ယနေ့ခေတ်မှာ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ အသားအရေထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်ဖို့ စိတ်ဝင်စားလာကြပါတယ်။ ဒါပေမယ့် အလှအပဆိုင်ရာပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ အဆင်ပြေပါ့မလား ဓာတုပစ္စည်းတွေပါနေမလား စသည်ဖြင့်စဉ်းစားကြရတဲ့အပြင် ကုန်ကျစရိတ်ကလည်း အတိုင်းအတာတစ်ခုအထိရှိပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ကုန်ကျစရိတ်လည်း သက်သာပြီး အသားအရေးအတွက် ကောင်းကျိုးတွေများစွာရှိတဲ့ မီးဖိုချောင်ထဲမှာ အလွယ်တကူရှာတွေ့နိုင်တဲ့ အလှအပဆိုင်ရာဆိုင် သဘာဝပစ္စည်းများ အကြောင်းပြောပြပေးချင်ပါတယ်။
(၁) ဒိန်ချဉ်

Source : Food Network
ဒိန်ချဉ်မှာပါဝင်တဲ့ lactic အက်စစ်ဓာတ်က အရေပြားပေါ်မှာရှိတဲ့ ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးပြီး ဆဲလ်အသစ်များပြန်လည်မွေးဖွားပေးပါတယ်။ အသားအရေကိုသဘာဝအတိုင်းကြည်လင်ဝင်းမွတ်စေပြီး ဝက်ခြံတွေလည်းပျောက်ကင်းသက်သာစေပါတယ်။ အသုံးပြုနည်းကတော့ ဒိန်ချဉ်အနည်းငယ်ကို အုတ်နှင့်ရောမွေးပြီး မျက်နှာအနှံ့လိမ်းပြီး ဖြည်းညှင်းစွာနှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်နေရင်တော့ ရေကြက်သီးနွေးဖြင့် မျက်နှာသစ်လိုက်ပါ။
(၂) ရှားစောင်းလက်ပတ်

Source : eMediHealth
ရှားစောင်းလက်ပတ်ဟာ အသားအရေထိန်းသိမ်းခြင်းဆိုင်ရာမှာ လူသိများတဲ့ ပစ္စည်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဝက်ခြံ အညစ်အကြေးများ ရောင်ရမ်းခြင်း နေလောင်ဒဏ်နဲ့ အရေပြားခြောက်သွေ့ခြင်းစတဲ့ ပြဿနာတွေကိုလျော့ချပေးပြီး အသားအရေကို သဘာဝအတိုင်း ရေဓာတ်ဖြည့်တင်းပေးတဲ့ သဘာဝပစ္စည်းတစ်မျိုးဖြစ်ပါတယ်။အသုံးပြုနည်းကတော့ ရှားစောင်းလက်ပတ်ကို မျက်နှာအနှံ့ ပွတ်ပြီး ၁၅ မိနစ်လောက်အကြာမှာရေဆေးချလိုက်ပါ။
(၃) ခရမ်းချဉ်သီး

Source : Times of India
ခရမ်းချဉ်သီးမှာ Lycopene ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ၎င်းက အသားအရေရောင်ရမ်းခြင်းနဲ့ အရေပြားဆဲလ်များပျက်စီးခြင်း ကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးဟာ ချွေးပေါက်ပိတ်ခြင်းကိုသက်သာစေတဲ့အပြင် နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့အမဲစက်နှင့် ဝက်ခြံတွေကိုလည်း လျော့ပါးစေပါတယ်။ အသုံးပြုနည်းကတော့ ခရမ်းချဉ်သီးကို ပျားရည်အနည်းငယ်ရောစပ်ပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင်တော့ ရေအေးဖြင့် မျက်နှာသစ်လိုက်ပါ။
(၄) ပျားရည်

Source : West 5
ပျားရည်မှာ ဘက်တီးရီးယားပိုးမွှားတွေကိုကာကွယ်ပေးတဲ့ ဓာတ်တွေများစွာပါဝင်တာကြောင့် အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးပြီး သဘာဝအတိုင်းအသားအရေးကိုနူးညံ့ချောမွေ့စေပါတယ်။ အရေးပြားကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကိုလည်းထောက်ပံ့ပေးတာကြောင့် ဝက်ခြံတင်းတိတ် အမဲစက်နှင့် ချွေးပေါက်ပြဿနာတွေကာကွယ်ပေးမှာဖြစ်ပါတယ်။ အသုံးနည်းကတော့း ပျားရည်အနည်းငယ်ကို သံပရာသီးတစ်စိတ်ခန့်ညှစ်ထည့်ပြီး မျက်နှာအနှံ့လိမ်းကာ ညင်သာစွာနှိပ်နယ်ပေးပါ။ မိနစ် ၂၀ လောက်နေရင်တော့ ရေဆေးချလိုက်လို့ရပါပြီ။
