ဘာစီလိုနာနည်းပြသစ်ဖြစ်သူ ရော်နယ်ကိုးမန်းဟာ အသင်းရဲ့အဓိကတိုက်စစ်မူးဖြစ်သူ မက်ဆီကို အသင်းတွင် ဆက်ရှိနေစေရန် ဘယ်လိုစည်းရုံးရမလဲဆိုတာကို မသိသေးကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။

Source: Opera News

ဘာစီလိုနာအသင်းဟာ ဆက်တီရန်ကို နည်းပြအဖြစ်မှထုတ်ပယ်လိုက်ပြီး (၂) ရက်အကြာတွင် ရော်နယ်ကိုးမန်းကို နည်းပြအသစ်အဖြစ် ခန့်အပ်ခဲ့တာပါ။ ဘာစီလိုနာဟာ (၂၀၀၇-၂၀၀၈) နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြီးခဲ့သည့် ဘောလုံးရာသီက ဖလားလက်မဲ့ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မက်ဆီဟာ အသင်းပြောင်းဖို့ သတင်းတွေ ထက်လာခဲ့တာပါ။

Source: Barca Universal

“မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးတာကြောင့် ဘာစီလိုနာမှာပဲ ဆက်ရှိနေအုံးမှာပါ။ သူဟာ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော် သူနဲ့စကားပြောဖို့ လိုပါတယ်။ သူ့ကို အသင်းမှာဆက်ရှိနေဖို့အတွက် ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကိုတော့ မသိသေးဘူး။ သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ နည်းပြတိုင်းက သူ့လိုကစားသမားကိုလိုချင်ကြတယ်။ မက်ဆီအနေနဲ့လည်း အသင်းမှာကျွန်တော်နဲ့အတူ လက်တွဲပြီးအလုပ်လုပ်ဖို့ မျှော်လင့်ပါတယ်။” ဟု ကိုးမန်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

Source: Youtube

ရော်နယ်ကိုးမန်းဟာ (၁၉၈၉) ခုနှစ်မှ (၁၉၉၅) ခုနှစ်အထိ ဘာစီလိုနာအသင်းတွင် ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းအတွက် (၁၉၂) ပွဲအထိပါဝင်ကစားပေးထားပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ အမှတ်ပေးဖလား (၄) လုံးနဲ့ ဥရောပဖလား (၁) လုံးရရှိခဲ့ပါတယ်။