Photo Credit : LADbible
ကိုဖီဟာ ဒီပြိုင်ပွဲကို ဝင်ရောက်ဆင်နွှဲဖို့အတွက် လက်ရည်စစ်ပွဲတစ်ပွဲကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရသလို သူရဲ့ New Day အဖွဲ့သားနှစ်ယောက်ဖြစ်တဲ့ ဇေဗီယာဝုဒ်နဲ့ Big E တို့ကပါ ကိုဖီကို WWE Champion ပွဲမှာ ကစားနိုင်ရအောင် ကူညီပေးခဲ့ပါသေးတယ်။ ဒီပြိုင်ပွဲဟာ ကိုဖီရဲ့ WWE ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ်အဖြစ် One by One ဆင်နွှဲရတဲ့ WWE Champion ပွဲဖြစ်ခဲ့ရပြီးတော့ လက်ရှိချန်ပီယံ ဒင်နီရယ်ဘရိုင်ယန်ကိုလည်း အနိုင်ယူခဲ့တာမို့ WWE ခါးပတ်ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။
(Unicode)
၂၀၀၈ခုနှစ်ကနေ စတင်ပြီးတော့ WWE နယ်ပယ်ထဲကို စတင်ခြေချလာခဲ့တဲ့ နပမ်းသမား ကိုဖီကင်စတန်ကို WWE ပွဲတွေ မလွမ်တမ်းကြည့်ဖူးသူတိုင်း သိကြမှာပါ။ ပေါ့ပါးသွက်လက်ပြီး အမြင့်ကနေ ခုန်ချတိုက်ခိုက်တတ်တဲ့ ဂါနာနိုင်ငံနွယ်ဖွား ကိုဖီကင်စတန်ဟာ တနင်္ဂနွေနေ့က ကျင်းပသွားခဲ့တဲ့ Wrestlemania 35 ပြိုင်ပွဲကြီးမှာ WWE Champion ခါးပတ်ပိုင်ရှင် ဒင်နီရယ်ဘရိုင်ယန်နဲ့ ရင်ဆိုင်ခဲ့ပြီး အနိုင်ခဲ့ရတာကြောင့် WWE Champion ကို ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။
Photo Credit : LADbible
ကိုဖီဟယ ဒီပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲဖို့အတွက် လက်ရည်စစ်ပွဲတစ်ပွဲကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရသလို သူရဲ့ New Day အဖွဲ့သားနှစ်ယောက်ဖြစ်တဲ့ ဇေဗီယာဝုဒ်နဲ့ Big E တို့ကပါ ကိုဖီကို WWE Champion ပွဲမှာ ကစားနိုင်ရအောင် ကူညီပေးခဲ့ပါသေးတယ်။ ဒီပြိုင်ပွဲဟာ ကိုဖီရဲ့ WWE ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ်အဖြစ် One by One ဆင်နွဲရတဲ့ WWE Champion ပွဲဖြစ်ခဲ့ရပြီးတော့ လက်ရှိချန်ပီယံ ဒင်နီရယ်ဘရိုင်ယန်ကိုလည်း အနိုင်ယူခဲ့တာမို့ WWE ခါးပတ်ကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။
Photo Credit : MyJoyOnline.com
WWE ပရိသတ်ပေါင်းများစွာကလည်း သူတို့တွေကို ၁၁နှစ်ကာလပတ်လုံး အကောင်းဆုံး ဖျော်ဖြေနိုင်ခဲ့တဲ့ နပမ်းသမား ကိုဖီကင်စတန်လို WWE Champion ခါးပတ်လို ကြီးမားတဲ့ အောင်မြင်မှုမျိုး ရရှိစေချင်နေပြီး အခုလို ကိုဖီအောင်ပွဲခံနိုင်ခဲ့တာကိုလည်း Wrestlemania 35 ပြိုင်ပွဲကြီးကို ကျင်းပခဲ့တဲ့ MetLife ကွင်းကြီးထဲမှာ သွားရောက်ကြည့််ရှုသူတွေရော ကမ္ဘာ့အနှံအပြားက WWE ပရိသတ်တွေရောကပါ ပျော်ရွှင်ဝမ်းမြောက်နေခဲ့ရပါတယ်။ ကိုဖီဟာ WWE ကစားသမားဘဝတလျှောက်မှာ Intercontinental Champion ခါးပတ် ၊ United States Champion ခါးပတ်နဲ့ Tag Team Champion ခါးပတ်တွေကို ပိုင်ဆိုင်ခဲ့ဖူးပြီးတော့ အခုအချိန်မှသာ WWE ခါးပတ်ကို စတင်ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သူရဲ့ ပြိုင်ဘက်အသစ်က ဘယ်သူဖြစ်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါခင်ဗျာ။