Video Credit : Youtube
(Unicode)
ကွီးတို့ရေ ဒီတစ်ခေါက်တော့ဗျာ ကျနော်အခုတလောလေးကမှ ကြည့်ထားတဲ့ဇာတ်ကားတစ်ကားအကြောင်းနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်။ ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားရမှာလည်း ပြင်ပလောကမှာ ဖြစ်နေတဲ့အတိုင်းလိုမျိုးကို ခံစားရမှာပါ။ ဒီဇာတ်ကားရဲ့ နာမည်ကတော့ Kursk ပါခင်ဗျာ။
Photo Credit : Humble Bundle
Kursk ဆိုတာတော့ ရေငုပ်သဘောင်္တစ်စင်းရဲ့ နာမည်ပါ။ အတိအကျပြောရရင်တော့ ၂၀၀၀ခုနှစ် သြဂုတ်လ ၁၂ရက်နေ့မှာ ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်နေစဉ်အတွင်းမှာ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် နပ်မြှပ်ခဲ့ရတဲ့ ရေငုပ်သဘောင်္တစ်စင်းပါ။ ဒီရေငုပ်သဘောင်္ နပ်မြှပ်မှုဟာ ရေတပ်သားပေါင်း အယောက်တစ်ရာကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ Kursk ဇာတ်ကားကတော့ ဒီဖြစ်ရပ်ဆိုးကြီးကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားဖြစ်ပါတယ်။ ပါဝင်သူတွေကတော့ ရုပ်ရှင်ဝါသနာအိုး ကွီးတွေရင်းနှီးနေကြသူတွေပါ။ အဓိကမင်းသမီးနေရာမှာတော့ ဂျိမ်းစ်ဘွန်းရဲ့ Spectre မှာ ပါဝင်ခဲ့တဲ့ ပြင်သစ်မင်းသမီး လီအာဆေးဒူလ်က သရုပ်ဆောင်ထားခြဲ့့ပီး မင်းသားအဖြစ် The Danish Girl မှာ ဇာတ်ပို့မင်းသားအဖြစ် ပါဝင်ခဲ့သူ ဘယ်ဂျီယံ မက်သိုင်းယက်စ်ရှိုးနတ်စ်က သရုပ်ဆောင်ထားပါတယ်။
Video Credit : Youtube
ဇာတ်ကားအစမှာတော့ ပျင်းရိစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ခဲ့ပေမယ့်လည်း မိနစ်၂၀နောက်ပိုင်းလောက်ကနေစပြီး ရင်တမမနဲ့ ကြည့်ရတဲ့ Kursk ကို ကွီးတွေ သဘောကျမယ်ထင်ပါတယ်။ အစိုးရတွေ ပေါ့ဆမှုကနေ Kursk ရေငုပ်သဘောင်္ ပျောက်ကွယ်မှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီသဘောင်္မှာ တင်ဆောင်လာခဲ့တဲ့ တော်ပီဒိုဒုံးကျည်တွေရဲ့ အပူချိန်မြင့်မားလာမှုကနေ စတင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ကယ်ဆင်ရေးအဖွဲ့တွေရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးမှုကြောင့် ပင်လယ်သမုဒ္ဒရာအောက် ရောက်ရှိနေရတဲ့ ရေတပ်အဖွဲ့ဝင်တွေကပဲ မိမိကိုယ့်ကိုကိုယ် အသက်ရှင်သန်အောင် ခက်ခက်ခဲခဲ ကြိုးစားရပုံတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကျွန်တော်တော့ ဒီဇာတ်ကားကို သဘောကျမိပါတယ်ဗျာ။ ကွီးတွေလည်း ကြည့်ပြီးသွားရင် သဘောကျမိလိမ့်မယ်လို့ ယူဆမိလို့ ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးဗျာ။