လီဗားပူးအသင်းအနေနဲ့တော့ ယခုအချိန်ဟာ တကယ်ကိုရင်ခုန်ဖို့ကောင်းနေပါပြီ။ မဆွတ်ခူးဖြစ်တာကြာခဲ့ပြီဖြစ်တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ယခုနှစ်မှာ အဆင့်တစ်နေရာကနေ စိန်ခေါ်လာရာကနေ ယခုအချိန်မှာတော့ ၁ မှတ်အကွာနဲ့မန်စီးတီးရဲ့ နောက်ကောက်ကျခြင်းကို ခံနေရတာလည်းဖြစ်ပါတယ်။ နည်းပြကလော့အနေနဲ့ဖိအားတွေရှိနေပြီလား။

Source: sky sports

ပရီးမီးယားလိဂ်ဆိုတဲ့ အမှတ်ပေးဇယားက ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ တကယ်ကို လူတိုင်းမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်နေကြပါ။ ဒီနှစ်ဇန်နီဝါရီ (၃) ရက်နေ့ကအထိ လီဗားပူက ချန်ပီယံဟောင်း မန်စီးတီးကို (၇) မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ နှစ်လဆိုတဲ့ အတောအတွင်းမှာ တော်တော်လေးပြောင်းလဲသွားတာလည်းဖြစ်ပါတယ်။

Source: sky sports

စီးတီးက လီဗာပူးကို (၂) ဂိုး (၁) ဂိုးဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရခဲ့တယ်။ သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာသရေပွဲတွေများခဲ့တယ်။ ယမန်နေ့ကယှဉ်ပြိုင်ခဲ့တဲ့မာဆေးဆိုဒ်ဒါဘီမှာ ကြိုးကြာနီတို့ ဂိုးမရှိသရေကျခဲ့ခြင်းဟာ နည်းပြ ကလော့ကို မာယာများတဲ့ ချန်ပီယံဆုအတွက် ဖိအားတွေအောက်ရောက်သွားစေသလားဆိုတဲ့အဖြေဟာ အားလုံးပဲစိတ်ဝင်စားနေကြတာပါ။

Source: sky sports

ထိုပွဲစဉ်မှာ နည်းပြကလော့ရဲ့မျက်နှာဟာ သိပ်ပြီးရွှင်လန်းဟန်မရှိဘဲ ဘောကောက်ကလေးတွေကို နှုတ်ဆက်ပြီး ချက်ချင်းဆိုသလို ကွင်းရဲ့ ဥမင်ကိုတန်းသွားခဲ့တာလည်းဖြစ်ပါတယ်။ သူအနေနဲ့တော့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ သူတို့အသင်းအနေနဲ့အကောင်းဆုံးကစားနိုင်ခဲ့ကြောင်း လေးပင်နေတဲ့ရာသီဥတုကြောင့်သာ သူတို့အသင်း တစ်မှတ်သာစုဆောင်းခဲ့နိုင်ကြောင်းပြောကြားခဲ့ပါတယ်။

Source: sky sports

ဒုတိယနေရာရောက်ရှိသွားမှု၊ အသင်းရဲ့ အဓိကကစားသမား မိုဟာမတ်ဆာလက်ခ်ျ ဂိုးပေါက်ပျောက်မှုတွေနဲ့ လီဗားပူးအသင်းတောင့်တနေတဲ့၊ လီဗာပူးပရိသတ်တွေတောင့်တနေတဲ့ ချန်ပီယံဆုကြီးနဲ့ ဒီနှစ်တော့နီးနိုင်မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရအောင်ဗျာ။