တရားဝင် အမိန့်ဥပဒေတွေ မရှိပေမယ့် လူတွေဟာ ကိုယ်ရောက်လာခဲ့တဲ့ လူ့အဖွဲ့အစည်းကို ပြန်ပြီး အကျိုးပြုဖို့ တာဝန်ရှိပါတယ်။ လူ့လောကကို စောင့်ရှောက်တယ်ဆိုရာမှာ သိပ်အကြီးကြီး လုပ်စရာမလိုဘဲနဲ့လည်း အကျိုးပြုလို့ရပါတယ်။ အခုပြောမယ့် လုပ်ရပ်လေးတွေက ရိုးရှင်းသလောက် လောကနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် ထိထိရောက်ရောက် အကျိုးဖြစ်စေမယ့် လုပ်ရပ်လေးတွေ ဖြစ်ပါတယ်။

(၁) လုပ်အားပေးအဖြစ် ပါဝင်ပါ

Young delivery men chatting before starting delivery

Photo: Freepik

ဘယ်လောက်ပဲ အလုပ်များများ တခြားသူတွေကို ကူညီဖို့ ကိုယ့်ရဲ့ အချိန်ကို စီမံထားသင့်ပါတယ်။ ကိုယ့်ရပ်ကွက် ၊ မြို့နယ်ထဲမှာ ရှိတဲ့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ရပ်ကွက် ၊ မြို့နယ်ရဲ့ သာရေးနာရေးမှာ ကူညီတာ ၊ NGO အဖွဲ့အစည်းတွေမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးတာမျိုး လုပ်နိုင်ပါတယ်။

(၂) တတ်စွမ်းသမျှ လှူဒါန်း ပေးကမ်းပါ

world-blood-donor-day-june-14th-hand-taking-blood-test-from-vein-donation-hemotransfusion-department-hospital-man-holds-bouncy-ball-form-heart-hand

Photo: Freepik

အများအတွက် အကျိုးများစေမယ့် စာကြည့်တိုက် ၊ ဆေးရုံ ၊ လူအိုရုံ နဲ့ ကလေးသူငယ်စောင့်ရှောက်ရေးလို နေရာမျိုးမှာ ကိုယ်တတ်နိုင်သမျှ ငွေကြေး ၊ အသုံးအဆောင်တွေ လှူတာမျိုးကလည်း လူ့လောကအတွက် အကျိုးပြုနေတာ ဖြစ်ပါတယ်။ ဒုက္ခရောက်နေသူတွေကို ကူညီတာလည်း အလှူလုပ်တာပါပဲ။ ပညာတော်ပြီး ကျောင်းဆက်တက်ဖို့ ခက်နေတဲ့ ကျောင်းသား/သူတွေအတွက် ထောက်ပံ့တာကလည်း ပညာပဒေသာပင် စိုက်ပေးတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး သွေးလှူတာမျိုးပါ လုပ်နိုင်ပါတယ်။

(၃) ဥယျာဉ်သစ်ပင် စိုက်ပျိုးပါ

close-up-strong-man-gloves-cutting-leaves-his-garden-farmer-spending-summer-morning-working-garden-near-countryside-house

Photo: Freepik

သစ်ပင် ပန်းပင်စိုက်တယ်ဆိုတာ အများအတွက် အလုပ်လုပ်နည်းတစ်မျိုးပါပဲ။ အခုခေတ်မှာ ရာသီဥတု ဖောက်ပြန်ပြီး ကမ္ဘာကြီးပူနွေးမှု ၊ သစ်ပင်ဝါးပင် ပြုန်းတီးလာမှုတွေနဲ့ ကြုံနေချိန်မှာ ကိုယ်ပိုင်မြေနေရာလွတ်တွေမှာ သစ်ပင်ဥယျာဉ်စိုက်တာဟာ ကမ္ဘာမြေကို စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး ကိုယ့်ခြံက ထွက်တဲ့ အသီးအနှံကို အိမ်နီးနားချင်းနဲ့ မိတ်ဆွေတွေဆီ မျှဝေနိုင်တာပါပဲ။

(၄) ကိုယ့်အသိပညာကို မျှဝေပါ

man teaching English online

Photo: Freepik

လူတိုင်းမှာ ကိုယ်ကျွမ်းကျင်ရာနဲ့ကိုယ် ရှိတတ်ပါတယ်။ ပညာရပ်ဆိုင်ရာတစ်ခုခု နှုတ်မှု/လက်မှု ကျွမ်းကျင်သူတစ်ယောက်ဟာ ကိုယ်တတ်ထားတာကို ပညာဒါနအနေနဲ့ တခြားသူတွေကို ပြန်သင်ပေးနိုင်ပါတယ်။ ပညာသင်ပေးတယ်ဆိုတာ လူတွေကို အတောင်တပ်ပေးတာ ဖြစ်ပါတယ်။ ပညာတတ်တဲ့သူတွေ များလေလေ လူ့လောကကို ပိုကောင်းအောင် ဖန်တီးနိုင်သူတွေ များသထက် များလာလေလေ ဖြစ်မှာပါ။