်းမာကြံ့ခိုင်ကြောင်း ဆိုထားပါတယ်။ ဒါကြောင့် ကလေးတွေကို နေ့တိုင်း လေ့ကျင့်ခန်းလုပ်ခိုင်းစေချင်ရင်တော့ အိမ်မွေးတိရစ္ဆာန်တကောင်ကောင် မွေးထားခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ့်။

စိတ်ဖိစီးမူ လျှော့ကျစေတယ်

Source: Almo Nature

စိတ်ဖိစီးမူက လူကြီးတွေသာမကပဲ ကလေးသူငယ်တွေမှာ လည်းတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်ပြီးသားလူတွေလိုတော့ စိတ်ဖိစီးမူကို ဘယ်လိုဖြေဖျောက်ရမလဲဆိုတာကိုတော့ သူတို့လေးတွေ မသိကြရှာဘူး။ ဒါကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ နည်းလမ်းကတော့ အိမ်မွေးတိရစ္ဆာန်တွေပါပဲ။ သူတို့တွေနဲ့ ထိတွေ့ဆက်ဆံခြင်းက စိတ်ဖိစီးမူကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ကျစေပြီး နှလုံးခုန်နှုန်းကိုလည်း လျှော့ကျစေနိုင်ကြောင်းလေ့လာမူတွေက ဖော်ပြထားကြတယ်။ ဒါကြောင့် အိမ်မွေးတိရစ္ဆာန်တွေကို စိတ်ရောဂါကုထုံး မှာမကြာခဏ အသုံးပြုကြလေ့ရှိတာပါ။